တစ်စုံတစ်ယောက်၌ သေဒဏ်စီရင်ခြင်းခံထိုက်သောအပြစ်ရှိ၍ သေဒဏ်ခံပြီးနောက် သင်သည် ထိုသူကို သစ်တိုင်၌ ချိတ်ဆွဲထားလျှင်
တရားဟော 22:26 - မြန်မာ့စံမီသမ္မာကျမ်း မိန်းကလေးကိုမူ မည်သို့မျှမပြုရ။ ထိုမိန်းကလေး၌ သေဒဏ်ခံထိုက်သောအပြစ်မရှိ။ အကြောင်းမူကား ဤအမှုသည် တစ်စုံတစ်ယောက်က မိမိအိမ်နီးချင်းကို တိုက်ခိုက်ပြီး လူသတ်မှုကျူးလွန်သည့်အမှုနှင့်တူ၏။ Common Language Bible မိန်းမသည်သေထိုက်သောအပြစ်မကူးလွန် သဖြင့် သူ့အားဒဏ်မစီရင်စေရ။ ဤအမှု သည်ယောကျာ်းတစ်ဦးက အခြားတစ်ဦးကို ခိုက်ရန်ပြု၍သတ်သောအမှုကဲ့သို့ဖြစ် သည်။- Garrad Bible မိန်း မ မှာ မူ၊ သေ ဒဏ် ခံ ထိုက် သော ပြစ် မှု ကို မ ပြု သော ကြောင့်၊ ကင်း လွတ် စေ။ တော အ ရပ်၌ အ တွေ့ ခံ ရ သော မိန်း မ အော် သော် လည်း၊ ကယ် သူ မ ရှိ သည့် အ တွက် ထို အ မှု သည်၊ သူ တစ် ပါး ကို အ သေ သတ် သော လက် ရောက် မှု နှင့် တူ သ တည်း။ Judson Bible သေထိုက်သောအပြစ် မရှိသောထိုမိန်းမကို သင်သည် အဘယ်သို့မျှမပြုရ။ |
တစ်စုံတစ်ယောက်၌ သေဒဏ်စီရင်ခြင်းခံထိုက်သောအပြစ်ရှိ၍ သေဒဏ်ခံပြီးနောက် သင်သည် ထိုသူကို သစ်တိုင်၌ ချိတ်ဆွဲထားလျှင်
ယောက်ျားတစ်ယောက်သည် စေ့စပ်ထားသည့်မိန်းကလေးကို လူသူကင်းသောအရပ်၌တွေ့၍ ထိုယောက်ျားသည် သူ့ကိုဖမ်းချုပ်ပြီး သူနှင့်အိပ်လျှင် ထိုမိန်းကလေးနှင့်အိပ်သောယောက်ျားကိုသာ သတ်ရမည်။
အဘယ်ကြောင့်ဆိုသော် ထိုယောက်ျားသည် စေ့စပ်ထားသည့်မိန်းကလေးကို လူသူကင်းသောအရပ်၌ တွေ့သောအခါ မိန်းကလေးသည် အော်ဟစ်သော်လည်း သူ့ကိုကယ်မည့်သူမရှိသောကြောင့်ဖြစ်၏။