သူတို့သည် မိမိတို့ပြုသမျှသောအမှုတို့ကို လူတို့မြင်စေရန်သာပြုကြ၏။ အကြောင်းမူကား သူတို့သည် မိမိတို့၏ကျမ်းလက်ဖွဲ့အဆောင်များကိုကြီးစွာလုပ်၍ ဝတ်ရုံပန်းဖွားများကို ရှည်လျားစွာထားကြ၏။
တရားဟော 22:12 - မြန်မာ့စံမီသမ္မာကျမ်း သင်ခြုံသောခြုံထည်၏ထောင့်စွန်းလေးထောင့်တွင် ပန်းဖွားများ တပ်ရမည်။ Common Language Bible ``သင်၏ခြုံထည်ထောင့်လေးထောင့်တွင်ပန်း ပွားများတပ်ဆင်ရမည်။ Garrad Bible ခြုံ ထည် အ မြိတ် လေး ထောင့်၌ ပန်း ပွား များ ကို လုပ်၍ တပ် လော့။ Judson Bible သင်ခြုံသောအဝတ်စွန် လေးဘက်၌ ပန်းပွားတို့ကိုဆွဲရမည်။ |
သူတို့သည် မိမိတို့ပြုသမျှသောအမှုတို့ကို လူတို့မြင်စေရန်သာပြုကြ၏။ အကြောင်းမူကား သူတို့သည် မိမိတို့၏ကျမ်းလက်ဖွဲ့အဆောင်များကိုကြီးစွာလုပ်၍ ဝတ်ရုံပန်းဖွားများကို ရှည်လျားစွာထားကြ၏။
ထိုအခါ တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲကပ်နေသောအမျိုးသမီးတစ်ဦးသည် “ကိုယ်တော်၏ဝတ်ရုံတော်ကို တို့ထိရလျှင်ပင် ရောဂါပျောက်ကင်းလိမ့်မည်”ဟု မိမိစိတ်ထဲ၌ဆိုလျက် ကိုယ်တော်၏နောက်တော်သို့ချဉ်းကပ်ပြီး ဝတ်ရုံတော်၏ပန်းဖွားကို တို့ထိလေ၏။