ထို့နောက် သူတို့က ‘ငါတို့၏လက်သည် ဤသွေးကိုမသွန်း၊ ငါတို့၏မျက်စိသည်လည်း ဤအမှုကိုမမြင်။
`အကျွန်ုပ်တို့သည်ထိုသူကိုမသတ်ပါ။ မည်သူသတ်သည်ဟူ၍အကျွန်ုပ်တို့မသိ ပါ။-
ငါ တို့ သည် ဤ သွေး သွန်း မှု ကို လက် ရောက် မ ပြု။ မြင် လည်း မ မြင် ပါ။
ငါတို့လက်သည် ဤအသွေးကို မသွန်း၊ ငါတို့မျက်စိသည် မမြင်။
ရှောလုမင်းကြီး၏အရိုက်အရာကို လုယူ၍နန်းစံပြီး ရှောလုမင်းကြီး၏အိမ်သူအိမ်သားအား သတ်သောအပြစ်ကို ထာဝရဘုရားသည် သင့်အား ပြန်ပေးဆပ်စေပြီ။ နိုင်ငံတော်ကိုလည်း သင့်သားအဗရှလုံလက်သို့ ထာဝရဘုရားအပ်တော်မူပြီ။ သင်သည် လူသတ်သမားဖြစ်သောကြောင့် သင်ပြုသောမကောင်းမှုကို သင်ပြန်ခံရတော့မည်”ဟု ကျိန်ဆဲလေ၏။
သွေးသည် ပြည်ကို ညစ်ညူးစေသည်ဖြစ်၍ သင်တို့နေထိုင်သောပြည်ကို မညစ်ညူးစေရ။ ပြည်၌ သွန်းသောသွေးအတွက် သွေးသွန်းသောသူ၏သွေးမှတစ်ပါး ထိုပြည်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုမပြုနိုင်။
အသတ်ခံရသောသူနှင့်အနီးဆုံးမြို့ရှိသက်ကြီးဝါကြီးအပေါင်းတို့သည် ချိုင့်ဝှမ်း၌လည်ပင်းချိုးခဲ့သောနွားမတမ်းအပေါ်၌ မိမိတို့လက်ကို ဆေးချရမည်။
အို ထာဝရဘုရား၊ ကိုယ်တော်ရွေးနုတ်တော်မူသော ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့၏အပြစ်ကိုဖြေလွှတ်တော်မူပါ။ အပြစ်မဲ့သောသူအားသတ်သောအပြစ်ကို ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့အပေါ် ကျရောက်စေတော်မမူပါနှင့်’ဟု လျှောက်ဆိုရမည်။ ထိုအခါ ကိုယ်တော်သည် လူသတ်သောအပြစ်ကို ဖြေလွှတ်တော်မူမည်။