Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 21:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 အို ထာဝရဘုရား​၊ ကိုယ်တော်​ရွေးနုတ်​တော်မူ​သော ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​၏​အပြစ်​ကို​ဖြေလွှတ်​တော်မူ​ပါ​။ အပြစ်မဲ့​သော​သူ​အား​သတ်​သော​အပြစ်​ကို ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​အပေါ် ကျရောက်​စေ​တော်​မ​မူ​ပါ​နှင့်​’​ဟု လျှောက်ဆို​ရ​မည်​။ ထိုအခါ ကိုယ်တော်​သည် လူသတ်​သော​အပြစ်​ကို ဖြေလွှတ်​တော်မူ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​အီဂျစ်​ပြည် မှ​ကယ်​တင်​ခဲ့​သော ဣ​သ​ရေ​လ​လူ​မျိုး​၏ အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​၏ အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ။ အ​ပြစ်​မဲ့​သူ တစ်​ယောက်​ကို​သတ်​သော​အ​ပြစ်​သည် အ​ကျွန်ုပ် တို့​အ​ပေါ်​တွင်​မ​ကျ​ရောက်​ပါ​စေ​နှင့်' ဟု ဆို​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 အို ထာ ဝ ရ ဘု ရား၊ ရွေး နုတ် တော် မူ ခဲ့ သော ဣ သ ရေ လ လူ မျိုး တော် ကို ချမ်း သာ ပေး၍၊ လူ မျိုး တော် ဘောင် တွင် အ ပြစ် ကင်း သူ၏ သွေး သွန်း ပြစ် ကို ထား တော် မ မူ ပါ လင့် ဟု တောင်း လျှောက် ကြ သည့် အ တိုင်း သွေး သွန်း ပြစ် ချမ်း သာ ရ ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 အို​ထာ​ဝ​ရ​ဘု​ရား၊ ရွေး​တော်​မူ​သော ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ကို သ​နား​တော်​မူ​ပါ။ မ​သေ​ထိုက်​သော​သူ​ကို သတ်​သော​အ​ပြစ်​သည် ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါ်​သို့ ရောက်​စေ​တော်​မ​မူ​ပါ​နှင့်​ဟု မြွက်​ဆို​ရ​ကြ​မည်။ သို့​ပြု​လျှင် အ​သက်​ကို​သတ်​သော အ​ပြစ်​လွတ်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 21:8
13 ပူးပေါင်းရင်းမြစ်များ  

နောက်မှ ထို​အကြောင်း​ကို ဒါဝိဒ်​မင်းကြီး ကြား​သောအခါ “​နေရ​၏​သား အာဗနာ​ကို​သတ်​သည့်​အမှု​နှင့်​ပတ်သက်၍ ငါ​နှင့် ငါ့​ပြည်သူပြည်သား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ အစဉ်​အပြစ်​ကင်းလွတ်​၏​။


ထိုအခါ ရှင်ဘုရင်​က “​သူ​ပြော​သည့်​အတိုင်း ပြု​ပါ​။ သူ့​ကို ကွပ်မျက်​ပြီး သင်္ဂြိုဟ်​လိုက်​ပါ​။ သို့ပြုလျှင် အကျွန်ုပ်​နှင့်​အကျွန်ုပ်​၏​ခမည်းတော်​အမျိုးအနွယ်​သည် ယွာဘ​က​အကြောင်းမရှိ​ဘဲ လူ​အသက်သတ်​ခဲ့​သော​အပြစ်​များ​နှင့် ကင်းဝေး​လိမ့်မည်​။


မနာရှေ​မင်းကြီး​သည် အပြစ်ကင်း​သော​သူ​တို့​ကို​သတ်​၍ ဂျေရုဆလင်​မြို့​တွင် အပြစ်ကင်း​သော​သူ​တို့​၏​သွေး​နှင့် ပြည့်​စေ​သောကြောင့် ထာဝရဘုရား​သည် သူ့​ကို ခွင့်လွှတ်​ရန် အလို​တော်​မ​ရှိ​။


မည်သူ​သည် မိမိ​၏​အမှား​များ​ကို သိနားလည်​နိုင်​ပါ​သနည်း​။ ကွယ်ဝှက်​နေ​သော​အပြစ်​များ​နှင့် အကျွန်ုပ်​ကို​ကင်းလွတ်​စေ​တော်မူ​ပါ​။


အကယ်စင်စစ် ဤ​စကား​အလုံးစုံ​ကို သင်​တို့​အား​ကြားပြော​ရန် ထာဝရဘုရား ငါ့​ကို​စေလွှတ်​တော်မူ​သည်​ဖြစ်၍ ငါ့​ကို​သတ်​လျှင် သင်​တို့​နှင့်တကွ ဤ​မြို့​နှင့်​မြို့သူမြို့သား​တို့​သည် အပြစ်မဲ့​သော​သူ​အား သတ်​သော​အပြစ်​သင့်​လိမ့်မည်​ကို သိမှတ်​ကြ​လော့​”​ဟု ဆို​၏​။


သူ​တို့​သည် အီဂျစ်​ပြည်​တွင် အပျိုဖြန်းဘဝ​ကတည်းက ပြည့်တန်ဆာအလုပ်​ကို လုပ်​ကြ​၏​။ သူ​တို့​၏​သားမြတ်​ကို အပွတ်သပ်ခံ​ပြီး သူ​တို့​၏​အပျိုရည်​ကို ပျက်စီး​စေ​ကြ​၏​။


ထာဝရဘုရား​၏​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အရှေ့​တွင် ထာဝရဘုရား​ထံ ပူဇော်​ရန် ပူဇော်သက္ကာ​အဖြစ် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​သို့ မ​ယူဆောင်​ခဲ့​လျှင် ထို​သူ​၌ အသက်သတ်​သော​အပြစ်​ရှိ​သည်​ဟု မှတ်ယူ​ရ​မည်​။ ထို​သူ​သည် အသက်သတ်​သည်​ဖြစ်၍ သူ​သည် မိမိ​လူမျိုး​ထဲ​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။


ထိုအခါ သူ​တို့​က “​အို ထာဝရဘုရား​၊ ဤ​သူ​၏​အသက်​ကြောင့် အကျွန်ုပ်​တို့​ကို​ပါ ဖျက်ဆီး​တော်​မ​မူ​ပါ​နှင့်​။ အပြစ်မဲ့​သော​သူ​အား သတ်​သော​အပြစ်​ကို အကျွန်ုပ်​တို့​အပေါ် ကျရောက်​စေ​တော်​မ​မူ​ပါ​နှင့်​။ ထာဝရဘုရား​၊ ကိုယ်တော်​သည် အလို​တော်​အတိုင်း ပြု​တော်မူ​ပါ​ပြီ​”​ဟု ထာဝရဘုရား​ထံ အော်ဟစ်​ပြောဆို​ကြ​၏​။


သို့ဖြစ်၍ ဖြောင့်မတ်​သော​သူ အာဗေလ​၏​သွေး​မှစ၍ ဗိမာန်​တော်​နှင့်​ယဇ်ပလ္လင်​ကြား​တွင် သင်​တို့​သတ်​ခဲ့​သော ဗာရခိ​၏​သား ဇာခရိ​၏​သွေး​တိုင်အောင် မြေကြီး​ပေါ်၌ သွန်းလောင်း​ခြင်း​ခံရ​သည့် ဖြောင့်မတ်​သော​သူ​တို့​၏​သွေး​ကြွေး​ရှိသမျှ​သည် သင်​တို့​အပေါ်သို့ ကျရောက်​လိမ့်မည်။


ထို့နောက် သူ​တို့​က ‘​ငါ​တို့​၏​လက်​သည် ဤ​သွေး​ကို​မ​သွန်း​၊ ငါ​တို့​၏​မျက်စိ​သည်​လည်း ဤ​အမှု​ကို​မ​မြင်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ