ယေရမိအား ရေတွင်းထဲသို့ ပစ်ချကြောင်းကို ဘုရင့်နန်းတော်ရှိ အီသီယိုးပီးယားအမျိုးသား မိန်းမစိုး ဧဗဒမေလက်ကြားသိလျှင် ဗင်္ယာမိန်တံခါး၌ ရှင်ဘုရင်ထိုင်နေစဉ်
တရားဟော 21:19 - မြန်မာ့စံမီသမ္မာကျမ်း သူ၏မိဘသည် သူ့ကို မြို့တံခါး၌ရှိသော သက်ကြီးဝါကြီးများထံသို့ ဖမ်းချုပ်ခေါ်ဆောင်လာရမည်။ Common Language Bible မိဘတို့သည်ထိုသားကိုမြို့၏အကြီး အကဲတို့ထံတွင်အစစ်ဆေးခံစေရမည်။- Garrad Bible မိ ဘ တို့ သည်၊ ထို သား ကို မြို့ ရွာ လူ ကြီး တို့ ရှိ ရာ တံ ခါး ဝ အ နီး သို့ ဆွဲ ငင် ခေါ် ဆောင် လျက်၊ Judson Bible မိဘတို့သည် ထိုသားကို ဆွဲကိုင်၍၊ မြို့၌ အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့ဆောင်ခဲ့ပြီးလျှင်၊ |
ယေရမိအား ရေတွင်းထဲသို့ ပစ်ချကြောင်းကို ဘုရင့်နန်းတော်ရှိ အီသီယိုးပီးယားအမျိုးသား မိန်းမစိုး ဧဗဒမေလက်ကြားသိလျှင် ဗင်္ယာမိန်တံခါး၌ ရှင်ဘုရင်ထိုင်နေစဉ်
တစ်စုံတစ်ဦးသည် ပရောဖက်ပြုဟောပြောနေသေးလျှင် သူ့ကိုဖြစ်ပွားစေသော သူ့မိဘတို့က ‘သင်သည် ထာဝရဘုရား၏နာမတော်ကို အမှီပြု၍ မဟုတ်မမှန်ဟောပြောသောကြောင့် အသက်ချမ်းသာရာရမည်မဟုတ်’ဟု ဆို၍ သူ့ကိုဖြစ်ပွားစေသောမိဘကိုယ်တိုင်က ထိုသူပရောဖက်ပြုဟောပြောသောအခါ သူ့ကို ထိုးသတ်လိမ့်မည်။
သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောမြို့ရှိသမျှတို့တွင် တရားသူကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများကို မျိုးနွယ်အလိုက် သင်ခန့်ထားရမည်။ သူတို့သည် လူတို့ကို ဖြောင့်မတ်စွာတရားစီရင်ရမည်။
တစ်စုံတစ်ယောက်၌ မိဘစကား နားမထောင်၊ မိဘဆုံးမသည်ကိုလည်း မနာခံဘဲ ခေါင်းမာ၍ဖီဆန်သောသားရှိလျှင်
သက်ကြီးဝါကြီးနှင့်တရားသူကြီးတို့သည်လာ၍ အသတ်ခံရသောသူနှင့် ပတ်ပတ်လည်ရှိမြို့များ၏အကွာအဝေးကို တိုင်းတာရမည်။
သူတို့သည် မြို့၏သက်ကြီးဝါကြီးတို့အား ‘အကျွန်ုပ်တို့၏သားသည် ခေါင်းမာ၍ဖီဆန်သောသူဖြစ်ပါ၏။ သူသည် အကျွန်ုပ်တို့၏စကားကို နားမထောင်၊ အစားကြူးသောသူ၊ သေသောက်ကြူးသောသူဖြစ်ပါ၏’ဟု ပြောပြရမည်။
ထိုယောက်ျားသည် မရီးကိုမယူလိုလျှင် မရီးသည် သက်ကြီးဝါကြီးတို့ရှိရာ မြို့တံခါးသို့သွား၍ ‘ကျွန်မ၏မတ်သည် အစ္စရေးလူမျိုးထဲ၌ သူ့အစ်ကို၏အမည်ဆက်ရှိနေစေရမည်ကို သူမပြုလိုပါ။ သူသည် ကျွန်မအပေါ်၌ မတ်တစ်ယောက်၏တာဝန်ကိုမယူလိုပါ’ဟု ပြောကြားရမည်။