ယာကုပ်သည် ရာခေလကိုချစ်သောကြောင့် “ဦးရီး၏သမီးအငယ်ရာခေလကိုရဖို့ ဦးရီးကို ခုနစ်နှစ်အစေခံပါမည်”ဟု ဆို၏။
တရားဟော 21:15 - မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ယောက်၌ မယားနှစ်ယောက်ရှိပြီး တစ်ယောက်ကိုချစ်၍ အခြားတစ်ယောက်ကိုမုန်း၏။ အချစ်ခံရသောမယားနှင့် အချစ်မခံရသောမယားတို့သည် သူ့အတွက် သားများကို မွေးဖွားသောအခါ အမုန်းခံရသောမယား၏သားသည် သားဦးဖြစ်လျှင် Common Language Bible ``အကယ်၍ယောကျာ်းတစ်ဦးတွင်မယားနှစ် ယောက်ရှိလျှင် မယားနှစ်ယောက်စလုံးတွင် သားယောကျာ်းများဖွားမြင်အံ့။ သားဦးသည် သူပို၍ချစ်သောမယား၏သားမဟုတ်။- Garrad Bible အ ကယ်၍ လူ တစ် ဦး၌၊ မေတ္တာ ရှိ၊ မေ တ္တာ မဲ့ မ ယား နှစ် ယောက် ရှိ ရာ၊ ထို နှစ် ယောက် ဖွား မြင် သော သား များ အ နက် သား ဦး သည်၊ မေ တ္တာ မဲ့ သူ၏ သား ဖြစ် လျှင်၊ Judson Bible လင်ချစ်သော မယား၊ မုန်းသော မယားနှစ်ယောက်တို့သည် သားကိုဖွား၍၊ အဦးဖွားသောသားသည် မုန်းသောမယား၏သားဖြစ်လျှင်၊ |
ယာကုပ်သည် ရာခေလကိုချစ်သောကြောင့် “ဦးရီး၏သမီးအငယ်ရာခေလကိုရဖို့ ဦးရီးကို ခုနစ်နှစ်အစေခံပါမည်”ဟု ဆို၏။
ထို့ကြောင့် ယာကုပ်သည် ရာခေလကိုရရန်အတွက် ခုနစ်နှစ်အစေခံလေ၏။ သူသည် ရာခေလကိုချစ်သောကြောင့် ထိုခုနစ်နှစ်သည် သူ့အတွက် ရက်အနည်းငယ်ကဲ့သို့ဖြစ်၏။
သူသည် နောက်တစ်ဖန်ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွားသော် “ငါအမုန်းခံရသည်ကို ထာဝရဘုရားကြားသောကြောင့် ဤသားကိုလည်း ငါ့အားပေးသနားတော်မူပြီ”ဟု ဆိုလျက် ထိုသား၏အမည်ကို ရှိမောင် ဟုမှည့်ခေါ်လေ၏။
ရောဗောင်မင်းကြီးသည် မာခါ၏သားတော်အဘိယကို မင်းမြှောက်ရန် အကြံအစည်ရှိသဖြင့် မင်းညီမင်းသားများထဲတွင် သူ့ကို ခေါင်းဆောင်အဖြစ် ခန့်ထား၏။
ဖခင်သည် မိမိ၌ရှိသောအရာကို မိမိသားတို့အား အမွေခွဲပေးသောနေ့တွင် သားဦးဖြစ်သူအချစ်မခံရသောမယား၏သားနေရာ၌ အချစ်ခံရသောမယား၏သားကို သားဦးအရိုက်အရာပေးခွင့်မရှိ။
ထိုသူ၌ မယားနှစ်ယောက်ရှိ၏။ တစ်ယောက်၏အမည်မှာ ဟန္နဖြစ်ပြီး နောက်တစ်ယောက်၏အမည်မှာ ပေနိန္နဖြစ်၏။ ပေနိန္န၌ သားသမီးရှိ၏။ ဟန္န၌ကား သားသမီးမရှိချေ။