ဒါဝိဒ်မင်းကြီးသည် မိမိနှင့်အတူပါလာသောလူတို့ကို ရေတွက်ပြီး သူတို့ကို အုပ်ချုပ်ရန် လူတစ်ထောင်အုပ်၊ လူတစ်ရာအုပ်တို့ကို ခန့်ထား၏။
တရားဟော 20:9 - မြန်မာ့စံမီသမ္မာကျမ်း ကြီးကြပ်အုပ်ချုပ်သူတို့သည် စစ်သည်တို့အား ပြောကြားပြီးနောက် စစ်သည်တို့အထက်၌ တပ်ဖွဲ့၏အကြီးအကဲများကို ခန့်ထားရမည်။ Common Language Bible စစ်ဗိုလ်များကတပ်သားတို့အားပြောဆိုပြီး နောက်တပ်ခွဲတစ်ခုစီမှခေါင်းဆောင်များကို ရွေးချယ်ခန့်ထားရမည်။ Garrad Bible ရဲ မက် တို့ အား မိန့် ဆို သည့် အ ဆုံး၌ ရဲ မက် တို့ အ ပေါ် တွင် ဗိုလ် မှူး များ ကို ခန့် ထား ကြ လော့။ Judson Bible ဗိုလ်တို့သည် လူများတို့အား ထိုသို့ပြောပြီးမှ တပ်မှူးတို့သည် လူများကို စစ်ချီစေရကြမည်။ |
ဒါဝိဒ်မင်းကြီးသည် မိမိနှင့်အတူပါလာသောလူတို့ကို ရေတွက်ပြီး သူတို့ကို အုပ်ချုပ်ရန် လူတစ်ထောင်အုပ်၊ လူတစ်ရာအုပ်တို့ကို ခန့်ထား၏။
သင်သည် မြို့တစ်မြို့ကို တိုက်ခိုက်ရန် ထိုမြို့အနီးသို့ချဉ်းကပ်သောအခါ ထိုမြို့အား ဦးစွာ ငြိမ်းချမ်းရေးယူရန် ဟစ်ကြော်ရမည်။
ကြီးကြပ်အုပ်ချုပ်သူတို့သည် စစ်သည်တို့အား ‘ကြောက်တတ်သောသူ၊ စိတ်မခိုင်သောသူတစ်စုံတစ်ယောက်ရှိသလော။ ထိုသူကို မိမိအိမ်သို့ပြန်သွားစေ။ သို့မဟုတ်လျှင် ထိုသူသည် မိမိကဲ့သို့ မိမိညီအစ်ကိုတို့ကို စိတ်ပျက်အားလျော့စေလိမ့်မည်’ဟု ဆက်၍ပြောကြားရမည်။