စပျစ်ခြံစိုက်ပျိုး၍ ခြံထွက်စပျစ်သီးမစားရသေးသောသူတစ်စုံတစ်ယောက်ရှိသလော။ ထိုသူကို မိမိအိမ်သို့ပြန်သွားစေ။ သို့မဟုတ် သူသည် စစ်ပွဲ၌ ကျဆုံးလျှင် အခြားသူသည် ထိုစပျစ်သီးကိုစားလိမ့်မည်။
သင်တို့တွင်စပျစ်ခြံကိုစိုက်၍အသီးကိုမစု သိမ်းရသေးသူရှိသလော။ ရှိလျှင်ထိုသူသည် အိမ်သို့ပြန်စေ။ သို့မဟုတ်လျှင်အကယ်၍သူ သည်တိုက်ပွဲတွင်ကျဆုံးခဲ့သော် အခြားသူ တစ်ယောက်ကခြံထွက်စပျစ်သီးကိုစားရ လိမ့်မည်။-
စ ပျစ် ခြံ ကို စိုက် ပျိုး လျက် မ သုံး စား ရ သေး သူ ရှိ လျှင်၊ စစ် ရေး၌ ကျ ဆုံး သ ဖြင့်၊ သူ တစ် ပါး မ သုံး စား ရ စေ ခြင်း ငှါ၊ အိမ် သို့ ပြန် သွား စေ။
စပျစ်ဥယျာဉ်ကိုစိုက်၍ စပျစ်သီးကို မစားရသေးသောသူရှိလျှင်၊ မိမိအိမ်သို့ ပြန်သွားပါလေစေ။ သို့မဟုတ် စစ်တိုက်ရာတွင်သေ၍ အခြားသောသူသည် ထိုစပျစ်သီးကို စားလိမ့်မည်ဟု စိုးရိမ်စရာရှိ၏။
သူတို့ဆောက်သောအိမ်၌ အခြားသူ နေရမည်မဟုတ်။ သူတို့စိုက်သောစပျစ်သီးကိုလည်း အခြားသူစားရမည်မဟုတ်။ ငါ့လူတို့၏သက်တမ်းသည် သစ်ပင်၏သက်တမ်းတမျှ ရှည်မည်။ ငါရွေးချယ်သောသူတို့သည် သူတို့လက်ဖြင့်လုပ်ဆောင်သောအရာကို ရေရှည်အကျိုးခံစားရမည်။
သင်သည် ရှမာရိတောင်ပေါ်တွင် စပျစ်ခြံကို ပြန်လည်စိုက်ပျိုးရလိမ့်မည်။ စိုက်ပျိုးသောသူတို့သည် အသီးကို စားရလိမ့်မည်။
သူတို့၏ဥစ္စာပစ္စည်းသည် လုယက်ပစ္စည်းဖြစ်လိမ့်မည်။ သူတို့၏အိမ်များသည်လည်း လူသူကင်းမဲ့လိမ့်မည်။ အိမ်ကိုဆောက်သော်လည်း နေရမည်မဟုတ်၊ စပျစ်ခြံစိုက်သော်လည်း စပျစ်ဝိုင်ကို သောက်ရမည်မဟုတ်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
မည်သူသည် မိမိစရိတ်ဖြင့် စစ်မှုထမ်းဖူးသနည်း။ မည်သူသည် စပျစ်ခြံကိုစိုက်ပျိုးပြီး ၎င်း၏အသီးကို မစားဘဲနေသနည်း။ သို့မဟုတ် မည်သူသည် သိုးအုပ်ကိုထိန်းကျောင်းပြီး သိုးတို့၏နို့ကို မသောက်ဘဲနေသနည်း။
ကြီးကြပ်အုပ်ချုပ်သူတို့ကလည်း စစ်သည်တို့အား ‘အိမ်အသစ်ဆောက်၍ မဆက်ကပ်ရသေးသောသူတစ်စုံတစ်ယောက်ရှိသလော။ ထိုသူကို မိမိအိမ်သို့ပြန်သွားစေ။ သို့မဟုတ်လျှင် သူသည် စစ်ပွဲ၌ ကျဆုံးလျှင် အခြားသူသည် ထိုအိမ်ကို ဆက်ကပ်သွားလိမ့်မည်။
မိန်းမနှင့်စေ့စပ်၍ မစုံဖက်ရသေးသောသူတစ်စုံတစ်ယောက်ရှိသလော။ ထိုသူကို မိမိအိမ်သို့ပြန်သွားစေ။ သို့မဟုတ် သူသည် စစ်ပွဲ၌ ကျဆုံးလျှင် အခြားသူသည် ထိုမိန်းမနှင့်စုံဖက်လိမ့်မည်’ဟု မိန့်ကြားရမည်။