ထာဝရဘုရားသည် ငါ၏သခင်အား “သင်၏ရန်သူတို့ကို သင်၏ခြေတင်ခုံအောက်၌ ငါချထားသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်နေလော့”ဟု မိန့်တော်မူ၏။
တရားဟော 20:13 - မြန်မာ့စံမီသမ္မာကျမ်း သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုမြို့ကို သင့်လက်သို့အပ်သောအခါ ထိုမြို့ရှိယောက်ျားအားလုံးကို ဓားဖြင့် သတ်ရမည်။ Common Language Bible သင်တို့၏ဘုရားသခင်ထာဝရဘုရားက သင်တို့အားမြို့ကိုသိမ်းယူစေသောအခါ မြို့ထဲ၌ရှိသောယောကျာ်းရှိသမျှတို့ကို သတ်ဖြတ်သုတ်သင်ရမည်။- Judson Bible သင်၏ ဘုရားသခင်ထာဝရဘုရားသည် သင့်လက်၌ အပ်တော်မူသောအခါ၊ ယောက်ျားရှိသမျှတို့ကို ဓားနှင့်လုပ်ကြံရမည်။ |
ထာဝရဘုရားသည် ငါ၏သခင်အား “သင်၏ရန်သူတို့ကို သင်၏ခြေတင်ခုံအောက်၌ ငါချထားသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်နေလော့”ဟု မိန့်တော်မူ၏။
ထိုမှတစ်ပါး ငါအုပ်ချုပ်ရန်အလိုမရှိကြသော ငါ၏ရန်သူများကို ဤနေရာသို့ခေါ်ဆောင်ခဲ့၍ ငါ၏ရှေ့မှောက်တွင် သူတို့ကိုကွပ်မျက်ကြလော့’ဟု ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။
ထိုမြို့သည် သင်နှင့် ငြိမ်းချမ်းရေးမယူဘဲ စစ်တိုက်မည်ဆိုလျှင် ထိုမြို့ကို သင်ဝိုင်းထားရမည်။