အကုန်အစင်ဖျက်ဆီးပစ်၏။ ငါတို့သည် ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီးကို ပြုသကဲ့သို့ ထိုမြို့အားလုံးရှိ ယောက်ျား၊ မိန်းမ၊ ကလေးတို့ကို တစ်ယောက်မကျန်သတ်ဖြတ်၏။
တရားဟော 2:34 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သူ၏မြို့ရှိသမျှကို ငါတို့သိမ်းယူ၏။ မြို့၌ရှိသမျှသော ယောက်ျား၊ မိန်းမ၊ ကလေးတို့ကို လုံးလုံးဖျက်ဆီးပစ်၏။ အသက်ရှင်ကျန်ရစ်သူတစ်စုံတစ်ယောက်မျှမရှိ။ Common Language Bible ထိုအချိန်၌ပင်ငါတို့သည် သူတို့၏မြို့အား လုံးကိုသိမ်းပိုက်၍ဖျက်ဆီးကြ၏။ ယောကျာ်း၊ မိန်းမနှင့်၊ ကလေးသူငယ်အားလုံးတစ်ယောက် မကျန်သတ်ပစ်ကြ၏။- Garrad Bible ယောက်ျား၊ မိန်း မ၊ သူ ငယ် များ ပါ၊ တစ် ယောက် မ ကျန်၊ ထို ကာ လ မြေ လှန် သည့် ပြင်၊ Judson Bible ထိုအခါ သူ၏မြို့ရှိသမျှတို့ကို တိုက်ယူ၍၊ ယောက်ျားမိန်းမ သူငယ်တို့ကို တစ်ယောက်မျှမကြွင်းစေခြင်းငှာ ရှင်းရှင်းဖျက်ဆီးကြ၏။ |
အကုန်အစင်ဖျက်ဆီးပစ်၏။ ငါတို့သည် ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီးကို ပြုသကဲ့သို့ ထိုမြို့အားလုံးရှိ ယောက်ျား၊ မိန်းမ၊ ကလေးတို့ကို တစ်ယောက်မကျန်သတ်ဖြတ်၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင်တို့လက်သို့ အပ်တော်မူသောအခါ သူတို့ကို တိုက်ခိုက်၍ အကုန်အစင်ဖျက်ဆီးပစ်ရမည်။ သူတို့နှင့် ပဋိညာဉ်မဖွဲ့ရ။ သူတို့ကို မသနားရ။
စက်ဆုပ်ရွံရှာဖွယ်သောအရာကို သင့်အိမ်ထဲသို့ မယူလာရ။ ထိုအရာသည် ကျိန်ခြင်းခံရသောအရာဖြစ်၍ ယူလာလျှင် သင်သည် ထိုအရာကဲ့သို့ ကျိန်ခြင်းခံရလိမ့်မည်။ ထိုအရာကို လုံးလုံးရွံမုန်းရမည်။
ထိုနေ့မှာပင် ယောရှုသည် မက္ကဒါမြို့ကို သိမ်းပိုက်ပြီး မြို့သူမြို့သားနှင့် ရှင်ဘုရင်ကို ဓားဖြင့်လုပ်ကြံ၏။ သူတို့ကို တစ်ယောက်မကျန်သတ်ဖြတ်လေ၏။ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မျှမရှိ။ ဂျေရိခေါဘုရင်ကို ပြုသကဲ့သို့ မက္ကဒါဘုရင်ကို ပြုလေ၏။
ယောရှုသည် တောင်ပေါ်ဒေသ၊ နေဂေ့အရပ်၊ မြေနိမ့်ဒေသ၊ တောင်စောင်းတစ်လျှောက် စသည့် ထိုနယ်မြေတစ်ခွင်လုံးနှင့် ရှင်ဘုရင်အပေါင်းတို့ကို လုပ်ကြံလေ၏။ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်း သက်ရှိဟူသမျှကို သတ်ဖြတ်လေ၏။ အသက်ရှင်ကျန်ရစ်သူတစ်ယောက်မျှမရှိ။
အစ္စရေးအမျိုးသားတို့သည် ထိုမြို့တို့မှ တိုက်ယူသောပစ္စည်းနှင့် တိရစ္ဆာန် ရှိသမျှတို့ကို သိမ်းယူ၍ လူတို့ကိုမူ တစ်ယောက်မကျန် ဓားဖြင့်သုတ်သင်ပယ်ရှင်းလေ၏။ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မျှမရှိ။
သူတို့သည် မြို့ထဲရှိ ယောက်ျားမိန်းမကြီးကြီးငယ်ငယ်တို့နှင့် သိုးနွားမြည်းအားလုံးတို့ကို ဓားဖြင့် သတ်ဖြတ်လေ၏။
အစ္စရေးလူမျိုးတို့ အပြစ်ပြုကြပြီ။ သူတို့အား ငါပညတ်ထားသည့် ပဋိညာဉ်ကို ချိုးဖောက်ကြပြီ။ သူတို့သည် ကျိန်ခြင်းခံရသောအရာကို ယူကြပြီ။ ထိုအရာတို့ကို ခိုးယူပြီး လိမ်ညာကြ၏။ မိမိတို့ပစ္စည်းတို့နှင့်အတူ ရောထားကြပြီ။
သူတို့ကလည်း ယောရှုအား “အရှင်တို့ရှေ့မှောက်တွင် ဤပြည်သားတို့ကို သုတ်သင်ပယ်ရှင်းပြီး ပြည်တစ်ပြည်လုံးကို အရှင်တို့အားပေးမည်ဟု အရှင်တို့၏ဘုရားသခင်ထာဝရဘုရားက မိမိအစေအပါးမောရှေအား မိန့်တော်မူခဲ့သည်ကို အရှင့်အစေအပါးတို့ ကောင်းစွာသိထားပြီ။ အကျွန်ုပ်တို့လည်း အသတ်ခံရမည်ကို ကြောက်လွန်းသဖြင့် ဤသို့ပြုခြင်းဖြစ်ပါ၏။
ယခု သွား၍ အာမလက်လူမျိုးတို့ကို တိုက်ခိုက်လော့။ သူတို့ပိုင်ဆိုင်သောအရာအားလုံးကို ဖျက်ဆီးပစ်လော့။ မနှမြောနှင့်။ ယောက်ျား၊ မိန်းမ၊ ကလေးမှစ၍ နို့စို့ကလေးသူငယ်များအပါအဝင် နွား၊ သိုး၊ ကုလားအုတ်၊ မြည်းတို့ကို သတ်ဖြတ်လော့’ဟူ၍ မိန့်တော်မူပြီ”ဟု ဆို၏။