အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တ​ရား​ဟော 18:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ပရောဖက်​သည် ထာဝရဘုရား​၏​နာမ​တော်​ဖြင့် ဆင့်ဆို​၍ သူ​ဆင့်ဆို​သည့်​အတိုင်း မ​ဖြစ်လာ​၊ မ​ပြည့်စုံ​လာ​လျှင် ထို​စကား​သည် ထာဝရဘုရား​မိန့်​တော်မူ​သော​စကား မ​ဟုတ်​။ ထို​ပရောဖက်​သည် အတင့်ရဲ​စွာ​ဆင့်ဆို​ပြီ​။ သင်​သည် သူ့​ကို မ​ကြောက်​ရ​။

အခန်းကိုကြည့်ပါ။

Common Language Bible

သူ​ဆင့်​ဆို​သော​စ​ကား​အ​တိုင်း​အ​ကောင်​အ​ထည် မ​ပေါ်​လာ​လျှင် သူ​၏​ဆင့်​ဆို​ချက်​သည်​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​မှ​လာ​သည်​မ​ဟုတ်။ သူ​သည်​မိ​မိ ၏​အ​ခွင့်​အာ​ဏာ​ဖြင့်​သာ​ဆင့်​ဆို​ခြင်း​ဖြစ်​၍ သင် တို့​သည်​သူ့​ကို​မ​ကြောက်​နှင့်။''

အခန်းကိုကြည့်ပါ။

Garrad Bible

ထာ ဝ ရ ဘု ရား၏ နာ မ တော် ကို အ မှီ ပြု ၍၊ ဆင့် ဆို သည့် အ တိုင်း၊ မ ပြည့် စုံ မ ဖြစ် ပျက် က၊ ထို အ ချက် ကို ထာ ဝ ရ ဘု ရား မိန့် ဆို တော် မ မူ။ မောက် မာ စွာ ဟော ပြော ဝံ့ သော ထို ပ ရော ဖက် ကို မ ကြောက် ရွံ့ ကြ ရ။

အခန်းကိုကြည့်ပါ။

Judson Bible

ပ​ရော​ဖက်​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​ကို​ဆောင်၍ ဟော​ပြော​သည်​အ​တိုင်း အ​မှု​မ​ဖြစ်၊ ဟော​ပြော​သော​စ​ကား မ​ပြည့်​စုံ​လျှင်၊ ထို​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မ​မူ၊ ပ​ရော​ဖက်​သည် ရဲ​ရင့်​စွာ​ဟော​ပြော​ပြီ။ သူ့​ကို မ​ကြောက်​ရ။

အခန်းကိုကြည့်ပါ။



တ​ရား​ဟော 18:22
13 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ မိက္ခာယ​က “​အရှင်မင်းကြီး ဘေးကင်း​စွာ​အမှန်​ပြန်လာ​ရ​သည်​ဆို​လျှင် အကျွန်ုပ်​အားဖြင့် ထာဝရဘုရား​မိန့်မှာ​သည်​မ​ဟုတ်​”​ဟု ပြန်ပြော​ပြီးလျှင် “​လူ​အပေါင်း​တို့​၊ ငါ့​စကား​ကို မှတ်ထား​ကြ​လော့​”​ဟု ဆို​၏​။


ထို​ကာလ​တွင် ဟေဇကိ​မင်းကြီး​သည် သေ​လုနီးပါး​နာမကျန်း​ဖြစ်​လေ​၏​။ ထိုအခါ အာမုတ်​၏​သား​ပရောဖက်​ဟေရှာယ​က သူ့​ထံသို့​လာ​၍ “ ‘​သင်​သေ​ရ​မည်​။ သင်​အသက်ရှင်​ရ​တော့​မည်​မ​ဟုတ်​သောကြောင့် သင့်​နန်းတွင်းရေး​ရာ​တို့​ကို စီမံ​ခဲ့​လော့’​ဟူ၍ ထာဝရဘုရား မိန့်​တော်မူ​သည်​”​ဟု လျှောက်​လေ​၏​။


လူးလာပျံဝဲ​သည့် စာငှက်​ကဲ့သို့​လည်းကောင်း​၊ ပျံသန်း​သွားလာ​သည့် ပျံလွှားငှက်​ကဲ့သို့​လည်းကောင်း အကြောင်းမဲ့​ကျိန်ဆဲ​ခြင်း​သည် လာရောက်​ရပ်နား​ခြင်း​မ​ရှိ​တတ်​။


သူ​တို့​သည် ထို​သက်သေ​တို့​ကို ယူဆောင်​လာ​ကြ​ပါစေ​။ မည်သည့်​အရာ​များ ဖြစ်ပျက်​လိမ့်မည်​ကို ငါ​တို့​အား ပြောပြ​ကြ​ပါစေ​။ ယခင်က မည်သည့်​အရာ​များ​ဖြစ်ပျက်​ခဲ့​သည်​ကို ငါ​တို့​အား​ပြောပြ​ကြ​လော့​။ သို့မှသာ ငါ​တို့​ဆင်ခြင်​၍ ထို​အရာ​တို့​၏​အကျိုးဆက်​ကို​သိ​နိုင်​မည်​။ သို့မဟုတ် ဖြစ်လာ​မည့်​အရာ​များ​ကို ငါ​တို့​အား​ပြောကြား​ကြ​လော့​။


ယောန​သည် မြို့​ထဲသို့​တစ်​ရက်​ခရီး​သွား​ပြီးလျှင် ရပ်​လျက် “​နောက်ထပ်​ရက်​လေးဆယ်​ကြာ​လျှင် နိနေဝေ​မြို့ကြီး ဖြိုလှဲ​ခံရ​လိမ့်မည်​”​ဟု ဟစ်ကြော်​လေ​၏​။


ထာဝရဘုရား​ထံ “​အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​နေရင်းပြည်​၌​ရှိ​စဉ်က ဤသို့​ဖြစ်​မည်​ဟု အကျွန်ုပ်​ပြော​ခဲ့​သည်​မ​ဟုတ်​ပါ​လော​။ ထို့ကြောင့် ကျွန်ုပ်​လည်း တာရှု​ပြည်​သို့ အမြန်ထွက်ပြေး​ခဲ့​ပါ​၏​။ စင်စစ် ကိုယ်တော်​သည် ကျေးဇူးပြု​တတ်​သော​၊ သနားစုံမက်​တတ်​သော​၊ စိတ်ရှည်​သော​၊ မေတ္တာကရုဏာ​ကြွယ်ဝ​သော​ဘုရား ဖြစ်​တော်မူ​၍ ဘေးဆိုး​ကျရောက်​စေ​မည့်​အမှု​မှ စိတ်​တော်​ပြောင်းလဲ​တော်မူ​ကြောင်း​ကို အကျွန်ုပ်​သိ​ပါ​၏​။


အို လူသား​အပေါင်း​တို့​၊ ထာဝရဘုရား​ရှေ့​တော်​၌ ငြိမ်ဝပ်​စွာ​နေ​ကြ​လော့​။ ထာဝရဘုရား​သည် သန့်ရှင်း​သော​ကိန်းဝပ်​တော်မူ​ရာ​အရပ်​မှ ကြွလာ​တော်မူ​ပြီ​။


ပရောဖက်​တစ်ပါးပါး​သည် အတင့်ရဲ​၍ ငါ​မ​မိန့်မှာ​ထား​သော​စကား​ကို ငါ့​နာမ​ဖြင့် ဆင့်ဆို​လျှင်​ဖြစ်စေ​၊ အခြား​သော​ဘုရား​၏​နာမ​ဖြင့်​ဆင့်ဆို​လျှင်​ဖြစ်စေ ထို​ပရောဖက်​သည် အသတ်​ခံရ​မည်​’​ဟု မိန့်​တော်မူ​၏​။


သင့်​စိတ်​ထဲ၌ ‘​ထာဝရဘုရား​မိန့်မှာ​တော်မူ​သော​စကား​ဟုတ်​၊ မ​ဟုတ် မည်သို့​သိ​နိုင်​မည်နည်း​’​ဟု ဆို​လျှင်


ရှမွေလ​သည် ကြီးပြင်း​လာ​၍ ထာဝရဘုရား​သည် သူ​နှင့်အတူ​ရှိ​တော်မူ​သဖြင့် သူ​၏​စကား​တစ်​ခွန်း​ကို​မျှ အချည်းနှီး​ဖြစ်စေ​တော်​မ​မူ​။