ထို့နောက် ရှင်ဘုရင်က ပြည်သူပြည်သားအပေါင်းတို့အား “ဤပဋိညာဉ်ကျမ်းတွင် ရေးထားသည့်အတိုင်း သင်တို့၏ဘုရားသခင်ထာဝရဘုရားအဖို့ ပသခါပွဲကို ကျင်းပကြလော့”ဟု မိန့်ဆို၏။
တရားဟော 16:2 - မြန်မာ့စံမီသမ္မာကျမ်း နာမတော်ကိန်းဝပ်ရာအဖြစ် ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌ သိုး၊ နွား တို့ကို ပသခါယဇ်အဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားထံ ပူဇော်ရမည်။ Common Language Bible သင်တို့သည်ကိုးကွယ်ရာတစ်ခုတည်းသော ဌာနသို့သွား၍ သင်တို့၏ဘုရားသခင် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရန် ထိုဌာနတွင်နွားသို့မဟုတ်သိုးကိုသတ် ၍ပသခါပွဲကိုကျင်းပလော့။- Garrad Bible နာ မ တော် တည် ရန် ရွေး ချယ် တော် မူ မည့် ဌာ န၌ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ နွား၊ သိုး၊ ဆိတ် တို့ အ နက် ထို ပ သ ခါ ယဇ် ကို ပူ ဇော် ကြ ရာ၊ Judson Bible ထာဝရဘုရားသည် နာမတော်ကို တည်စေဖို့ရာ ရွေးကောက်တော်မူသောအရပ်၌ သိုးနွားတို့ကို ယဇ်ပူဇော်၍၊ သင်၏ဘုရားသခင် ထာဝရဘုရားအား ပသခါပွဲကိုခံရမည်။ |
ထို့နောက် ရှင်ဘုရင်က ပြည်သူပြည်သားအပေါင်းတို့အား “ဤပဋိညာဉ်ကျမ်းတွင် ရေးထားသည့်အတိုင်း သင်တို့၏ဘုရားသခင်ထာဝရဘုရားအဖို့ ပသခါပွဲကို ကျင်းပကြလော့”ဟု မိန့်ဆို၏။
ယောရှိမင်းကြီးသည် ထိုနေရာတွင်ရှိနေသော ပြည်သူပြည်သားတို့အဖို့ ပသခါယဇ်အဖြစ် သိုးသငယ်၊ ဆိတ်သငယ်စုစုပေါင်းအကောင်ရေသုံးသောင်း၊ နွားအကောင်ရေသုံးထောင်တို့ကို ရှင်ဘုရင်ပိုင်ဆိုင်ရာထဲမှ လှူဒါန်းပေးလေ၏။
“အစ္စရေးအမျိုးသားတို့သည် သတ်မှတ်ထားသောအချိန်၌ ပသခါပွဲတော်ကိုကျင်းပရမည်။
တဆေးမဲ့မုန့်ပွဲတော်၏ပထမနေ့တွင် တပည့်တော်တို့သည် ယေရှုထံသို့ချဉ်းကပ်၍ “ပသခါပွဲတော်ညစာကို ကိုယ်တော်သုံးဆောင်ရန် အကျွန်ုပ်တို့အား မည်သည့်နေရာ၌ ပြင်ဆင်စေလိုပါသနည်း”ဟု မေးလျှောက်ကြ၏။
“ပသခါပွဲတော်ကျရောက်ရန် နှစ်ရက်သာလိုတော့သည်ကို သင်တို့သိကြ၏။ ထိုအခါ လူ့သားကို လက်ဝါးကပ်တိုင်ပေါ်၌တင်ရန် အပ်နှံကြလိမ့်မည်”ဟု မိန့်တော်မူ၏။
တဆေးမဲ့မုန့်ပွဲတော်၏ပထမနေ့တည်းဟူသော ပသခါပွဲတော်အတွက် သိုးသငယ်ကိုပူဇော်ရသောနေ့တွင် တပည့်တော်တို့က “ပသခါပွဲတော်ညစာကိုသုံးဆောင်ရန် အကျွန်ုပ်တို့အား မည်သည့်နေရာသို့သွား၍ ပြင်ဆင်စေလိုပါသနည်း”ဟု ကိုယ်တော်အား မေးလျှောက်ကြ၏။
ကိုယ်တော်က“ငါသည် ဒုက္ခဝေဒနာမခံစားရမီ ဤပသခါပွဲတော်ကို သင်တို့နှင့်အတူစားရန် အလွန်အလိုရှိ၏။
ကိုယ်တော်သည် ပေတရုနှင့်ယောဟန်တို့အား“ပသခါပွဲတော်ကို ငါတို့စားရန် သွား၍ပြင်ဆင်ကြလော့”ဟု မိန့်တော်မူလျက် သူတို့ကိုစေလွှတ်တော်မူ၏။
သင်တို့သည် တဆေးမဲ့ဖြစ်ကြသည်နှင့်အညီ အသစ်သောမုန့်ညက်ဖြစ်နိုင်ရန် တဆေးဟောင်းကိုဖယ်ရှားကြလော့။ အကြောင်းမူကား ငါတို့၏ပသခါပွဲတော်အတွက် သိုးသငယ်တည်းဟူသောခရစ်တော်သည် အသေသတ်ခြင်းကိုခံခဲ့ရလေပြီ။
ထိုအခါ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကိန်းဝပ်ရာနေရာကိုရွေးချယ်တော်မူမည်။ သင်တို့အား ငါမှာကြားထားသမျှအတိုင်း သင်တို့၏မီးရှို့ရာယဇ်၊ ပူဇော်သက္ကာ၊ ဆယ်ဖို့တစ်ဖို့၊ အလှူပစ္စည်း၊ ထာဝရဘုရားထံ သင်တို့ကတိသစ္စာပြုထားသည့် ကတိသစ္စာဆိုင်ရာအကောင်းဆုံးပူဇော်သက္ကာရှိသမျှတို့ကို ထိုနေရာသို့ သင်တို့ယူဆောင်လာရမည်။
မျိုးနွယ်တစ်နွယ်ထဲရှိ ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌သာ မီးရှို့ရာယဇ်ကို ပူဇော်ရမည်။ ထိုနေရာ၌ ငါမှာကြားထားသမျှကို သင်ပြုရမည်။
သင်မှစ၍ သင်၏သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများ၊ သင်၏မြို့တံခါးအတွင်းရှိ လေဝိအမျိုးများသည် ထိုပူဇော်သက္ကာတို့ကို သင်၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၊ သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌သာ စားရမည်။ သင်လုပ်ဆောင်လေရာရာအတွက် သင်၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ဝမ်းမြောက်ကြရမည်။
သင်ပူဇော်ရမည့် သန့်ရှင်းသောပူဇော်သက္ကာ၊ ကတိသစ္စာဆိုင်ရာပူဇော်သက္ကာ တို့ကိုယူ၍ ထာဝရဘုရားရွေးချယ်တော်မူသောနေရာသို့ သွားရမည်။
နာမတော်တည်ရာ၊ ကိန်းဝပ်တော်မူရာအဖြစ် သင်တို့မျိုးနွယ်အားလုံးထဲမှ သင်တို့၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာကိုရှာ၍ ထိုနေရာသို့သာသွားရမည်။
သင်နှင့်သင်၏အိမ်သူအိမ်သားတို့သည် ထိုနွားသားဦး၊ သိုးသားဦးတို့ကို သင်၏ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၊ သင်၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ နှစ်စဉ်နှစ်တိုင်းစားရမည်။
သင်၏ဘုရားသခင်ထာဝရဘုရားသည် အဗိဗလ၊ ညအချိန်တွင် သင့်ကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့သည်ဖြစ်၍ အဗိဗလကို အလေးထားလျက် သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ ပသခါပွဲကို ကျင်းပရမည်။
သင်သည် အီဂျစ်ပြည်မှ အလျင်စလိုထွက်လာသောကြောင့် တဆေးမဲ့ဆင်းရဲဒုက္ခမုန့်ကိုစားခဲ့ရ၏။ သို့ဖြစ်၍ သင်အသက်ရှင်သမျှကာလပတ်လုံး အီဂျစ်ပြည်မှထွက်လာသောနေ့ကိုအောက်မေ့မည့်အကြောင်း ခုနစ်ရက်ပတ်လုံး ပသခါယဇ်ကိုတဆေးမဲ့မုန့်နှင့်စားရမည်။