ထိုသူတို့၏သမီးများကို လက်ထပ်ယူပြီး မိမိသားတို့နှင့်လည်း ပေးစားကြ၏။ ဤသို့ဖြင့် သန့်ရှင်းသောအမျိုးအနွယ်သည် ထိုပြည်သားတို့နှင့်ရောနှောလေပြီ။ ဤသစ္စာမဲ့မှုကို အကြီးအကဲများ၊ မင်းအရာရှိများက ထိပ်ဆုံးမှပြုကြ၏”ဟု ဆိုကြ၏။
တရားဟော 14:2 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုးဖြစ်၏။ ထာဝရဘုရားသည် မြေကြီးပေါ်၌ရှိသောလူမျိုးအပေါင်းတို့ထဲမှ မိမိမြတ်နိုးတန်ဖိုးထားသောလူမျိုးအဖြစ် သင့်ကိုရွေးချယ်တော်မူ၏။ Common Language Bible ထာဝရဘုရားသည်ကမ္ဘာပေါ်ရှိလူမျိုး အပေါင်းတို့အနက် သင်တို့အားမိမိ၏လူမျိုး တော်အဖြစ်ရွေးကောက်တော်မူသည်ဖြစ်သော ကြောင့် သင်တို့ကိုသင်တို့၏ဘုရားသခင် ထာဝရဘုရားပိုင်တော်မူ၏။'' Judson Bible သင်တို့သည် သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖို့၊ သန့်ရှင်းသောလူမျိုး ဖြစ်ကြ၏။ ထာဝရဘုရားသည် မြေကြီးပေါ်မှာရှိသမျှသော လူမျိုးထက်၊ ကိုယ်တော်ပိုင်ထိုက်သောအမျိုးဖြစ်စေခြင်းငှာ သင်တို့ကို ရွေးချယ်တော်မူပြီ။ |
ထိုသူတို့၏သမီးများကို လက်ထပ်ယူပြီး မိမိသားတို့နှင့်လည်း ပေးစားကြ၏။ ဤသို့ဖြင့် သန့်ရှင်းသောအမျိုးအနွယ်သည် ထိုပြည်သားတို့နှင့်ရောနှောလေပြီ။ ဤသစ္စာမဲ့မှုကို အကြီးအကဲများ၊ မင်းအရာရှိများက ထိပ်ဆုံးမှပြုကြ၏”ဟု ဆိုကြ၏။
မြေကြီးစွန်းမှ ငါဆွဲလာသူ၊ အဝေးဆုံးအရပ်မှ ငါခေါ်လာသူ “သင်သည် ငါ၏အစေအပါးဖြစ်၏။ သင့်ကို ငါရွေးချယ်ပြီ။ သင့်ကို ငါမစွန့်ပစ်”ဟု သင့်အား ငါမိန့်ဆို၏။
သပိတ်ပင်နှင့်ဝက်သစ်ချပင်တို့သည် ခုတ်လှဲခြင်းခံရ၍ အငုတ်သာကျန်သကဲ့သို့ ဆယ်ပုံတစ်ပုံသာကြွင်းကျန်သောထိုပြည်သည် ထပ်၍ဝါးမျိုဖျက်ဆီးခြင်းခံရလိမ့်မည်။ သန့်ရှင်းသောအမျိုးအနွယ်သည် အငုတ်ဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
သူတို့ကို “ထာဝရဘုရားရွေးနုတ်တော်မူသည့် သန့်ရှင်းသောလူမျိုး”ဟု ခေါ်ကြလိမ့်မည်။ သင့်ကို “စွန့်ပစ်မခံရဘဲ ပြန်ရှာထားသောမြို့”ဟု ခေါ်ကြလိမ့်မည်။
အစ္စရေးလူမျိုးသည် ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုး၊ ကိုယ်တော်၏အသီးအနှံတို့တွင် အသီးဦးဖြစ်၏။ သူ့ကို ဝါးမျိုသောသူအပေါင်းတို့အပေါ် အပြစ်သက်ရောက်မည်၊ ဘေးအန္တရာယ်ကျရောက်မည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု မိန့်ဆို၏။
“အချင်းလူသား၊ ဂျေရုဆလင်မြို့သို့ မျက်နှာမူပြီး သန့်ရှင်းရာဌာနများကို ဆန့်ကျင်၍ ဟောပြောလော့။ အစ္စရေးပြည်ကို ဆန့်ကျင်၍ ပရောဖက်ပြုလော့။
ထိုအခါ မြစ်ရေပြင်အထက်တွင်ရှိသော ပိတ်ချောထည်ဝတ်ဆင်ထားသူက လက်နှစ်ဖက်ကို ကောင်းကင်သို့မြှောက်၍ “တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက် ကြာလိမ့်မည်။ သန့်ရှင်းသူတို့၏အင်အားကို တစ်စစီဖြိုခွဲပြီးမှ ဤအံ့ဖွယ်အမှုအားလုံး၏အဆုံးသည် ရောက်လိမ့်မည်”ဟု ထာဝရအသက်ရှင်တော်မူသောအရှင်ကို တိုင်တည်၍ ပြောဆိုသည်ကို ငါကြားရ၏။
သူသည် ကိုယ့်အစွမ်းမဟုတ်ဘဲ ခွန်အားကြီးလာပြီး ကြောက်မက်ဖွယ်လိုက်လံဖျက်ဆီးလိမ့်မည်။ ပြုလေသမျှတို့လည်း အောင်မြင်လိမ့်မည်။ အားကြီးသောသူများ၊ သန့်ရှင်းသောလူမျိုးတော်များကိုပင် ဖျက်ဆီးပစ်လိမ့်မည်။
ငါသည် သင်တို့၏ဘုရားဖြစ်မည့်အကြောင်း သင်တို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့သောထာဝရဘုရားဖြစ်၏။ ငါသည် သန့်ရှင်းသောကြောင့် သင်တို့သည်လည်း သန့်ရှင်းရမည်။
“အစ္စရေးအမျိုးသားလူထုအပေါင်းတို့အား ဆင့်ဆိုလော့။ သင်တို့၏ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောအရှင်ဖြစ်သောကြောင့် သင်တို့သည်လည်း သန့်ရှင်းသောသူများဖြစ်ရမည်။
ငါသည် သင်တို့အား “သင်တို့သည် သူတို့၏မြေကိုပိုင်ဆိုင်ရလိမ့်မည်။ နို့နှင့်ပျားရည်စီးသောပြည်တည်းဟူသော သူတို့၏ပြည်ကို သင်တို့အား ငါအပိုင်ပေးမည်”ဟု မိန့်ဆိုခဲ့ပြီ။ ငါသည် သင်တို့ကို အခြားလူမျိုးများနှင့် သီးခြားခွဲထားသော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
ငါထာဝရဘုရားသည် သန့်ရှင်းသောအရှင်ဖြစ်သောကြောင့် သင်တို့သည် ငါ့အဖို့ သန့်ရှင်းသောသူများဖြစ်ရမည်။ သင်တို့ကို ငါပိုင်ဆိုင်ရန် အခြားလူမျိုးများနှင့် သင်တို့ကို ငါခွဲခြားထားပြီ။
သို့ဖြစ်၍ ညီအစ်ကိုတို့၊ ဘုရားသခင်၏ကရုဏာတော်အားဖြင့် သင်တို့အား ငါတိုက်တွန်းနှိုးဆော်လိုသည်မှာ သင်တို့၏ကိုယ်ခန္ဓာကို ဘုရားသခင်နှစ်သက်တော်မူသည့် သန့်ရှင်း၍အသက်ရှင်သောယဇ်အဖြစ် ပူဇော်ကြလော့။ ဤသည်ကား သင်တို့ပြုအပ်သော ဝိညာဉ်ရေးဆိုင်ရာဝတ်ပြုခြင်းဖြစ်၏။
သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုးဖြစ်သောကြောင့် အလိုလိုသေသော အကောင်ဟူသမျှ မစားရ။ သင့်မြို့၌ရှိသော တိုင်းတစ်ပါးသားစားရန် ပေးခွင့်ရှိ၏။ သို့မဟုတ် တစ်ပါးအမျိုးသားထံရောင်းခွင့်ရှိ၏။ ဆိတ်သငယ်ကို မိခင်၏နို့ဖြင့်မပြုတ်ရ။
သင်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ပညတ်တော်များကိုစောင့်ထိန်း၍ ကိုယ်တော်၏လမ်းတော်အတိုင်း လိုက်လျှောက်လျှင် သင့်အား ထာဝရဘုရားကျိန်ဆိုတော်မူခဲ့သည့်အတိုင်း သင့်ကို မိမိအဖို့ သန့်ရှင်းသောလူမျိုးအဖြစ် တည်စေတော်မူမည်။
အကယ်စင်စစ် လူမျိုးတော်ကိုချစ်တော်မူ၏။ ကိုယ်တော်၏သန့်ရှင်းသူအပေါင်းတို့သည် ကိုယ်တော့်လက်တော်၌ရှိပါ၏။ သူတို့သည် ကိုယ်တော်၏ခြေတော်ရင်း၌ ထိုင်လျက် ကိုယ်တော်၏စကားတော်တို့ကို ခံယူကြပါ၏။
ယနေ့မြင်ရသည့်အတိုင်း ထာဝရဘုရားသည် သင်တို့ကို မိမိ၏အမွေခံလူမျိုးတော်အဖြစ် ခေါ်ယူ၍ အီဂျစ်ပြည် သံမီးပြင်းဖိုထဲမှ ထုတ်ဆောင်တော်မူခဲ့၏။
အကြောင်းမူကား သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားအတွက် သန့်ရှင်းသောလူမျိုးဖြစ်၏။ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကို မြေကြီးပေါ်၌ရှိသော လူမျိုးအပေါင်းတို့ထဲမှ မိမိမြတ်နိုးတန်ဖိုးထားသောလူမျိုးအဖြစ် ရွေးချယ်တော်မူ၏။
သင်တို့သည် လူမျိုးအပေါင်းတို့ထက် များပြားသောကြောင့် ထာဝရဘုရားသည် သင်တို့ကိုနှစ်သက်၍ ရွေးချယ်တော်မူသည်မဟုတ်။ သင်တို့သည် လူမျိုးအပေါင်းတို့တွင် အနည်းဆုံးဖြစ်၏။
ခရစ်တော်သည် ငါတို့ကို ခပ်သိမ်းသောတရားမဲ့ခြင်းထဲမှ ရွေးနုတ်ကယ်တင်ရန်နှင့် ကောင်းသောအမှု၌ စိတ်အားထက်သန်သည့် မိမိပိုင်တော်မူသောလူမျိုးကို မိမိအတွက်စင်ကြယ်စေရန် ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။