“ထိုကျိန်ဆဲသောသူကို တပ်စခန်းအပြင်ဘက်သို့ ထုတ်ဆောင်သွားလော့။ သူ၏ကျိန်ဆဲစကားကို ကြားသောသူတိုင်း သူ၏ခေါင်းပေါ်၌ လက်ကိုတင်ရမည်။ ထို့နောက် လူထုတစ်ရပ်လုံး သူ့ကို ခဲနှင့်ပေါက်သတ်ရမည်။
တရားဟော 13:9 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် ထိုသူကို အမှန်တကယ်သတ်ရမည်။ သူ့ကိုသတ်ရာတွင် သင်အဦးဆုံးပြုရမည်။ ထို့နောက်မှ ကျန်သောသူအပေါင်းတို့သည် ပြုရမည်။ Common Language Bible သူ့ကိုသတ်ပစ်လော့။ သူ့ကိုသေဒဏ်စီရင် ရာတွင် သင်သည်သူ့ကိုအဦးဆုံးကျောက်ခဲ နှင့်ပစ်သူဖြစ်ရမည်။ ထို့နောက်မှအခြား သူများကိုကျောက်ခဲနှင့်ပစ်စေရမည်။- Garrad Bible ကိုယ် တိုင် လက် ရောက် ပြု ပြီး မှ တစ် မျိုး လုံး လက် ရောက် ပြု သ ဖြင့်၊ သေ ဒဏ် ခံ စေ။ Judson Bible သူသည် အသေသတ်ခြင်းကို ခံစိမ့်သောငှာ၊ သင်သည် အဦးပြုပြီးမှ၊ လူအပေါင်းတို့သည် ပြုရကြမည်။ |
“ထိုကျိန်ဆဲသောသူကို တပ်စခန်းအပြင်ဘက်သို့ ထုတ်ဆောင်သွားလော့။ သူ၏ကျိန်ဆဲစကားကို ကြားသောသူတိုင်း သူ၏ခေါင်းပေါ်၌ လက်ကိုတင်ရမည်။ ထို့နောက် လူထုတစ်ရပ်လုံး သူ့ကို ခဲနှင့်ပေါက်သတ်ရမည်။
ငါ့ထက် ဖခင်ကိုဖြစ်စေ၊ မိခင်ကိုဖြစ်စေ ပို၍ချစ်သောသူသည် ငါနှင့်မထိုက်တန်။ ငါ့ထက် သားကိုဖြစ်စေ၊ သမီးကိုဖြစ်စေ ပို၍ချစ်သောသူသည်လည်း ငါနှင့်မထိုက်တန်။
“တစ်စုံတစ်ဦးသည် ငါ့ထံသို့လာ၍ မိမိ၏ဖခင်၊ မိခင်၊ သားမယားနှင့် ညီအစ်ကိုမောင်နှမတို့ကိုသာမက မိမိအသက်ကိုပင် မမုန်းလျှင် ထိုသူသည် ငါ၏တပည့်မဖြစ်နိုင်။
ထိုသူတို့အထပ်ထပ်မေးမြန်းကြသောအခါ ယေရှုသည် ကိုယ်ကိုမတ်၍“သင်တို့တွင် အပြစ်ကင်းသောသူသည် သူ့ကို ခဲနှင့်အဦးဆုံးပေါက်စေ”ဟု မိန့်တော်မူပြီးလျှင်
သူ့ကို မြို့ပြင်သို့ဆွဲထုတ်ပြီးလျှင် ခဲနှင့်ပေါက်ကြ၏။ သက်သေတို့သည် မိမိတို့၏အဝတ်များကို ရှောလုဟုခေါ်သော လူငယ်တစ်ဦး၏ခြေရင်း၌ ချထားကြ၏။
ထိုပရောဖက်ဖြစ်စေ၊ အိပ်မက်အနက်ဖတ်တတ်သူဖြစ်စေ အီဂျစ်ပြည်မှသင်တို့ကိုထုတ်ဆောင်တော်မူသော၊ ကျွန်ခံရာအိမ်မှသင်တို့ကိုရွေးနုတ်တော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ဆန့်ကျင်ပုန်ကန်ပြောဆို၍ သင်တို့လိုက်လျှောက်ရန် သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသည့်လမ်းမှ သင်တို့ကိုလွဲသွားစေသောကြောင့် သူသည် အသတ်ခံရမည်။ ဤသို့ဖြင့် မကောင်းမှုကို သင်တို့ထဲမှဖယ်ရှားပစ်ရမည်။
သင့်လက်သို့ သင်၏ဘုရားသခင်ထာဝရဘုရားအပ်တော်မူသည့် လူမျိုးအပေါင်းတို့ကိုဖျက်ဆီးရမည်။ ထိုသူတို့ကို မသနားရ။ သူတို့၏ဘုရားများကို ဝတ်မပြုရ။ ဝတ်ပြုလျှင် သင့်အတွက် ထောင်ချောက်သဖွယ်ဖြစ်လိမ့်မည်။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင်တို့လက်သို့ အပ်တော်မူသောအခါ သူတို့ကို တိုက်ခိုက်၍ အကုန်အစင်ဖျက်ဆီးပစ်ရမည်။ သူတို့နှင့် ပဋိညာဉ်မဖွဲ့ရ။ သူတို့ကို မသနားရ။