တရားဟော 13:10 - မြန်မာ့စံမီသမ္မာကျမ်း10 ထိုသူသည် ကျွန်ခံရာအိမ်အီဂျစ်ပြည်မှသင့်ကိုထုတ်ဆောင်တော်မူခဲ့သော သင်၏ဘုရားသခင်ထာဝရဘုရားထံတော်မှ သင့်ကို လွဲသွားစေရန်ရှာကြံသောကြောင့် သင်သည် ထိုသူကို ခဲနှင့်အသေပေါက်သတ်ရမည်။ အခန်းကိုကြည့်ပါ။Common Language Bible10 သူ့ကိုကျောက်ခဲနှင့်ပစ်၍သတ်ရမည်။ သင်တို့ အားကျွန်ခံရာအီဂျစ်ပြည်မှကယ်တင်တော် မူခဲ့သော သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုပစ်ပယ်စေရန်သူသည်သွေးဆောင် ခဲ့၏။- အခန်းကိုကြည့်ပါ။Garrad Bible10 ကျွန် ခံ နေ ရာ အိ ဂျစ် ပြည် က ထုတ် ဆောင် တော် မူ ခဲ့ သော၊ သင်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ မှ သွေး ဆောင် ရန် ရှာ ကြံ သော ကြောင့်၊ ခဲ ပစ် သတ် ဒဏ် ခတ် လော့။ အခန်းကိုကြည့်ပါ။Judson Bible10 ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ သင်တို့ကို နုတ်ဆောင်တော်မူသော သင်၏ဘုရားသခင် ထာဝရဘုရားထံတော်မှလွဲစေခြင်းငှာ ကြံစည်သောကြောင့်၊ ထိုသူကို ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ အခန်းကိုကြည့်ပါ။ |
ထိုပရောဖက်ဖြစ်စေ၊ အိပ်မက်အနက်ဖတ်တတ်သူဖြစ်စေ အီဂျစ်ပြည်မှသင်တို့ကိုထုတ်ဆောင်တော်မူသော၊ ကျွန်ခံရာအိမ်မှသင်တို့ကိုရွေးနုတ်တော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ဆန့်ကျင်ပုန်ကန်ပြောဆို၍ သင်တို့လိုက်လျှောက်ရန် သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသည့်လမ်းမှ သင်တို့ကိုလွဲသွားစေသောကြောင့် သူသည် အသတ်ခံရမည်။ ဤသို့ဖြင့် မကောင်းမှုကို သင်တို့ထဲမှဖယ်ရှားပစ်ရမည်။
မောရှေက သူတို့အား “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘လူအသီးသီး မိမိနံဘေး၌ ဓားကိုဆောင်လျက် တပ်စခန်းအဝင်ဝမှ တပ်စခန်းတစ်လျှောက် အဆုံးတိုင်အောင် ခေါက်တုံ့ခေါက်ပြန်သွားလော့။ လူအသီးသီး မိမိညီအစ်ကို၊ မိမိအပေါင်းအဖော်၊ မိမိအိမ်နီးချင်းတို့ကို သတ်လော့’ဟူ၍ မိန့်တော်မူပြီ”ဟု ဆိုလေ၏။
ထို့နောက် ပြည်သူပြည်သားအပေါင်းတို့သည် ဗာလဘုရားဝတ်ကျောင်းသို့သွား၍ ထိုဝတ်ကျောင်းကိုဖြိုဖျက်ပစ်ပြီး ယဇ်ပလ္လင်များ၊ ရုပ်တုများကို အကုန်အစင်ချိုးဖျက်ပစ်ကြ၏။ ဗာလဘုရား၏ယဇ်ပုရောဟိတ်မဿန်ကိုလည်း ယဇ်ပလ္လင်ရှေ့တွင် ကွပ်မျက်လိုက်ကြ၏။ ယောယဒသည် ထာဝရဘုရား၏အိမ်တော်တွင် အစောင့်များကို ချထားပြီးလျှင်