ငါသည် သင့်ကို အမှန်ပင်ကောင်းချီးပေး၍ သင်၏အမျိုးအနွယ်ကို ကောင်းကင်ကြယ်နှင့်အမျှ၊ ပင်လယ်ကမ်းခြေရှိသဲပွင့်နှင့်အမျှ အလွန်များပြားစေမည်။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးကို သိမ်းပိုက်လိမ့်မည်။
တရားဟော 13:18 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ သင်၏ဘုရားသခင်ထာဝရဘုရား၏မျက်မှောက်တော်၌ ဖြောင့်မှန်သောအမှုကိုပြု၍ ယနေ့ သင့်အား ငါမှာကြားသော ကိုယ်တော်၏ပညတ်တော်ရှိသမျှတို့ကိုစောင့်ထိန်းခြင်းဖြင့် သင်၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကိုနားထောင်ရမည်။ Judson Bible ယနေ့ ငါမှာထားသည်အတိုင်း သင်၏ဘုရားသခင်ထာဝရဘုရား၏ စကားတော်ကို နားထောင်၍ ပညတ်တော်အလုံးစုံတို့ကို ကျင့်သဖြင့်၊ သင်၏ ဘုရားသခင်ထာဝရဘုရား နှစ်သက်တော်မူဖွယ်ပြုသောအခါ၊ ရှေးကတိတော်အတိုင်း ပြုတော်မူမည်။ |
ငါသည် သင့်ကို အမှန်ပင်ကောင်းချီးပေး၍ သင်၏အမျိုးအနွယ်ကို ကောင်းကင်ကြယ်နှင့်အမျှ၊ ပင်လယ်ကမ်းခြေရှိသဲပွင့်နှင့်အမျှ အလွန်များပြားစေမည်။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးကို သိမ်းပိုက်လိမ့်မည်။
ထိုအခါ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်အလုံးစုံတို့ကို ကြည့်ရှုဆင်ခြင်သဖြင့် အရှက်ကွဲရလိမ့်မည်မဟုတ်ပါ။
ဘုရားသခင်၏နိုင်ငံတော်နှင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ဦးစွာရှာကြလော့။ ထိုအခါ ဤအရာအားလုံးတို့ကို သင်တို့အား ထပ်လောင်း၍ပေးတော်မူလိမ့်မည်။
‘သခင်ဘုရား၊ သခင်ဘုရား’ဟု ငါ့ကိုခေါ်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရမည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုတော်ကို ဆောင်ရွက်သောသူသာ ဝင်ရလိမ့်မည်။
သို့ဖြစ်၍ ငါဟောပြောသော ဤတရားစကားတို့ကိုကြား၍ ကျင့်သုံးသောသူတိုင်းသည် ကျောက်ပေါ်၌ မိမိအိမ်ကိုဆောက်သည့် ပညာသတိရှိသောသူနှင့်တူ၏။
သင်မှစ၍ နောင်လာမည့် သင်၏သားမြေးတို့ကောင်းစားကြမည့်အကြောင်း သွေးကိုမစားရ။ ထိုသို့ပြုခြင်းသည် ထာဝရဘုရား၏ရှေ့တော်၌ ဖြောင့်မှန်သောအမှုကိုပြုခြင်းဖြစ်၏။
သင်မှစ၍ နောင်လာမည့် သင်၏သားမြေးတို့ အစဉ်ကောင်းစားမည့်အကြောင်း သင့်အား ငါမှာကြားထားသော ဤစကားရှိသမျှတို့ကို လိုက်နာစောင့်ထိန်းလော့။ ထိုသို့ပြုခြင်းသည် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ကောင်းသောအမှု၊ ဖြောင့်မှန်သောအမှုတို့ကိုပြုခြင်းဖြစ်၏။
သင်တို့အား ငါမှာကြားထားသည့် နှုတ်ကပတ်တော်ရှိသမျှတို့ကို လိုက်နာစောင့်ထိန်းရမည်။ မဖြည့်စွက်ရ။ မနုတ်ပယ်ရ။
ထာဝရဘုရား၏ပြင်းထန်သောအမျက်တော်သည်ပြေ၍ သင့်ကို သနားစုံမက်တော်မူမည့်အကြောင်း၊ သင့်ကို သနားစုံမက်၍ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည့်အတိုင်း သင့်ကိုတိုးပွားစေတော်မူမည့်အကြောင်း သင်သည် ကျိန်ခြင်းခံရသောအရာတစ်စုံတစ်ခုကိုမျှ သင်၏လက်ထဲ၌ မထားရ။
သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏သားသမီးများဖြစ်ကြ၏။ သေဆုံးသူအတွက် ကိုယ့်အသား ကိုယ်မမွှမ်းရ၊ သင်တို့၏ဦးစွန်းကိုမရိတ်ရ။
စက်ဆုပ်ရွံရှာဖွယ်သောအရာကို သင့်အိမ်ထဲသို့ မယူလာရ။ ထိုအရာသည် ကျိန်ခြင်းခံရသောအရာဖြစ်၍ ယူလာလျှင် သင်သည် ထိုအရာကဲ့သို့ ကျိန်ခြင်းခံရလိမ့်မည်။ ထိုအရာကို လုံးလုံးရွံမုန်းရမည်။
ထို့နောက် သူ့အပေါ် ကျောက်ပုံကြီးကို ပုံထား၏။ ထိုကျောက်ပုံသည် ယနေ့တိုင်အောင်ရှိ၏။ ထိုအခါ ထာဝရဘုရားသည် အမျက်ပြင်းစွာထွက်ရာမှ ပြေလေ၏။ ထို့ကြောင့် ထိုအရပ်၏အမည်ကို ယနေ့တိုင်အောင် အာခေါ်ချိုင့်ဝှမ်းဟုမှည့်ခေါ်လေ၏။