ထို့နောက် ယာကုပ်က “ဘုရားသခင်သည် အကျွန်ုပ်နှင့်အတူရှိ၍ အကျွန်ုပ်သွားသောဤခရီးတွင် အကျွန်ုပ်ကိုစောင့်ရှောက်လျက် စားစရာအစာနှင့် ဝတ်စရာအဝတ်ကို အကျွန်ုပ်အားပေးသနားတော်မူသဖြင့်
တရားဟော 12:26 - မြန်မာ့စံမီသမ္မာကျမ်း သင်ပူဇော်ရမည့် သန့်ရှင်းသောပူဇော်သက္ကာ၊ ကတိသစ္စာဆိုင်ရာပူဇော်သက္ကာ တို့ကိုယူ၍ ထာဝရဘုရားရွေးချယ်တော်မူသောနေရာသို့ သွားရမည်။ Common Language Bible သင်တို့၏ပူဇော်သကာနှင့် ဆက်ကပ်ပါမည် ဟုကတိပြုထားသောလက်ဆောင်ပဏ္ဏာများ ကိုထာဝရဘုရားအားဝတ်ပြုရာတစ်ခု တည်းသောဌာနသို့ယူဆောင်သွားရကြမည်။- Garrad Bible သင် တို့ သီး သန့် ရာ အ လှူ များ နှင့် သ စ္စာ ဝတ် အ လျောက် အ လှူ များ မှာ မူ ထာ ဝ ရ ဘု ရား ရွေး ချယ် တော် မူ မည့် ဌာ န သို့ ဆောင် သွား ပြီး လျှင်၊ Judson Bible သင်၌ သန့်ရှင်းသောပူဇော်သကာ၊ သစ္စာကတိအတိုင်းပြုသော ပူဇော်သကာတို့ကိုယူ၍၊ ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်သို့ သွားရမည်။ |
ထို့နောက် ယာကုပ်က “ဘုရားသခင်သည် အကျွန်ုပ်နှင့်အတူရှိ၍ အကျွန်ုပ်သွားသောဤခရီးတွင် အကျွန်ုပ်ကိုစောင့်ရှောက်လျက် စားစရာအစာနှင့် ဝတ်စရာအဝတ်ကို အကျွန်ုပ်အားပေးသနားတော်မူသဖြင့်
ထာဝရဘုရားအား အစ္စရေးအမျိုးသားတို့ပေးလှူပူဇော်သည့် သန့်ရှင်းသောအလှူပစ္စည်းရှိသမျှတို့ကို အစဉ်အမြဲရရှိရမည့်ဝေစုအဖြစ် သင်နှင့် သင်၏သားသမီးတို့အား ငါပေး၏။ ထိုဝေစုသည် ထာဝရဘုရားရှေ့တော်၌ သင်နှင့် သင်၏သားစဉ်မြေးဆက်တို့အတွက် ထာဝရဆားပဋိညာဉ်ဖြစ်၏”ဟု မိန့်တော်မူ၏။
ထိုအခါ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကိန်းဝပ်ရာနေရာကိုရွေးချယ်တော်မူမည်။ သင်တို့အား ငါမှာကြားထားသမျှအတိုင်း သင်တို့၏မီးရှို့ရာယဇ်၊ ပူဇော်သက္ကာ၊ ဆယ်ဖို့တစ်ဖို့၊ အလှူပစ္စည်း၊ ထာဝရဘုရားထံ သင်တို့ကတိသစ္စာပြုထားသည့် ကတိသစ္စာဆိုင်ရာအကောင်းဆုံးပူဇော်သက္ကာရှိသမျှတို့ကို ထိုနေရာသို့ သင်တို့ယူဆောင်လာရမည်။
နာမတော်တည်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာသည် သင်နှင့်ဝေးလွန်းလျှင် သင့်ကိုငါမှာကြားထားသည့်အတိုင်း သင့်အား ထာဝရဘုရားပေးတော်မူသော သင်၏နွား၊ သိုးတို့ကို သတ်၍ သင်၏စိတ်ဆန္ဒရှိသမျှအတိုင်း သင်၏မြို့၌ စားခွင့်ရှိ၏။
သင်တို့သည် မိမိတို့၏မီးရှို့ရာယဇ်၊ ပူဇော်သက္ကာ၊ ဆယ်ဖို့တစ်ဖို့၊ အလှူပစ္စည်း၊ ကတိသစ္စာဆိုင်ရာပူဇော်သက္ကာ၊ စေတနာအလျောက်ပူဇော်သောပူဇော်သက္ကာ၊ နွားသားဦး၊ သိုးသားဦး တို့ကို ထိုအရပ်သို့ ယူဆောင်လာ၍