တရားဟော 12:23 - မြန်မာ့စံမီသမ္မာကျမ်း သွေးသည် အသက်ဖြစ်သောကြောင့် သွေးကိုလုံးဝမစားရ။ အသားနှင့်တကွ အသက်ကိုမစားရ။ Common Language Bible သို့ရာတွင်သွေးသည်အသက်ဖြစ်သောကြောင့် သွေးကိုမစားရ။ သို့ဖြစ်၍သွေးပါရှိသော အသားကိုမစားရ။- Garrad Bible အ သွေး ကို ကား၊ မ သုံး ဆောင် ဘဲ တည် မြဲ ကြ လော့။ အ သွေး သည် အ သက် မှန် သည် ကို ထောက်၍ အ သက် ပါ သည့် အ သား ကို မ စား ကြ ရ။ Judson Bible သို့ရာတွင်၊ အသွေးကိုမစားမည်အကြောင်း၊ သတိပြုလော့။ အသက်သည် အသွေး၌တည်၏။ အသားနှင့်တကွ အသက်ကိုမစားရ။ |
ထို့ကြောင့် သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက သင်တို့သည် အသွေးကိုစားလျက်၊ ရုပ်တုကိုမျှော်ကြည့်လျက်၊ အသက်ကိုသတ်လျက်နှင့်ပင် ထိုပြည်ကို ပိုင်ဆိုင်လိုသေးသလော။
အစ္စရေးအမျိုးအနွယ်ထဲမှဖြစ်စေ၊ သူတို့တွင် တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားထဲမှဖြစ်စေ တစ်စုံတစ်ယောက်သည် သွေးတစ်မျိုးမျိုးကိုစားလျှင် ထိုသွေးစားသောသူကို ငါမျက်နှာလွှဲ၍ သူ၏လူမျိုးမှ ငါပယ်ဖျက်မည်။
အကြောင်းမူကား သတ္တဝါ၏အသက်သည် သွေး၌တည်၏။ ယဇ်ပလ္လင်ပေါ်၌ ထိုသွေးဖြင့် သင်တို့၏အပြစ်ဖြေလွှတ်ခြင်းကိုပြုရန်အတွက် ငါသတ်မှတ်ပေးပြီ။ အကယ်စင်စစ် သွေးသည် လူတို့၏အပြစ်ကိုဖြေလွှတ်ရန်အတွက်ဖြစ်၏။
သင်တို့နေထိုင်ရာအရပ်ရပ်၌ ငှက်သွေးဖြစ်စေ၊ တိရစ္ဆာန်သွေးဖြစ်စေ မည်သည့်သွေးကိုမျှ မစားရ။
ရုပ်တုများကြောင့်ညစ်ညူးသောအရာ၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ လည်ညှစ်သတ်သောတိရစ္ဆာန်နှင့် သွေးတို့ကိုရှောင်ကြဉ်ကြရန် သူတို့ထံ စာရေးသင့်သည်ဟု ငါယူဆ၏။
သမင်၊ ဒရယ်အသားကို စားသကဲ့သို့ စားခွင့်ရှိ၏။ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့ အတူတကွစားခွင့်ရှိ၏။
ထို့နောက် သူတို့သည် သီချင်းအသစ်ကိုသီဆိုလျက် “ကိုယ်တော်သည် စာလိပ်ကိုယူ၍ ၎င်း၏တံဆိပ်များကိုဖွင့်ရန် ထိုက်တန်သောသူဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အသေသတ်ခြင်းခံရ၍ ကိုယ်တော်၏သွေးတော်အားဖြင့် မျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးတို့ထဲမှ လူတို့ကို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူပြီး
ထို့ကြောင့် သူတို့သည် တိုက်ရာပါပစ္စည်းများရှိရာသို့ တစ်ဟုန်ထိုးပြေးသွား၍ သိုးနွားများ၊ နွားသငယ်များကို မြေပေါ်တွင်သတ်ပြီးလျှင် အသွေးပါ စားမိကြလေ၏။
ထိုအခါ ရှောလုမင်းကြီးအား “ကြည့်ပါလော့။ စစ်သည်တို့သည် အသွေးနှင့်တကွစားခြင်းဖြင့် ထာဝရဘုရားကို ပြစ်မှားမိကြပြီ”ဟု လျှောက်ကြရာ ရှောလုမင်းကြီးက “သင်တို့သစ္စာဖျက်ကြပြီ။ ယနေ့ ငါ့ထံ ကျောက်တုံးကြီးတစ်တုံးလှိမ့်လာခဲ့ပါ”ဟု မိန့်ဆို၏။