အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တ​ရား​ဟော 12:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား​ကောင်းချီးမင်္ဂလာ​ပေး​သည်​နှင့်အညီ စား​လို​သော​တိရစ္ဆာန်​ကို​သတ်​၍ မြို့​တိုင်း​၌ စားခွင့်​ရှိ​၏​။ ထို​အသား​ကို စင်ကြယ်​သော​သူ​ရော မစင်ကြယ်​သော​သူ​ပါ သမင်​၊ ဒရယ်​အသား​ကို​စား​ခွင့်​ရှိ​သကဲ့သို့ စား​နိုင်​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

``သို့​ရာ​တွင်​သင်​တို့​နေ​ထိုင်​ရာ မြို့​ရွာ​များ​၌ တိ​ရစ္ဆာန်​များ​ကို​သတ်​စား​နိုင်​သည်။ ထာ​ဝ​ရ ဘု​ရား​သည်​သင်​တို့​အား​ကြွယ်​ဝ​ချမ်း​သာ စေ​တော်​မူ​သ​မျှ​အ​တိုင်း​သတ်​စား​နိုင်​သည်။ သင်​တို့​အ​ပေါင်း​သည်​သ​မင်​ဒ​ရယ်​သား ကို​စား​သုံး​ခွင့်​ရှိ​သ​ကဲ့​သို့ ဘာ​သာ​ရေး​ထုံး တမ်း​အ​ရ​စင်​ကြယ်​သူ​ဖြစ်​စေ၊ မ​စင်​ကြယ် သူ​ဖြစ်​စေ​ထို​တိ​ရစ္ဆာန်​၏​အ​သား​ကို​စား သုံး​ခွင့်​ရှိ​သည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

သို့ ရာ တွင်၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ သော ကောင်း ကြီး မင်္ဂ လာ အ လျောက် မြို့ ရွာ များ အ တွင်း အ မဲ ကို စီ ရင် လျက်၊ မ သန့် သူ၊ သန့် သူ တို့ ပါ သ မင် ဒ ရယ် သား ကို စား ရ သည့် နည်း တူ၊ ချင် ရဲ ပြေ အောင် စား ခွင့် ရှိ ကြ၏။

အခန်းကိုကြည့်ပါ။

Judson Bible

သို့​ရာ​တွင် သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သည်​အ​တိုင်း၊ သင်​တို့​နေ​ရာ​အ​ရပ်​ရပ်၌ စား​ချင်​သော​အ​လို​သို့​လိုက်၍ သတ်​စား​ရ​သော အ​ခွင့်​ရှိ​ကြ၏။ သ​မင်၊ ဒ​ရယ်​ကို​စား​သ​ကဲ့​သို့၊ စင်​ကြယ်​သော​သူ၊ မ​စင်​ကြယ်​သော​သူ​တို့​သည် အ​တူ​စား​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။



တ​ရား​ဟော 12:15
6 ပူးပေါင်းရင်းမြစ်များ  

မျိုးနွယ်​တစ်​နွယ်​ထဲရှိ ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​၌​သာ မီးရှို့ရာယဇ်​ကို ပူဇော်​ရ​မည်​။ ထို​နေရာ​၌ ငါ​မှာကြား​ထား​သမျှ​ကို သင်​ပြု​ရ​မည်​။


ထို​ငွေ​ဖြင့် နွား​၊ သိုး​၊ စပျစ်ဝိုင်​၊ သေရည်သေရက်​စသည်​တို့​ကို သင်​အလို​ရှိသမျှ​၊ သင်​တောင့်တ​သမျှ ဝယ်ယူ​ပြီးလျှင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌ စား​၍ သင်​၏​အိမ်သူအိမ်သား​များ​နှင့်အတူ ဝမ်းမြောက်​ရ​မည်​။


သမင်​၊ ဒရယ်​၊ ဆတ်​၊ ဆိတ်ရိုင်း​၊ တောင်ဆိတ်​၊ တောဆိတ်​၊ သိုးရိုင်း တို့​ဖြစ်​၏​။