သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသောစကားကိုလည်းကောင်း၊ ငါ့ကို သင်တို့ထံစေလွှတ်၍ ဆင့်ဆိုစေသမျှကိုလည်းကောင်း ယနေ့ သင်တို့အား ငါပြောပြသော်လည်း သင်တို့နားမထောင်ကြ။
တရားဟော 11:26 - မြန်မာ့စံမီသမ္မာကျမ်း ယနေ့ သင်တို့ရှေ့၌ ကောင်းချီးမင်္ဂလာနှင့် ကျိန်ခြင်းကို ငါချထား၏။ Common Language Bible ``ကောင်းချီးမင်္ဂလာနှင့်ကျိန်ခြင်းတို့အနက် တစ် ခုခုကိုယနေ့ရွေးယူလော့။- Garrad Bible သင် တို့ ရှေ့ ယ နေ့ ငါ ထား သော မင်္ဂ လာ အ မင်္ဂ လာ နှစ် ပါး ကား၊ Judson Bible ယနေ့ကောင်းချီးပေးခြင်းနှင့် ကျိန်ခြင်းတည်းဟူသော ဤနှစ်ပါးကို သင်တို့ရှေ့မှာငါထား၏။ |
သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသောစကားကိုလည်းကောင်း၊ ငါ့ကို သင်တို့ထံစေလွှတ်၍ ဆင့်ဆိုစေသမျှကိုလည်းကောင်း ယနေ့ သင်တို့အား ငါပြောပြသော်လည်း သင်တို့နားမထောင်ကြ။
“ပညတ်တရားကျမ်း၌ ရေးထားသမျှသောအရာတို့ကို အမြဲမကျင့်သုံးသောသူတိုင်းသည် ကျိန်ခြင်းကိုခံရ၏”ဟု ရေးထားသည်ဖြစ်၍ ပညတ်တရားနှင့်ဆိုင်သောအကျင့်ကို အမှီပြုသောသူရှိသမျှတို့သည် ကျိန်ခြင်းအောက်၌ရှိကြ၏။
သင့်ရှေ့၌ ငါချထားသည့် ကောင်းချီးမင်္ဂလာနှင့်ကျိန်ခြင်းအမင်္ဂလာရှိသမျှတို့သည် သင့်အပေါ်သို့ကျရောက်၍ သင်၏ဘုရားသခင်ထာဝရဘုရား သင့်ကိုနှင်ထုတ်တော်မူရာအရပ်ရပ်ရှိ လူမျိုးတကာတို့အလယ်တွင် ထိုအရာတို့ကို သင်ပြန်၍နှလုံးသွင်းလျှင်၊