ထာဝရဘုရားက သူ့အား “ငါ့ရှေ့မှောက်တွင် သင်ဆုတောင်းအသနားခံသည်ကို ငါနားညောင်းပြီ။ သင်တည်ဆောက်သောဤအိမ်တော်ကို ငါသန့်ရှင်းစေမည်။ ငါ့နာမအဖို့ အစဉ်တည်စေမည်။ ဤအိမ်တော်ကို ငါအစဉ်အမြဲကြည့်ရှုနှလုံးသွင်းမည်။
တရားဟော 11:12 - မြန်မာ့စံမီသမ္မာကျမ်း သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုပြည်ကို စောင့်ရှောက်တော်မူ၏။ သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုပြည်ကို နှစ်အစမှ နှစ်အဆုံးတိုင်အောင် အစဉ်မပြတ်ကြည့်ရှုတော်မူ၏။ Common Language Bible သင်တို့ဘုရားသခင်ထာဝရဘုရားသည် တစ်နှစ်ပတ်လုံးကြည့်ရှုစောင့်ရှောက်တော်မူ သောပြည်ဖြစ်သည်။'' Garrad Bible နှစ် ဦး မှ စ၍ နှစ် ကုန် တိုင် အောင်၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အာ ရုံ ပြု လျက် ကြောင့် ကြ တော် မူ သော ပြည် ဖြစ် သော ကြောင့် တည်း။ Judson Bible သင်တို့၏ ဘုရားသခင်ထာဝရဘုရားပြုစု၍ တစ်နှစ်ပတ်လုံး ကြည့်ရှုတော်မူသောပြည် ဖြစ်၏။ |
ထာဝရဘုရားက သူ့အား “ငါ့ရှေ့မှောက်တွင် သင်ဆုတောင်းအသနားခံသည်ကို ငါနားညောင်းပြီ။ သင်တည်ဆောက်သောဤအိမ်တော်ကို ငါသန့်ရှင်းစေမည်။ ငါ့နာမအဖို့ အစဉ်တည်စေမည်။ ဤအိမ်တော်ကို ငါအစဉ်အမြဲကြည့်ရှုနှလုံးသွင်းမည်။
သင်တို့ အသက်မသေ ရှင်ကျန်နေမည့်အကြောင်း ငါသည် လာ၍ သင်တို့ပြည်ကဲ့သို့ ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ထွက်သောပြည်၊ အစားအစာနှင့် စပျစ်ခြံပေါများသောပြည်၊ သံလွင်ဆီနှင့် ပျားရည်ရှိရာပြည်သို့ သင်တို့ကို ခေါ်ဆောင်သွားမည်။ ဟေဇကိက ထာဝရဘုရားသည် ငါတို့ကိုကယ်နုတ်တော်မူမည်ဟု ဆိုလျက် လှည့်စားသည်ကို မခံကြနှင့်။
ဘုရားသခင်သည် ဂျူးသက်ကြီးဝါကြီးတို့ကို ကြည့်ရှုစောင်မတော်မူသဖြင့် ဒါရိမင်းကြီးထံအစီရင်ခံစာတင်သွင်းပြီး ပြန်စာမရမချင်း အိမ်တော်တည်ဆောက်ခြင်းအမှုကို ဆက်လက်လုပ်ဆောင်ကြ၏။
ကြည့်ရှုလော့။ ထာဝရဘုရားသည် မိမိကိုကြောက်ရွံ့သောသူတို့နှင့် မိမိမေတ္တာကရုဏာတော်ကို မျှော်လင့်ကိုးစားသောသူတို့၏စိတ်ဝိညာဉ်ကို ကြည့်ရှုတော်မူ၏။
ထာဝရဘုရား၏မျက်စိတော်သည် ဖြောင့်မတ်သောသူတို့ကိုကြည့်ရှု၍ ကိုယ်တော်၏နားတော်သည် သူတို့၏အော်ဟစ်သံကိုနားထောင်တော်မူ၏။
ကိုယ်တော်သည် တစ်နှစ်တာကာလကို မိမိ၏ကောင်းမြတ်ခြင်းသရဖူ ဆောင်းပေးတော်မူ၏။ ကိုယ်တော်၏လမ်းတော်တို့သည်လည်း ကြွယ်ဝခြင်းနှင့်ပြည့်လျှံလျက်ရှိပါ၏။
နောက်မှ ငါလာ၍ သင်တို့ပြည်ကဲ့သို့ ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ထွက်သောပြည်၊ အစားအစာနှင့် စပျစ်ခြံပေါများသောပြည်သို့ သင်တို့ကို ငါခေါ်ဆောင်သွားမည်။
သူတို့ကောင်းကျိုးအတွက် သူတို့ကို ငါကြည့်ရှုမည်။ သူတို့ကို ဤပြည်သို့ပြန်ခေါ်လာမည်။ မဖြိုဖျက်ဘဲ တည်ဆောက်မည်။ မနုတ်ပစ်ဘဲ စိုက်ပျိုးမည်။