တစ်စုံတစ်ဦးသည် မိမိ၏အိမ်နီးချင်းကို တမင်သက်သက်ကြံစည်သတ်ဖြတ်လျှင် ထိုသူသည် သေဒဏ်ခံရန် ငါ၏ယဇ်ပလ္လင်တော်မှပင်ဖြစ်စေကာမူ သူ့ကိုဆွဲထုတ်သွားရမည်။
တရားဟော 1:41 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သင်တို့က ငါ့အား ‘အကျွန်ုပ်တို့သည် ထာဝရဘုရားကို ပြစ်မှားကြပါပြီ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း တက်သွား၍ စစ်တိုက်ပါမည်’ဟု ဆိုပြီးလျှင် သင်တို့အသီးသီး လက်နက်များကိုစွဲကိုင်၍ တောင်ပေါ်ဒေသသို့တက်သွားရန် အသင့်နေကြ၏။ Common Language Bible ``သင်တို့ကငါ့အား`အကျွန်ုပ်တို့သည်ထာဝရ ဘုရားအား ပြစ်မှားမိကြပါပြီ။ အကျွန်ုပ်တို့ ၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူ သည့်အတိုင်း ယခုစစ်ချီတိုက်ခိုက်ပါမည်' ဟု ဆိုကြ၏။ ထို့နောက်သင်တို့သည်တောင်ကုန်း ဒေသကိုလွယ်ကူစွာဝင်ရောက်တိုက်ခိုက်နိုင် မည့်အထင်နှင့် သင်တို့အားလုံးစစ်ချီတိုက် ရန်အသင့်ပြင်ကြ၏။'' Garrad Bible သင် တို့ က၊ ထာ ဝ ရ ဘု ရား အား ကျွန် တော် တို့ ပြစ် မှား ပြီ မှန် ပါ၏။ ကျွန် တော် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သ မျှ အ တိုင်း၊ ချီ တက် တိုက် ခိုက် ပါ မည် ဟု ငါ့ အား ဆို ကြ ပြီး လျှင်၊ အ သီး အ သီး တို့ သည် စစ် လက် နက် များ ကို ကိုင် လျက်၊ Judson Bible သင်တို့ကလည်း၊ အကျွန်ုပ်တို့သည် ထာဝရဘုရားကို ပြစ်မှားမိပါပြီ။ အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသမျှအတိုင်း၊ ယခုသွား၍ စစ်တိုက်ပါမည်ဟု ငါ့အားလျှောက်ဆိုလျက်၊ လူအပေါင်းတို့သည် လက်နက်စွဲကိုင်လျက်၊ တောင်ပေါ်သို့တက်ခြင်းငှာ အသင့်နေကြ၏။ |
တစ်စုံတစ်ဦးသည် မိမိ၏အိမ်နီးချင်းကို တမင်သက်သက်ကြံစည်သတ်ဖြတ်လျှင် ထိုသူသည် သေဒဏ်ခံရန် ငါ၏ယဇ်ပလ္လင်တော်မှပင်ဖြစ်စေကာမူ သူ့ကိုဆွဲထုတ်သွားရမည်။
လူသည် မိမိ၏မိုက်မဲမှုကြောင့် မိမိလမ်းခရီးမှားယွင်းချွတ်ချော်သောအခါပင် သူ၏စိတ်နှလုံးတွင် ထာဝရဘုရားကိုစိတ်ဆိုးတတ်၏။
ထိုအခါ ဗာလမ်က ထာဝရဘုရား၏ကောင်းကင်တမန်အား “အကျွန်ုပ်ပြစ်မှားပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ကိုဆီးတားရန် လမ်း၌ရပ်နေသည်ကို အကျွန်ုပ်မသိပါ။ ကိုယ်တော်မနှစ်မြို့လျှင် အကျွန်ုပ်ပြန်သွားပါမည်”ဟု လျှောက်လေ၏။