အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တ​ရား​ဟော 1:31 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဤ​အရပ်​သို့ သင်​တို့​ရောက်​သည့်​တိုင်အောင် သင်​တို့​သွား​သည့်​လမ်းခရီး​တစ်လျှောက်​တွင် ဖခင်​သည် သား​ကို​ချီပိုး​သကဲ့သို့ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​ကို မည်ကဲ့သို့​ချီပိုး​တော်မူ​ခဲ့​ကြောင်း​ကို တောကန္တာရ​၌​သင်​တို့​တွေ့မြင်​ခဲ့​ရ​သကဲ့သို့ ထာဝရဘုရား​သည် သင်​တို့​အဖို့ စစ်တိုက်​တော်မူ​လိမ့်မည်​’​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။

Judson Bible

သင်​တို့​လိုက်​လာ​သော လမ်း​တစ်​လျှောက်​လုံး၊ ဤ​အ​ရပ်​တိုင်​အောင် အ​ဘ​သည် သား​ကို​ချီ​ပိုက်​သ​ကဲ့​သို့၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ချီ​ပိုက်​တော်​မူ​သော ကျေး​ဇူး​တော်​ကို​ခံ​ရာ တော၌​လည်း​ကောင်း၊ သင်​တို့​အ​ဖို့​ပြု​တော်​မူ​သ​ကဲ့​သို့၊ သင်​တို့​ဘက်၌ စစ်​ကူ​တော်​မူ​မည်​ဟု ဆို​သော်​လည်း၊

အခန်းကိုကြည့်ပါ။



တ​ရား​ဟော 1:31
18 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​၏​လူမျိုး​တော်​ကို​ကယ်တင်​၍ ကိုယ်တော်​၏​အမွေ​တော်​ကို ကောင်းချီးပေး​တော်မူ​ပါ​။ သူ​တို့​ကို​ထိန်းကျောင်း​၍ သူ​တို့​ကို​အစဉ်အမြဲ ပွေ့ချီ​ခေါ်ဆောင်​တော်မူ​ပါ​။


‘​ငါ​သည် အီဂျစ်​လူမျိုး​တို့​ကို စီရင်​ခဲ့​ပုံ​၊ သင်​တို့​ကို လင်းယုန်​၏​တောင်ပံ​များ​ပေါ်​တင်​၍ ငါ့​ထံသို့ ခေါ်ဆောင်​လာ​ခဲ့​ပုံ​တို့​ကို သင်​တို့​ကိုယ်တိုင်​သိမြင်​ခဲ့​ကြ​၏​။


ကိုယ်တော်​သည် သိုးထိန်း​ကဲ့သို့ သိုးစု​ကို ထိန်းကျောင်း​တော်မူ​မည်​။ သိုးသငယ်​တို့​ကို လက်ရုံး​တော်​ဖြင့်​စုစည်း​၍ ရင်ခွင်​၌​ပွေ့ပိုက်​တော်မူ​မည်​။ သားငယ်​ရှိ​သော​သိုးမ​တို့​ကို​လည်း ညင်ညင်သာသာ​ပို့ဆောင်​တော်မူ​မည်​။


သူ​တို့​ခံရ​သမျှ​သော​ဆင်းရဲဒုက္ခ​ကို ကိုယ်တော်​လည်း ခံ​တော်မူ​ခဲ့​၏​။ မျက်မှောက်​တော်​ရှိ ကောင်းကင်တမန်​သည် သူ​တို့​ကို ကယ်တင်​ခဲ့​၏​။ ကိုယ်တော်​သည် မေတ္တာ​ကရုဏာ​တော်​ဖြင့် သူ​တို့​ကို ရွေးနုတ်​တော်မူ​ခဲ့​၏​။ ရှေး​ကာလ​ပတ်လုံး သူ​တို့​ကို​ချီ​ဆောင်​တော်မူ​ခဲ့​၏​။


ထာဝရဘုရား​က “​ထို​ပဋိညာဉ်​သည် သူ​တို့​၏​ဘိုးဘေး​တို့​ကို အီဂျစ်​ပြည်​မှ လက်ဆွဲ​၍​ထုတ်ဆောင်​လာ​ခဲ့​စဉ်က ဖွဲ့​ခဲ့​သော​ပဋိညာဉ်​ကဲ့သို့​မ​ဟုတ်​။ ငါ​သည် သူ​တို့​၏​ခင်ပွန်း​ဖြစ်​သော်လည်း ငါ​၏​ပဋိညာဉ်​ကို သူ​တို့​ချိုးဖောက်​ခဲ့​ပြီ​”​ဟု မိန့်​တော်မူ​၏​။


အို နာမ​တော်​ကို​မထီမဲ့မြင်ပြု​သော​ယဇ်ပုရောဟိတ်​တို့​၊ သား​သည် ဖခင်​ကို​လည်းကောင်း​၊ ကျွန်​သည် သခင်​ကို​လည်းကောင်း ရိုသေလေးစား​တတ်​၏​။ ငါ​သည် ဖခင်​ဆိုလျှင် ငါ့​ကို မည်သူ​ရိုသေလေးစား​သနည်း​။ ငါ​သည် သခင်​ဆိုလျှင် ငါ့​ကို မည်သူ​ကြောက်ရွံ့​သနည်း​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​မေး​တော်မူ​လျှင် သင်​တို့​က ‘အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​နာမ​တော်​ကို မည်သို့​မထီမဲ့မြင်ပြု​ပါ​သနည်း’​ဟု ပြန်​မေးလျှောက်​ကြ​၏​။


ဤ​လူ​အပေါင်း​တို့​ကို ခေါ်ဆောင်​သွား​ရန် အကျွန်ုပ်​တစ်ယောက်တည်း မ​တတ်နိုင်​ပါ​။ အကျွန်ုပ်​အတွက် လေးလွန်း​သော​ဝန်​ဖြစ်​ပါ​၏​။


အနှစ်​လေးဆယ်​ခန့်မျှ​သော​ကာလ​ပတ်လုံး တော​ကန္တာရ​တွင် သူ​တို့​ကို သည်းခံ​တော်မူ​၏။


အို မိုက်မဲ​သော​လူမျိုး​၊ ပညာမဲ့​သော​လူမျိုး​၊ ဤနည်းဖြင့် ထာဝရဘုရား​ကို ကျေးဇူးဆပ်​ရ​သလော​။ ကိုယ်တော်​သည် သင်​၏​ဖခင်​၊ သင့်​ကို​ဖန်ဆင်း​သော​အရှင် ဖြစ်​တော်မူ​သည်​မ​ဟုတ်​လော​။ ကိုယ်တော်​သည် သင့်​ကို​ဖန်ဆင်း​၍ ပုံဖော်​ဖြစ်တည်​စေ​တော်မူ​သည်​မ​ဟုတ်​လော​။


ဖခင်​သည် သား​ကို​ဆုံးမ​သကဲ့သို့ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို​ဆုံးမ​တော်မူ​ကြောင်း သင်​၏​စိတ်နှလုံး​ထဲ၌ သိမှတ်​ရ​မည်​။