တရားဟော 1:23 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် ထိုစကားကိုနှစ်သက်သဘောကျသဖြင့် သင်တို့ထဲမှ မျိုးနွယ်တစ်နွယ်လျှင် တစ်ယောက်ကျ လူတစ်ဆယ့်နှစ်ယောက်ကို ရွေးယူ၏။ Common Language Bible ``ထိုအကြံသည်သင့်မြတ်သဖြင့် ငါသည် တစ်နွယ်လျှင်တစ်ယောက်ကျလူတစ်ဆယ့် နှစ်ယောက်ကိုရွေးခဲ့၏။- Garrad Bible တစ် နွယ် လျှင် တစ် ယောက် ကျ၊ လူ ဆယ့် နှစ် ယောက် ကို ရွေး ကောက် သည့် အ တိုင်း၊ Judson Bible လျှောက်ဆိုသောစကားကို ငါနှစ်သက်၍၊ သင်တို့တွင် တစ်မျိုးတစ်ယောက်စီ၊ လူပေါင်းတစ်ကျိပ်နှစ်ယောက်တို့ကို ရွေးထား၏။ |
ထိုပြည်ကိုကြည့်ရှုရန် သင်တို့၏ဖခင်တို့ကို ကာဒေရှဗာနာအရပ်မှ ငါစေလွှတ်သောအခါ သူတို့သည်လည်း ဤသို့ပြုခဲ့ကြ၏။
ထိုအခါ သင်တို့အားလုံး ငါ့ထံသို့ချဉ်းကပ်၍ ‘အကျွန်ုပ်တို့အလျင် လူကိုစေလွှတ်၍ ထိုပြည်ကို စူးစမ်းစေပါ။ သို့မှသာ ထိုသူတို့သည် အကျွန်ုပ်တို့သွားရမည့်လမ်း၊ ရောက်ရမည့်မြို့အကြောင်းကို အကျွန်ုပ်တို့အား ပြန်ပြောပြနိုင်ပါမည်’ဟု သင်တို့ ဆိုကြ၏။
ထိုသူတို့သည် တောင်ပေါ်ဒေသသို့ တက်သွားပြီး ဧရှကောလချိုင့်ဝှမ်းသို့ရောက်၍ ထိုပြည်ကို စူးစမ်းကြ၏။