ထို့နောက် ယာကုပ်သည် စိရပြည်၊ ဧဒုံအရပ်ရှိ မိမိအစ်ကိုဧသောထံသို့ စေတမန်တို့ကို ရှေ့ပြေးအဖြစ်စေလွှတ်၍
တရားဟော 1:2 - မြန်မာ့စံမီသမ္မာကျမ်း (ဟောရပ်တောင်မှ ကာဒေရှဗာနာအရပ်အထိ စိရတောင်လမ်းဖြင့်သွားလျှင် တစ်ဆယ့်တစ်ရက်ကြာ၏။) Common Language Bible (သိနာတောင်မှကာဒေရှဗာနာအရပ်သို့ တောင်ထူထပ်သောဧဒုံပြည်လမ်းဖြင့် ခရီး သွားသော်တစ်ဆယ့်တစ်ရက်ကြာ၏။-) Garrad Bible စိ ရ တောင် လမ်း ဖြင့်၊ ကာ ဒေ ရှ ဗာ နာ မြို့ နှင့်၊ ဟော ရပ် တောင် သည် ခ ရီး ဆယ့် တစ် ရက် ကွာ သ တည်း။ Judson Bible ကာဒေရှဗာနာအရပ်သည်၊ စိရတောင်လမ်းဖြင့် ဟောရပ်အရပ်နှင့် ဆယ်တစ်ရက်ခရီး ကွာသတည်း။ |
ထို့နောက် ယာကုပ်သည် စိရပြည်၊ ဧဒုံအရပ်ရှိ မိမိအစ်ကိုဧသောထံသို့ စေတမန်တို့ကို ရှေ့ပြေးအဖြစ်စေလွှတ်၍
ကြည့်ရှုလော့။ ငါသည် ဟောရပ်တောင်ရှိကျောက်ဆောင်ပေါ်တွင် သင့်ရှေ့၌ ရပ်နေမည်။ သင်သည် ထိုကျောက်ဆောင်ကိုရိုက်လော့။ ထိုကျောက်ဆောင်မှ ရေထွက်လာသဖြင့် လူတို့သည် ရေသောက်ရလိမ့်မည်”ဟု မိန့်တော်မူ၏။ မောရှေသည်လည်း အစ္စရေးသက်ကြီးဝါကြီးတို့၏မျက်မှောက်၌ ထိုအတိုင်းပြုလေ၏။
မောရှေသည် မိမိယောက္ခမ မိဒျန်ယဇ်ပုရောဟိတ်ယေသရော၏သိုးဆိတ်တို့ကို ထိန်းကျောင်းနေစဉ် သူသည် သိုးဆိတ်တို့ကို တောကန္တာရအနောက်ဘက်သို့နှင်သွားရာ ဟောရပ် ဟုခေါ်သောဘုရားသခင်၏တောင်သို့ ရောက်လေ၏။
သင်သည် အဦးဆုံးသီးနှံ၏ဘောဇဉ်ပူဇော်သက္ကာကို ထာဝရဘုရားအား ပူဇော်လိုလျှင် အဦးဆုံးသီးနှံကို အနှံလိုက်မီးကင်၍ အစေ့ကိုကြိတ်ပြီး ဘောဇဉ်ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။
မောရှေနှင့်အာရုန်တို့သည် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ဝင်ကြ၏။ သူတို့ ပြန်ထွက်လာ၍ လူတို့ကိုကောင်းချီးပေးသောအခါ ထာဝရဘုရား၏ဘုန်းအသရေသည် လူအပေါင်းတို့အား ထင်ရှားပြတော်မူ၏။
သူတို့ပြန်လာကြ၍ ကာဒေရှအရပ်၊ ပါရန်တောကန္တာရရှိ မောရှေ၊ အာရုန်နှင့် အစ္စရေးအမျိုးသားလူထုအပေါင်းတို့ထံသို့ ရောက်ကြသောအခါ မောရှေ၊ အာရုန်နှင့် လူထုအပေါင်းတို့ထံ အစီရင်ခံ၍ ထိုပြည်မှယူလာသောအသီးကိုပြကြ၏။
ထိုပြည်ကိုကြည့်ရှုရန် သင်တို့၏ဖခင်တို့ကို ကာဒေရှဗာနာအရပ်မှ ငါစေလွှတ်သောအခါ သူတို့သည်လည်း ဤသို့ပြုခဲ့ကြ၏။
ထိုမှ ငါတို့သည် ငါတို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဟောရပ်တောင်မှ ခရီးပြု၍ အာမောရိတောင်ပေါ်ဒေသလမ်းတစ်လျှောက်ရှိ သင်တို့မြင်ရသည့် ကြောက်မက်ဖွယ်တောကန္တာရကြီးကိုဖြတ်ကာ ကာဒေရှဗာနာအရပ်သို့ ရောက်ကြ၏။
ထိုတောင်ပေါ်ဒေသ၌နေထိုင်ကြသောအာမောရိလူမျိုးတို့သည် သင်တို့ကိုတိုက်ခိုက်ရန် ထွက်လာကြပြီး ပျားများလိုက်သကဲ့သို့ သင်တို့ကိုလိုက်၍ စိရအရပ်မှ ဟောမာအရပ်တိုင်အောင် သင်တို့ကို လိုက်လံချေမှုန်းကြ၏။
ထို့နောက် ငါတို့သည် ပြန်လှည့်၍ ငါ့အား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ပင်လယ်နီလမ်းဖြင့် တောကန္တာရသို့ ခရီးပြုကာ စိရတောင်ပေါ်ဒေသတွင် ရက်ပေါင်းများစွာ လှည့်လည်ခဲ့ကြ၏။
သင်သည် လူတို့အား “သင်တို့သည် စိရပြည်၌နေထိုင်သော သင်တို့၏ညီအစ်ကိုများဖြစ်သည့် ဧသောသားမြေးတို့၏နယ်မြေကိုဖြတ်သွားသောအခါ သူတို့သည် သင်တို့ကို ကြောက်ရွံ့ကြလိမ့်မည်။ သင်တို့ အထူးသတိပြုကြလော့။
ထို့ကြောင့် ငါတို့သည် ငါတို့၏ညီအစ်ကိုများဖြစ်သည့် ဧသော၏သားမြေးတို့နေထိုင်သော စိရပြည်ကို အရာဗလမ်းအတိုင်း ဧလတ်အရပ်၊ ဧဇယုန်ဂါဗာအရပ်မှ ဖြတ်ကျော်သွားပြီးနောက် မောဘတောကန္တာရလမ်းအတိုင်း လှည့်၍ခရီးပြုကြ၏။
ထာဝရဘုရားသည် သင်တို့ကို ကာဒေရှဗာနာအရပ်မှ စေလွှတ်၍ ‘သင်တို့အား ငါပေးသောပြည်ကို သွား၍သိမ်းပိုက်လော့’ဟု မိန့်တော်မူသောအခါ၌လည်း သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်ကိုဖီဆန်ကြ၏။ သင်တို့သည် ကိုယ်တော်ကိုမယုံ၊ ကိုယ်တော်၏စကားတော်ကိုလည်းနားမထောင်ကြ။
တစ်နေ့တွင် ယုဒအမျိုးသားတို့သည် ဂိလဂါလအရပ်ရှိ ယောရှုထံသို့ လာ၍ ကေနက်အမျိုး၊ ယေဖုန္နာ၏သား ကာလက်က “ကာဒေရှဘာနာအရပ်၌ ထာဝရဘုရားသည် သင်နှင့်ကျွန်ုပ်ကို ရည်ညွှန်း၍ ဘုရားသခင်၏လူမောရှေအား မိန့်တော်မူခဲ့သည့်စကားများကို သင်သိပါ၏။