တစ်ခါက ကိုယ်တော်သည် ကိုယ်တော်၏သန့်ရှင်းသူတို့အား ဗျာဒိတ်နိမိတ်အားဖြင့် မြွက်ဆိုတော်မူသည်မှာ “ငါသည် ခွန်အားကြီးသောသူတစ်ဦးကို ကူညီမစပြီ။ လူတို့ထဲမှ ရွေးချယ်ထားသောသူတစ်ဦးကို ချီးမြှောက်ပြီ။
တရားဟော 1:12 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့၏ပြဿနာ၊ သင်တို့၏ဝန်ထုပ်ဝန်ပိုးနှင့် ခိုက်ရန်ဖြစ်ပွားမှုကို ငါတစ်ယောက်တည်း မည်သို့တာဝန်ယူနိုင်မည်နည်း။ Common Language Bible သို့ရာတွင်သင်တို့၏အငြင်းပွားမှုများကို ဖြေရှင်းရသည့်ကြီးလေးသောတာဝန်ကို ငါ တစ်ဦးတည်းမည်သို့ထမ်းဆောင်နိုင်ပါအံ့ နည်း။- Garrad Bible သင် တို့ ရန် မူ ခြင်း မှ စ သော လေး လံ ခြင်း တာ ဝန် ကို၊ ငါ တစ် ယောက် တည်း မည် သို့ ထမ်း နိုင် အံ့ နည်း။ Judson Bible သင်တို့ပင်ပန်းခြင်း၊ အမှုဆောင်ရွက်ခြင်း၊ ရန်တွေ့ခြင်းဝန်ကို ငါတစ်ယောက်တည်း အဘယ်သို့ထမ်းနိုင်မည်နည်း။ |
တစ်ခါက ကိုယ်တော်သည် ကိုယ်တော်၏သန့်ရှင်းသူတို့အား ဗျာဒိတ်နိမိတ်အားဖြင့် မြွက်ဆိုတော်မူသည်မှာ “ငါသည် ခွန်အားကြီးသောသူတစ်ဦးကို ကူညီမစပြီ။ လူတို့ထဲမှ ရွေးချယ်ထားသောသူတစ်ဦးကို ချီးမြှောက်ပြီ။
သင်နှင့်တကွ ဤလူတို့သည် အမှန်တကယ်ပင်ပန်းကြလိမ့်မည်။ သင့်အတွက် ဤအမှုသည် ကြီးလေးသောကြောင့် သင်တစ်ယောက်တည်း မဆောင်ရွက်နိုင်။
အချို့သောသူတို့အတွက် သေခြင်းသို့ပို့ဆောင်သည့် သေခြင်း၏ရနံ့ဖြစ်ကြပြီး အချို့သောသူတို့အတွက်ကား အသက်ရှင်ခြင်းသို့ပို့ဆောင်သည့် အသက်ရှင်ခြင်း၏ရနံ့ဖြစ်ကြ၏။ သို့ဖြစ်လျှင် ဤအမှုအရာများနှင့် မည်သူသည် ထိုက်တန်သနည်း။
ထိုသို့ဆိုသော် တစ်စုံတစ်ခုသည် ငါတို့ထံမှဖြစ်လာသည်ဟု သတ်မှတ်နိုင်ရန် ငါတို့၌အစွမ်းအစရှိသည်ဟုမဆိုလို။ ငါတို့၏အစွမ်းအစသည် ဘုရားသခင်ထံမှသာဖြစ်၏။
သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကို အဆတစ်ထောင်တိုးပွားစေတော်မူပါစေသော။ ကတိထားတော်မူသည့်အတိုင်း သင်တို့ကိုကောင်းချီးပေးတော်မူပါစေသော။
ပညာရှိသောသူ၊ အသိဉာဏ်ရှိသောသူ၊ အသရေရှိသောသူတို့ကို သင်တို့၏မျိုးနွယ်ထဲမှ ရွေးချယ်လော့။ ထိုသူတို့ကို သင်တို့၏အကြီးအမှူးအဖြစ် ငါခန့်ထားမည်’ဟု ငါပြောခဲ့၏။