ထို့ပြင် သူတို့အား နေ့အချိန်၌ မိုးတိမ်တိုင်ဖြင့်လည်းကောင်း၊ ညအချိန်၌ သူတို့သွားသောလမ်းခရီးတွင် အလင်းရဖို့ မီးတိုင်ဖြင့်လည်းကောင်း ပို့ဆောင်တော်မူ၏။
တောလည် 9:21 - မြန်မာ့စံမီသမ္မာကျမ်း မိုးတိမ်သည် နေဝင်ချိန်မှ နံနက်အထိ တည်နေသောအခါလည်း ရှိ၏။ နံနက်အချိန် မိုးတိမ်ကွာလျှင် သူတို့ ခရီးပြုကြ၏။ နေ့ဖြစ်စေ၊ ညဖြစ်စေ မိုးတိမ်ကွာသည့်အခါတိုင်း သူတို့ ခရီးပြုကြ၏။ Common Language Bible တစ်ခါတစ်ရံမိုးတိမ်သည်ညနေခင်းမှနံနက်အထိသာတည်ရှိ၏။ သူတို့သည်မိုးတိမ်တက်လျှင်ခရီးဆက်ကြသည်။- Garrad Bible ညဉ့် ဦး မှ စ၍ နံ နက် တိုင် သာ တည် နေ လျက် နံ နက် အ ချိန် တက် သော် ချီ သွား ကြ၏။ နေ့ ဖြစ် စေ၊ ညဉ့် ဖြစ် စေ၊ တိမ် တိုက် တက် လျှင် ချီ သွား ကြ၏။ Judson Bible ညဉ့်ဦးယံမှစ၍ နံနက်အချိန်တိုင်အောင် မိုးတိမ်တည်နေ၍ နံနက်အချိန်၌ မြောက်သောအခါ ခရီးသွားကြ၏။ နေ့ဖြစ်စေ၊ ညဖြစ်စေ၊ မိုးတိမ်မြောက်သောအခါ ခရီးသွားကြ၏။ |
ထို့ပြင် သူတို့အား နေ့အချိန်၌ မိုးတိမ်တိုင်ဖြင့်လည်းကောင်း၊ ညအချိန်၌ သူတို့သွားသောလမ်းခရီးတွင် အလင်းရဖို့ မီးတိုင်ဖြင့်လည်းကောင်း ပို့ဆောင်တော်မူ၏။
ကိုယ်တော်သည် ကရုဏာတော်ကြီးမားသောကြောင့် သူတို့ကိုတောကန္တာရတွင် စွန့်ပစ်တော်မမူ။ နေ့အချိန်၌ သူတို့ကို လမ်းခရီးတွင်ပို့ဆောင်ရန် မိုးတိမ်တိုင်ကိုသူတို့ရှေ့မှမဖယ်ရှား၊ ညအချိန်၌ သူတို့သွားသောလမ်းခရီးတွင်လည်း အလင်းရရှိရန် မီးတိုင်ဖြင့် ပို့ဆောင်တော်မူ၏။
မိုးတိမ်သည် ကိန်းဝပ်တော်မူရာတဲတော်အပေါ်၌ ရက်အနည်းငယ်သာ တည်နေသောအခါလည်းရှိ၏။ သူတို့သည် ထာဝရဘုရား၏အမိန့်တော်အတိုင်း စခန်းချကြ၏။ ထာဝရဘုရား၏အမိန့်တော်အတိုင်း ခရီးပြုကြ၏။
ကိန်းဝပ်တော်မူရာတဲတော်အပေါ်၌ မိုးတိမ်သည် နှစ်ရက်ဖြစ်စေ၊ တစ်လဖြစ်စေ၊ တစ်နှစ်ဖြစ်စေ တည်နေသောအခါလည်း ရှိ၏။ ထိုအခါ အစ္စရေးအမျိုးသားတို့သည် ခရီးမပြုဘဲ စခန်းချကြ၏။ မိုးတိမ်ကွာသောအခါမှ ခရီးပြုကြ၏။