နံနက်တိုင်အောင် မကြွင်းကျန်စေရ။ နံနက်တိုင်အောင်ကြွင်းကျန်လျှင် မီးရှို့ပစ်ရမည်။
တောလည် 9:12 - မြန်မာ့စံမီသမ္မာကျမ်း အသားကို နံနက်တိုင်အောင် မကြွင်းကျန်စေရ။ အရိုးကိုလည်း မချိုးရ။ ပသခါပွဲတော်၏ပြဋ္ဌာန်းချက်ရှိသမျှနှင့်အညီ ထိုပွဲတော်ကို ကျင်းပရမည်။ Common Language Bible နောက်တစ်နေ့နံနက်သို့တိုင်အောင်အစားအစာကိုမကျန်ကြွင်းစေရ။ သိုးကောင်၏အရိုးကိုမကျိုးစေရ။ ပြဋ္ဌာန်းချက်များအတိုင်းပသခါပွဲခံရမည်။- Garrad Bible အ ရိုး ကို မ ချိုး ရ။ နံ နက် တိုင် အောင် မည် သည် ကို မျှ မ ကြွင်း စေ ရ။ ပ သ ခါ ပွဲ ထုံး ဖွဲ့ ချက် ဟူ သ မျှ အ တိုင်း ကျင်း ပ ကြ ရ မည်။ Judson Bible ထိုအသားကို နံနက်တိုင်အောင်မကြွင်းစေရ။ အရိုးကိုလည်းမချိုးရ။ ပသခါပွဲနှင့် ဆိုင်သော အထုံးအဖွဲ့ရှိသမျှတို့ကိုလိုက်၍ ပွဲခံရသောအခွင့်ရှိ၏။ |
နံနက်တိုင်အောင် မကြွင်းကျန်စေရ။ နံနက်တိုင်အောင်ကြွင်းကျန်လျှင် မီးရှို့ပစ်ရမည်။
တစ်ဖန် ထာဝရဘုရားက မောရှေနှင့်အာရုန်အား “ပသခါပွဲဆိုင်ရာပြဋ္ဌာန်းချက်ဟူမူကား မည်သည့်တိုင်းတစ်ပါးသားမျှ ပသခါသိုးကိုမစားရ။
ပသခါသိုးကို အိမ်တစ်အိမ်ထဲ၌ စားရမည်။ အသားကို အိမ်ထဲမှ အပြင်သို့ ယူမသွားရ။ အရိုးကိုလည်း မချိုးရ။
ဤည၌ပင် အသားကိုမီးကင်၍ တဆေးမဲ့မုန့်နှင့်ခါးသောဟင်းရွက်တို့ဖြင့် စားရမည်။
ခရီးလမ်းတစ်လျှောက်လုံးတွင် ထာဝရဘုရား၏မိုးတိမ်သည် နေ့အချိန်တွင် ကိန်းဝပ်တော်မူရာတဲတော်အပေါ်၌ရှိ၍ ညအချိန်တွင် မိုးတိမ်ထဲ၌ မီးလင်းနေသည်ကို အစ္စရေးအမျိုးသားအပေါင်းတို့မြင်ရ၏။
သင်တို့သည် သတ်မှတ်ထားသောအချိန်ဖြစ်သည့် ဤလ တစ်ဆယ့်လေးရက်နေ့ နေဝင်ချိန်၌ ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်ရှိသမျှနှင့်အညီ ထိုပွဲတော်ကို ကျင်းပရမည်”ဟု မိန့်တော်မူ၏။
ဤသို့ဖြစ်ပျက်ခဲ့သည်မှာ “သူ၏အရိုးတစ်ချောင်းမျှ ချိုးဖဲ့ခြင်းမခံရ”ဟူသောကျမ်းချက်ကို ပြည့်စုံစေရန်ဖြစ်၏။