အာရုန်နှင့်သူ၏သားတို့သည် ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်ရာတွင် သူတို့သန့်ရှင်းရန် သင်ပြုရမည့်အရာကား ဤသို့တည်း။ နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်နှင့် အပြစ်အနာအဆာကင်းသောသိုးထီးနှစ်ကောင်ကို ယူလော့။
တောလည် 8:8 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် နွားထီးပျိုတစ်ကောင်နှင့်အတူ ဘောဇဉ်ပူဇော်သက္ကာအဖြစ် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်ကို ယူဆောင်လာရမည်။ သင်သည်လည်း အပြစ်ဖြေရာယဇ်အတွက် နွားထီးပျိုနောက်တစ်ကောင်ကို ယူလာရမည်။ Common Language Bible ထိုနောက်သူတို့သည်နွားထီးပေါက်တစ်ကောင် နှင့်ဘောဇဉ်သကာအဖြစ် သံလွင်ဆီရောထား သောမုန့်ညက်ကိုယူဆောင်ခဲ့စေရမည်။ အပြစ် ဖြေရာယဇ်အတွက်နောက်ထပ်နွားတစ်ကောင် ယူဆောင်ခဲ့ရမည်။- Garrad Bible နွား ပေါက် တစ် ကောင် နှင့် ဆိုင် ရာ ဘော ဇဉ် သ က္ကာ ဖြစ် သော ဆီ ရော ပြီး မုန့် ညက် ပါ ဆောင် ယူ ခြင်း များ ကို ပြု ကြ စေ။ အ ပြစ် ဖြေ ရာ သ က္ကာ အ ဖြစ် နွား ပေါက် တစ် ကောင် ကို သင် ထပ် ယူ ပြီး လျှင်၊ Judson Bible ဆီရောသောမုန့်ညက်တည်းဟူသော ဘောဇဉ်ပူဇော်သကာနှင့်တကွ၊ အသက်ပျိုသောနွားထီးတစ်ကောင်၊ အပြစ်ဖြေရာယဇ်ဖို့ အသက်ပျိုသော နွားထီးတစ်ကောင်ကိုယူပြီးလျှင်၊ |
အာရုန်နှင့်သူ၏သားတို့သည် ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်ရာတွင် သူတို့သန့်ရှင်းရန် သင်ပြုရမည့်အရာကား ဤသို့တည်း။ နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်နှင့် အပြစ်အနာအဆာကင်းသောသိုးထီးနှစ်ကောင်ကို ယူလော့။
တောင်းတစ်လုံးထဲ၌ထည့်၍ ထိုတောင်းထဲရှိမုန့်များနှင့်အတူ နွားထီးတစ်ကောင်နှင့်သိုးထီးနှစ်ကောင်ကို ယူဆောင်ခဲ့ရမည်။
ထာဝရဘုရားသည် သူ့ကိုချိုးဖဲ့ခြေမွှရန် အလိုတော်ရှိ၏။ သူ့ကိုနာကျင်စေတော်မူ၏။ သူ၏စိတ်ဝိညာဉ်သည် အပြစ်ဒဏ်ဖြေရာယဇ်ကို ပူဇော်ပြီးလျှင် သူသည် သားစဉ်မြေးဆက်ကိုမြင်ရမည်။ သူ၏နေ့ရက်တို့သည် ရှည်၍ ထာဝရဘုရား၏အလိုတော်သည် သူ၏လက်၌ ပြည့်စုံခြင်းသို့ရောက်မည်။
သူသည် နွားကို မီးရှို့ရာယဇ်အဖြစ်ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသောနွားထီးကို ပူဇော်ရမည်။ ထာဝရဘုရား လက်ခံတော်မူမည့်အကြောင်း ထိုနွားကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ ပူဇော်ရမည်။
အာရုန်သည် သန့်ရှင်းရာဌာနသို့ လာသောအခါ သူသည် အပြစ်ဖြေရာယဇ်အတွက် နွားအုပ်ထဲမှနွားထီးပျိုတစ်ကောင်၊ မီးရှို့ရာယဇ်အတွက် သိုးထီးတစ်ကောင်ယူလာရမည်။
တစ်စုံတစ်ယောက်သည် ထာဝရဘုရားအား ဘောဇဉ်ပူဇော်သက္ကာကို ပူဇော်လိုလျှင် အကောင်းဆုံးဂျုံမှုန့်ကို ပူဇော်ရမည်။ ဂျုံမှုန့်ပေါ်တွင် ဆီကိုလောင်း၍ လော်ဗန်ကို တင်ထားပြီးလျှင်
သူတို့ကျူးလွန်သောအပြစ်ထင်ရှားလျှင် ထိုလူအစုအဝေးသည် နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်ကို အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရမည်။ ထိုနွားထီးကို တွေ့ဆုံစည်းဝေးရာတဲတော်ရှေ့သို့ ဆွဲခေါ်လာရမည်။
ဘိသိက်ခံယဇ်ပုရောဟိတ်သည် အပြစ်ပြုသဖြင့် လူတို့အပေါ် အပြစ်သက်ရောက်စေလျှင်လည်းကောင်း သူကျူးလွန်သောအပြစ်အတွက် အပြစ်ဖြေရာယဇ်အဖြစ် အပြစ်အနာအဆာကင်းသည့် နွားထီးပျိုတစ်ကောင်ကို ထာဝရဘုရားအား ပူဇော်ရမည်။
“အာရုန်နှင့်သူ၏သားများ၊ အဝတ်တန်ဆာများ၊ ဘိသိက်ဆီ၊ အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးတစ်ကောင်၊ သိုးထီးနှစ်ကောင်၊ တဆေးမဲ့မုန့်တောင်းကို ယူဆောင်လာပြီး
ဘုရားသခင်သည် မိမိ၏သားတော်ကို အပြစ်နှင့်ပြည့်ဝသည့် သွေးသားဇာတိနှင့်တူညီသောသဏ္ဌာန်၌ အပြစ်အတွက်စေလွှတ်တော်မူ၍ သွေးသားဇာတိ၌ရှိသောအပြစ်ကို ဒဏ်ခတ်တော်မူပြီး သွေးသားဇာတိကြောင့် အားနည်း၍ ပညတ်တရားမဆောင်ရွက်နိုင်သောအမှုကို ဆောင်ရွက်ပေးတော်မူ၏။
ဘုရားသခင်သည် အပြစ်ကင်းစင်သောအရှင်ကို ငါတို့အတွက် အပြစ်ဖြစ်သွားစေတော်မူ၏။ ဤသည်ကား ငါတို့သည် ထိုအရှင်အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်လာမည့်အကြောင်းတည်း။