ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးသားတို့သည် ထ၍ လူတို့အား ကောင်းချီးပေးကြ၏။ သူတို့၏အသံများကို ကိုယ်တော်ကြားတော်မူ၏။ သူတို့၏ဆုတောင်းသံများသည် သန့်ရှင်းသောကိန်းဝပ်တော်မူရာကောင်းကင်ဘုံသို့တိုင် ရောက်လေ၏။
တောလည် 8:22 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက်မှ လေဝိအမျိုးတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်၌အမှုတော်ထမ်းဆောင်ရန် အာရုန်နှင့်သူ့သားတို့ရှေ့သို့ လာကြ၏။ လေဝိအမျိုးတို့နှင့်ပတ်သက်၍ မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အစ္စရေးအမျိုးသားတို့သည် သူတို့အား ပြုကြ၏။ Common Language Bible ဣသရေလအမျိုးသားအပေါင်းတို့သည် လေဝိအနွယ်ဝင်တို့နှင့်စပ်လျဉ်း၍ ထာဝရ ဘုရားမိန့်မှာတော်မူသမျှအတိုင်းဆောင် ရွက်ကြသည်။ သို့ဖြစ်၍လေဝိအနွယ်ဝင်တို့ သည် အာရုန်နှင့်သူ၏သားများကြီးကြပ် ကွပ်ကဲမှုဖြင့်တဲတော်တွင်အမှုတော် ထမ်းကြလေသည်။ Garrad Bible ထို နောက် လေ ဝိ အ နွယ် သား တို့ သည် အာ ရုန် နှင့် သား တို့ ရှေ့ တွင် တွေ့ ဆုံ ရာ တဲ တော် ဆိုင် သော အ မှု ကို ဆောင် ရွက် ရန် ဝင် သွား ကြ၏။ သူ တို့ နှင့် စပ် လျဉ်း၍ မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း ပင် သူ တို့၌ ပြု ကြ သ တည်း။ Judson Bible ထိုနောက်မှ လေဝိသားတို့သည် အာရုန်နှင့် သူ၏သားတို့ရှေ့၌ ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင်ရွက်ခြင်းငှာ ဝင်ကြ၏။ လေဝိသားတို့အမှု၌ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း လူအပေါင်းတို့သည် ပြုကြ၏။ |
ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးသားတို့သည် ထ၍ လူတို့အား ကောင်းချီးပေးကြ၏။ သူတို့၏အသံများကို ကိုယ်တော်ကြားတော်မူ၏။ သူတို့၏ဆုတောင်းသံများသည် သန့်ရှင်းသောကိန်းဝပ်တော်မူရာကောင်းကင်ဘုံသို့တိုင် ရောက်လေ၏။
ထို့နောက် ဟေဇကိမင်းကြီးသည် ယဇ်ပုရောဟိတ်နှင့် လေဝိအမျိုးတို့ကို အဖွဲ့လိုက်တာဝန်ခွဲပေး၏။ ယဇ်ပုရောဟိတ်နှင့် လေဝိအမျိုးတို့သည် မိမိတို့ထမ်းဆောင်ရမည့်တာဝန်များကို အဖွဲ့လိုက်အလှည့်ကျထမ်းဆောင်ကြရ၏။ သူတို့သည် မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်ကို ပူဇော်ရ၏။ ထာဝရဘုရားစံတော်မူရာဌာနတော်၏တံခါးများ၌ရပ်၍ အမှုတော်ထမ်းဆောင်လျက် ကျေးဇူးတော်ချီးမွမ်းခြင်း၊ ဂုဏ်တော်ချီးမွမ်းသီဆိုခြင်းကို ပြုရ၏။
မောရှေနှင့်အာရုန်အား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အစ္စရေးအမျိုးသားအပေါင်းတို့သည် တစ်သဝေမတိမ်းပြုကြ၏။
လေဝိအမျိုးတို့ကို သက်သေခံချက်ထားရာကိန်းဝပ်တော်မူရာတဲတော်၊ ထိုတဲတော်၏တန်ဆာပလာရှိသမျှ၊ ထိုတဲတော်နှင့်ဆိုင်သမျှတို့ကို ထိန်းသိမ်းဖို့ ခန့်အပ်လော့။ သူတို့သည် ကိန်းဝပ်တော်မူရာတဲတော်နှင့် ထိုတဲတော်၏ တန်ဆာပလာရှိသမျှတို့ကို သယ်ဆောင်ရမည်။ ကိန်းဝပ်တော်မူရာတဲတော်၏အမှုကိုဆောင်ရွက်၍ ထိုတဲတော်၏ပတ်ပတ်လည်၌ စခန်းချရမည်။
ထို့နောက်မှ လေဝိအမျိုးတို့သည် အမှုတော်ထမ်းဆောင်ရန် တွေ့ဆုံစည်းဝေးရာတဲတော်သို့ဝင်ရမည်။ သင်သည် သူတို့ကို စင်ကြယ်စေ၍ ချီလွှဲရာပူဇော်သက္ကာအဖြစ် ဆက်ကပ်ရမည်။
လေဝိအမျိုးတို့သည် မိမိကိုယ်မိမိသန့်စင်အောင်ပြု၍ မိမိတို့၏အဝတ်များကိုလျှော်ပြီးသောအခါ အာရုန်သည် သူတို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ဆက်ကပ်လေ၏။ အာရုန်သည် သူတို့စင်ကြယ်စေရန် သူတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုလည်းပြုလေ၏။