ထာဝရဘုရား၏အိမ်တော်အဖို့ ရွှေတာလန်တစ်သိန်း၊ ငွေတာလန်တစ်သန်း၊ မချိန်တွယ်နိုင်လောက်အောင် များပြားလှသောကြေးနီ၊ သံ၊ သစ်၊ ကျောက်များကို အပင်ပန်းခံပြီး ငါပြင်ဆင်ပေးခဲ့ပြီ။ သင်သည်လည်း ထပ်ဖြည့်နိုင်၏။
တောလည် 7:85 - မြန်မာ့စံမီသမ္မာကျမ်း ငွေလင်ပန်းတစ်ခု၏အလေးချိန်မှာ တစ်ရာ့သုံးဆယ်ရှယ်ကယ်၊ ငွေဇလုံတစ်လုံး၏အလေးချိန်မှာ ခုနစ်ဆယ်ရှယ်ကယ် ရှိ၏။ ထိုတန်ဆာပလာတို့၏အလေးချိန်ပေါင်းကား သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ ရှယ်ကယ်နှစ်ထောင့်လေးရာရှိ၏။ Judson Bible ငွေအင်တုံအချိန်ကား တစ်လုံးလျှင် တစ်ပိဿာသုံးဆယ်စီ၊ ငွေဖလားအချိန်ကား တစ်လုံးလျှင် ခုနစ်ဆယ်စီရှိ၍၊ ငွေချိန်ပေါင်းကား အကျပ်တော်အလိုက်၊ အခွက်နှစ်ဆယ်လေးပိဿာ ရှိသတည်း။ |
ထာဝရဘုရား၏အိမ်တော်အဖို့ ရွှေတာလန်တစ်သိန်း၊ ငွေတာလန်တစ်သန်း၊ မချိန်တွယ်နိုင်လောက်အောင် များပြားလှသောကြေးနီ၊ သံ၊ သစ်၊ ကျောက်များကို အပင်ပန်းခံပြီး ငါပြင်ဆင်ပေးခဲ့ပြီ။ သင်သည်လည်း ထပ်ဖြည့်နိုင်၏။
အိမ်တော်နံရံကိုမွမ်းမံဖို့ ဩဖိရရွှေ တာလန်သုံးထောင်၊ ငွေစင် တာလန်ခုနစ်ထောင်၊
သူတို့သည် ဘုရားသခင်၏အိမ်တော်ဆောက်လုပ်ရေးအတွက် ရွှေတာလန်ငါးထောင်၊ ငွေတာလန်တစ်သောင်း၊ ရွှေဒင်္ဂါး အပြားတစ်သောင်း၊ ကြေးနီ တာလန်တစ်သောင်းရှစ်ထောင်၊ သံတာလန်တစ်သိန်း တို့ကိုပေးလှူကြ၏။
ယဇ်ပလ္လင်ကို ဘိသိက်သွန်းသောနေ့၌ ယဇ်ပလ္လင်ဆက်ကပ်ခြင်းအတွက် အစ္စရေးခေါင်းဆောင်တို့ယူဆောင်လာသောပူဇော်သက္ကာမှာ ငွေလင်ပန်း တစ်ဆယ့်နှစ်ခု၊ ငွေဇလုံ တစ်ဆယ့်နှစ်လုံး၊ ရွှေခွက် တစ်ဆယ့်နှစ်လုံး ဖြစ်၏။
နံ့သာပေါင်းအပြည့်ပါသောရွှေခွက် တစ်ဆယ့်နှစ်လုံးတွင် တစ်လုံး၏အလေးချိန်မှာ သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ ရှယ်ကယ်တစ်ဆယ်ဖြစ်၏။ ရွှေခွက်အားလုံး၏အလေးချိန်မှာတစ်ရာ့နှစ်ဆယ်ရှယ်ကယ် ဖြစ်၏။
ထိုအခါ မိန်းကလေးသည် မိခင်၏တိုက်တွန်းချက်အရ “ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်းကို ဤလင်ပန်းပေါ်တင်၍ ကျွန်မအားပေးပါ”ဟု တောင်းဆိုလေ၏။