ငါမိန့်ဆိုသည့်အတိုင်း ပြုကြလော့။ အီဂျစ်ပြည်မှလှည်းတို့ကို ယူသွား၍ သင်တို့၏ကလေးများ၊ မိန်းမများနှင့် သင်တို့၏ဖခင်ကို ခေါ်ဆောင်လာခဲ့ကြလော့။
တောလည် 7:3 - မြန်မာ့စံမီသမ္မာကျမ်း ခေါင်းဆောင်နှစ်ယောက်လျှင် ပေါင်းမိုးပါလှည်းအိမ်တစ်ခု၊ တစ်ယောက်လျှင် နွားတစ်ကောင်၊ စုစုပေါင်း လှည်းအိမ်ခြောက်ခုနှင့် နွားတစ်ဆယ့်နှစ်ကောင်စသည့် ပူဇော်သက္ကာတို့ကို ထာဝရဘုရားရှေ့တော်သို့ ယူဆောင်ခဲ့ကြပြီး ကိန်းဝပ်တော်မူရာတဲတော်ရှေ့၌ ပူဇော်ကြ၏။ Common Language Bible ထာဝရဘုရားထံတော်သို့ပူဇော်သကာ များကိုယူဆောင်ခဲ့ကြ၏။ ခေါင်းဆောင်တစ် ဦးလျှင်နွားထီးတစ်ကောင်ကျနှင့်ခေါင်း ဆောင်နှစ်ဦးလျှင် လှည်းတစ်စီးကျစုစု ပေါင်းလှည်းခြောက်စီးနှင့်နွားတစ်ဆယ့် နှစ်ကောင်တို့ကိုထာဝရဘုရားအား ဆက်သကြသည်။- Garrad Bible နှစ် ပါး လျှင် ပေါင်း မိုး ပါ သော လှည်း တစ် စီး၊ နွား တစ် ရှဉ်း ကျ ပေါင်း လှည်း ခြောက် စီး၊ နွား ခြောက် ရှဉ်း ကို ထာ ဝ ရ ဘု ရား ရှေ့ စံ ရာ တော် မျက် နှာ စာ သို့ ဆောင် သွင်း လှူ ဒါန်း ကြ ရာ၊ Judson Bible မင်းတစ်ပါးနွားထီးတစ်ကောင်စီ၊ မင်းနှစ်ပါး အမိုးပါသောရထားတစ်ခုစီ၊ ရထားခြောက်ခု၊ နွားဆယ်နှစ်ကောင်တို့ကို တဲတော်ရှေ့သို့ဆောင်ခဲ့၍ ထာဝရဘုရားအား ပူဇော်သကာပြုကြ၏။ |
ငါမိန့်ဆိုသည့်အတိုင်း ပြုကြလော့။ အီဂျစ်ပြည်မှလှည်းတို့ကို ယူသွား၍ သင်တို့၏ကလေးများ၊ မိန်းမများနှင့် သင်တို့၏ဖခင်ကို ခေါ်ဆောင်လာခဲ့ကြလော့။
အစ္စရေး၏သားတို့သည် ထိုအတိုင်းပြုကြ၏။ ယောသပ်သည် ဖာရောမင်းကြီး၏အမိန့်အတိုင်း သူတို့အား လှည်းများကို ပေး၍ လမ်းခရီးအတွက် စားနပ်ရိက္ခာကို ပေး၏။
အိမ်ထောင်စုအကြီးအမှူးအချို့တို့သည် ဂျေရုဆလင်မြို့ရှိ ထာဝရဘုရား၏အိမ်တော်သို့ရောက်လာသောအခါ ထိုနေရာ၌ပြန်တည်ဆောက်မည့် ဘုရားသခင်၏အိမ်တော်အဖို့ အလှူပစ္စည်းများကို စေတနာစိတ်အလျောက် ပေးလှူကြ၏။
“ငါ့ထံသို့ အလှူပစ္စည်းကိုယူဆောင်လာကြမည့်အကြောင်း အစ္စရေးအမျိုးသားတို့အားဆင့်ဆိုလော့။ ငါ့အား စေတနာစိတ်ဖြင့်ပေးလှူသူအပေါင်းတို့ထံမှ အလှူပစ္စည်းကို သင်တို့ခံယူရမည်။
အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရား၏အိမ်တော်သို့ စင်ကြယ်သောတန်ဆာပလာဖြင့် ပူဇော်သက္ကာကို ယူဆောင်ခဲ့ကြသကဲ့သို့ ထိုသူတို့သည် ခပ်သိမ်းသောပြည်မှ သင်တို့၏ညီအစ်ကိုရှိသမျှတို့ကို ထာဝရဘုရားထံ ပူဇော်သက္ကာအဖြစ် မြင်းများ၊ စစ်ရထားများ၊ ထမ်းစင်များ၊ လားများ၊ ကုလားအုတ်များပေါ်တွင်တင်၍ ငါ၏သန့်ရှင်းသောတောင်၊ ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်ခဲ့ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ကြည့်ရှုလော့။ လှည်းသည် ကောက်လှိုင်းအပြည့်နှင့် အဖိခံရသကဲ့သို့ သင်တို့ကို ငါဖိချမည်။