အစ္စရေးသည် ထိုပြည်၌နေထိုင်စဉ် ရုဗင်သည်သွား၍ မိမိဖခင်၏မယားငယ်ဗိလဟာနှင့်အိပ်လေ၏။ အစ္စရေးသည် ထိုအကြောင်းကို ကြား၏။ ယာကုပ်၌ သားတစ်ဆယ့်နှစ်ယောက်ရှိ၏။
တောလည် 7:12 - မြန်မာ့စံမီသမ္မာကျမ်း ပထမနေ့၌ ယုဒအမျိုးအနွယ်မှ အမိနဒပ်၏သား နာရှုန်သည် ပူဇော်သက္ကာကို ယူဆောင်လာ၏။ Common Language Bible သို့ဖြစ်၍သူတို့သည် မိမိတို့၏ပူဇော် သကာများကို အောက်တွင်ဖော်ပြပါ အစီအစဉ်အတိုင်းဆက်သကြ၏။ ရက် အနွယ် ခေါင်းဆောင် ပထမရက် ယုဒ အမိနဒပ်၏သားနာရှုန် ဒုတိယရက် ဣသခါ ဇုအာ၏သားနာသနေလ တတိယရက် ဇာဗုလုန် ဟေလုန်၏သားဧလျာဘ စတုတ္ထရက် ရုဗင် ရှေဒုရ၏သားဧလိဇုရ ပဉ္စမရက် ရှိမောင် ဇုရိရှဒ္ဒဲ၏သားရှေလုမျေလ ဆဋ္ဌမရက် ဂဒ် ဒွေလ၏သားဧလျာသပ် သတ္တမရက် ဧဖရိမ် အမိဟုဒ်၏သားဧလိရှမာ အဋ္ဌမရက် မနာရှေ ပေဒါဇုရ၏သား ဂါမလျေလ နဝမရက် ဗင်္ယာမိန် ဂိဒေါနိ၏သားအဘိဒန် ဒသမရက် ဒန် အမိရှဒ္ဒဲ၏သားအဟေဇာ ဧကဒသမရက် အာရှာ သြကရန်၏သားပါဂျေလ ဒွါဒသမရက် နဿလိ ဧနန်၏သားအဟိရ သူတို့တစ်ဦးစီဆက်သသောပူဇော်သကာ များသည် ထပ်တူထပ်မျှဖြစ်၏။ ယင်းတို့မှာ တရားဝင်ချင်တွယ်နည်းအရအောင်စငါး ဆယ်အလေးချိန်ရှိ ငွေဖလားတစ်လုံးနှင့် အောင်စသုံးဆယ်အလေးချိန်ရှိငွေအင်တုံ တစ်လုံး (ယင်းငွေခွက်နှစ်ခုစလုံးတွင် ဘောဇဉ် သကာအတွက်ဆီနှင့်ရောသောမုန့်ညက်အပြည့် ပါရှိသည်။) နံ့သာပေါင်းအပြည့်ရှိသော အလေးချိန်လေးအောင်စရှိရွှေလင်ပန်း တစ်ချပ်၊ မီးရှို့ရာယဇ်အတွက်နွားထီးပေါက် တစ်ကောင်၊ သိုးထီးတစ်ကောင်နှင့်တစ်နှစ်သား သိုးကလေးတစ်ကောင်၊ အပြစ်ဖြေရာယဇ် အတွက်ဆိတ်တစ်ကောင်၊ မိတ်သဟာယယဇ် အတွက်နွားထီးနှစ်ကောင်၊ သိုးထီးငါး ကောင်၊ ဆိတ်ငါးကောင်နှင့်တစ်နှစ်သားသိုး ကလေးငါးကောင်စသည်တို့ဖြစ်သည်။ Garrad Bible ပ ထ မ နေ့၌ ယု ဒ အ နွယ်၊ အ မိ န ဒပ် သား နာ ရှုန် ဆက် သွင်း လှူ ဒါန်း သော ဝ တ္ထု များ ကား၊ Judson Bible ထိုသို့နှင့်အညီ၊ ပထမနေ့၌ ယုဒအမျိုး၊ အမိနဒပ်သားနာရှုန်သည် ဆက်သော ပူဇော်သကာဟူမူကား၊ |
အစ္စရေးသည် ထိုပြည်၌နေထိုင်စဉ် ရုဗင်သည်သွား၍ မိမိဖခင်၏မယားငယ်ဗိလဟာနှင့်အိပ်လေ၏။ အစ္စရေးသည် ထိုအကြောင်းကို ကြား၏။ ယာကုပ်၌ သားတစ်ဆယ့်နှစ်ယောက်ရှိ၏။
လေအာ၏သားများမှာ ရုဗင်(ယာကုပ်၏သားဦး)၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန် တို့ဖြစ်ကြ၏။
လူမျိုးတို့သည် ရှိလောကိုနာခံကြလိမ့်မည်။ သူမရောက်လာမီတိုင်အောင် ရာဇလှံတံသည် ယုဒထံမှ ထွက်သွားမည်မဟုတ်၊ ကျိုင်းသည်လည်း သူ့ခြေထောက်ကြားမှထွက်သွားမည်မဟုတ်။
ယုဒ၊ သင့်ညီအစ်ကိုတို့သည် သင့်ကိုချီးမွမ်းကြလိမ့်မည်။ သင်၏လက်သည် သင့်ရန်သူတို့လည်ပင်းပေါ်၌ရှိလိမ့်မည်။ သင့်ဖခင်၏သားတို့သည် သင့်ရှေ့၌ ပျပ်ဝပ်ကြလိမ့်မည်။
သင်တို့ကိုကူညီမည့်သူတို့၏အမည်များကား ရုဗင်အမျိုးမှ ရှေဒုရ၏သား ဧလိဇုရ၊
ယုဒ၏သားမြေးတို့သည် မိမိတို့တပ်ဖွဲ့အလိုက် တပ်စခန်းအလံနှင့်တကွ ရှေ့ဆုံးမှ ခရီးပြုကြ၏။ ထိုတပ်ဖွဲ့ကို အမိနဒပ်၏သား နာရှုန် ဦးစီး၏။
ယုဒတပ်စခန်း၏အလံနားရှိ ယုဒတပ်ဖွဲ့သည် အရှေ့ဘက် နေထွက်ရာအရပ်၌ စခန်းချရမည်။ အမိနဒပ်၏သား နာရှုန်သည် ယုဒအမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။
အကြောင်းမှာ ထာဝရဘုရားက မောရှေအား “ခေါင်းဆောင်တို့သည် ယဇ်ပလ္လင်ဆက်ကပ်ခြင်းအတွက် တစ်နေ့လျှင်တစ်ယောက် မိမိတို့၏ပူဇော်သက္ကာကို ယူဆောင်လာရမည်”ဟု မိန့်တော်မူခဲ့၏။
သူ၏ပူဇော်သက္ကာများမှာ ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်အပြည့်ပါသည့် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ အလေးချိန်ရှယ်ကယ်တစ်ရာ့သုံးဆယ်ရှိသော ငွေလင်ပန်းတစ်ချပ်နှင့် ရှယ်ကယ်ခုနစ်ဆယ်ရှိသော ငွေဇလုံတစ်လုံး၊
အာရံသည် သားအမိနဒပ်ကိုရ၏။ အမိနဒပ်သည် သားနာရှုန်ကိုရ၏။ နာရှုန်သည် သားစာလမုန်ကိုရ၏။
ဒါဝိဒ်သည် ယေရှဲ၏သား၊ ယေရှဲသည် ဩဗက်၏သား၊ ဩဗက်သည် ဗောဇ၏သား၊ ဗောဇသည် စာလမုန်၏သား၊ စာလမုန်သည် နာရှုန်၏သား၊