နာဇရိလူအဖြစ် မိမိကိုယ်မိမိ သီးခြားထားသည့်ကာလပတ်လုံး စပျစ်သီးအစေ့အခွံမှစ၍ စပျစ်ပင်မှထွက်သောမည်သည့်အရာကိုမျှ မစားရ။
သူသည်နာဇရိဂိုဏ်းဝင်အဖြစ်ဖြင့်ရှိနေ သမျှကာလပတ်လုံးစပျစ်သီးစေ့၊ စပျစ် သီးခွံမှစ၍စပျစ်ပင်မှရသမျှကိုမ စားရ။
သီး ခြား နေ သ မျှ ကာ လ ပတ် လုံး အ စေ့ အ ခွံ မှ စ၍ စ ပျစ် ပင် နှင့် စပ် လျဉ်း သ မျှ ကို မ သုံး ဆောင် ရ။
ခြားနားလျက်နေသောကာလပတ်လုံး စပျစ်သီးအဆန်၊ စပျစ်သီးအခွံမှစ၍ စပျစ်ပင်ကဖြစ်သမျှကို မစားရ။
ဤသည်ကား နာဇရိလူနှင့်ဆိုင်သောတရားဖြစ်၏။ နာဇရိလူသည် မိမိတတ်နိုင်သောအရာအပြင် မိမိကိုယ်မိမိ ထာဝရဘုရားထံ ပူဇော်ရန် ကတိသစ္စာပြုထားသောသူဖြစ်၍ ကတိသစ္စာပြုထားသည်နှင့်အညီ နာဇရိလူဖြစ်ခြင်းနှင့်ဆိုင်သောတရားအတိုင်း ပြုကျင့်ရမည်”ဟု မိန့်တော်မူ၏။
စပျစ်ဝိုင်နှင့်သေရည်သေရက်တို့ကို ရှောင်ရမည်။ အချဉ်ဖောက်ထားသောစပျစ်ဝိုင်ဖြစ်စေ၊ အချဉ်ဖောက်ထားသောသေရည်သေရက်ဖြစ်စေ မသောက်ရ။ စပျစ်သီးဖျော်ရည်မှန်သမျှကိုလည်း မသောက်ရ။ စပျစ်သီး အစိုဖြစ်စေ၊ အခြောက်ဖြစ်စေ မစားရ။
မိမိကိုယ်မိမိနာဇရိလူအဖြစ် ကတိသစ္စာပြုသည့်ကာလပတ်လုံး မိမိ၏ခေါင်းကိုမရိတ်ရ။ ထာဝရဘုရားအတွက် မိမိကိုယ်မိမိ သီးခြားထားသည့်ကာလမပြည့်မီတိုင်အောင် သန့်ရှင်းသောသူဖြစ်ရမည်။ မိမိဆံပင်ကို အရှည်ထားရမည်။
သူသည် စပျစ်ပင်မှထွက်သောအရာဟူသမျှကို မစားရ။ စပျစ်ဝိုင်ဖြစ်စေ၊ သေရည်သေရက်ဖြစ်စေ မသောက်ရ။ မစင်ကြယ်သောအရာတစ်စုံတစ်ခုမျှ မစားရ။ ငါမှာထားသမျှအတိုင်း လိုက်နာရမည်”ဟု ဆို၏။