ထာဝရဘုရားက ကြည့်ရှုလော့။ ယုဒဘုရင်ရှေ့၌ ဖတ်ပြခဲ့သောကျမ်းတွင် ရေးထားသောကျိန်စာရှိသမျှအတိုင်း ငါသည် ဤမြို့နှင့်မြို့သားတို့ကို ဘေးအန္တရာယ်နှင့် ကြုံတွေ့စေမည်။
တောလည် 5:23 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်သည် ထိုကျိန်ခြင်းကို စာလိပ်ပေါ်၌ ရေး၍ ခါးသောရေထဲ ဆေးချရမည်။ Common Language Bible ထိုနောက်ယဇ်ပုရောဟိတ်သည် ထိုကျိန်စာကို ရေးသား၍စာကိုရေခါးထဲတွင်ချေဖျက် ရမည်။- Garrad Bible ပ ရော ဟိတ် သည် ဤ အ မင်္ဂ လာ စ ကား များ ကို ပု ရ ပိုက် တွင် ရေး၍ နစ် နာ ခြင်း ရေ သို့ ဖျက် ထည့် ပြီး လျှင်၊ Judson Bible ယဇ်ပုရောဟိတ်သည်လည်း၊ ထိုအကျိန်တို့ကိုရေးမှတ်၍ တစ်ဖန် ရေခါးနှင့်ချေပြီးမှ၊ |
ထာဝရဘုရားက ကြည့်ရှုလော့။ ယုဒဘုရင်ရှေ့၌ ဖတ်ပြခဲ့သောကျမ်းတွင် ရေးထားသောကျိန်စာရှိသမျှအတိုင်း ငါသည် ဤမြို့နှင့်မြို့သားတို့ကို ဘေးအန္တရာယ်နှင့် ကြုံတွေ့စေမည်။
ငါပြောသောစကားများကို မည်သူနားထောင်ပေးမည်နည်း။ ကြည့်ကြပါ။ ငါလက်မှတ်ထိုးပြီဖြစ်၍ အနန္တတန်ခိုးရှင်သည် ငါ့စကားကိုနားညောင်းတော်မူပါစေသော။ ငါ့ကိုစွဲချက်တင်သောသူသည် စွဲချက်ကို ရေးမှတ်ပါစေသော။
အို ဘုရားသခင်၊ ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့်အညီ အကျွန်ုပ်ကိုသနားတော်မူပါ။ ကိုယ်တော်၏ကြီးမားသောသနားစုံမက်ခြင်းနှင့်အညီ အကျွန်ုပ်ကျူးလွန်သောအပြစ်များကို ပယ်ဖျက်တော်မူပါ။
အကျွန်ုပ်၏အပြစ်များမှ မျက်နှာတော်လွှဲ၍ အကျွန်ုပ်၏ဒုစရိုက်အားလုံးကို ပယ်ဖျက်တော်မူပါ။
ထိုအခါ ထာဝရဘုရားက မောရှေအား “အာမလက်လူမျိုးတို့ကို ကောင်းကင်အောက်တွင် အမှတ်ရစရာမျှမကျန်အောင် ငါဖျောက်ဖျက်ပစ်မည်ဖြစ်၍ ဤအမှုကို အောက်မေ့ဖွယ်အဖြစ် ကျမ်းစာလိပ်၌ ရေးမှတ်ထားပြီး ယောရှုရှေ့၌ ဖတ်ပြလော့”ဟု မိန့်တော်မူ၏။
ငါကိုယ်တော်တိုင် သင်ကျူးလွန်သောအပြစ်တို့ကို ငါ့အဖို့ ငါပယ်ဖျက်၏။ သင်၏အပြစ်တို့ကို ငါအောက်မေ့မည်မဟုတ်။
သင်ကျူးလွန်သောအပြစ်တို့ကို တိမ်တိုက်ကဲ့သို့လွင့်စဉ်သွားစေပြီ။ သင်၏အပြစ်တို့ကို မိုးတိမ်ကဲ့သို့လွင့်စဉ်သွားစေပြီ။ သင့်ကိုငါရွေးနုတ်ပြီဖြစ်၍ ငါ့ထံသို့ပြန်လာလော့”ဟု မိန့်တော်မူ၏။
ကျိန်ခြင်းကိုဖြစ်စေသည့် ဤရေသည် သင်၏ကိုယ်ထဲသို့ဝင်၍ ဝမ်းကိုဖောရောင်စေပြီး ပေါင်ကိုချည့်နဲ့စေပါစေဟု ယဇ်ပုရောဟိတ်သည် သင့်ကို ကျိန်စာတိုက်မည်’ဟု ဆိုရမည်။ ထိုမိန်းမကလည်း ‘အာမင်၊ အာမင်’ဟု ဆိုရမည်။
ထို့နောက် ကျိန်ဆဲခြင်းကိုဖြစ်စေသည့်ခါးသောရေကို ထိုမိန်းမအားတိုက်ရမည်။ ကျိန်ဆဲခြင်းကိုဖြစ်စေသည့်ရေသည် ထိုမိန်းမထဲသို့ဝင်သွားသောအခါ ခါးသီးခြင်းကို ဖြစ်စေလိမ့်မည်။
ထို့ကြောင့် သင်တို့၏အပြစ်များ ပယ်ဖျက်ခြင်းခံရစေရန် နောင်တရလျက် ပြောင်းလဲကြလော့။
ယခု ဤသီချင်းကိုရေးထား၍ အစ္စရေးအမျိုးသားတို့ကိုသင်ကြားပေးလော့။ ဤသီချင်းသည် အစ္စရေးအမျိုးသားတို့ကို ဆန့်ကျင်သည့်သက်သေဖြစ်သောကြောင့် သူတို့ကို အလွတ်ရွတ်ဆိုစေလော့။
တစ်ဖန် သေလွန်သောသူအကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့၌ရပ်နေကြသည်ကို ငါမြင်ရ၏။ စာစောင်များကိုဖွင့်ထား၍ အသက်စာစောင်တည်းဟူသော အခြားသောစာစောင်ကိုလည်းဖွင့်ထား၏။ သေလွန်သောသူတို့သည် ထိုစာစောင်များတွင်ရေးထားသည့်အတိုင်း မိမိတို့ပြုသောအမှုများနှင့်အညီ တရားစီရင်ခြင်းကိုခံရကြ၏။