ထို့နောက် ထာဝရဘုရားက မောရှေအား မိန့်မှာထားတော်မူသည့်အတိုင်း လေဝိအမျိုးတို့သည် ဘုရားသခင်၏သေတ္တာတော်ကို ထမ်းပိုးတို့နှင့် ပခုံးပေါ်တင်ထမ်းကာ သယ်ဆောင်လာကြ၏။
တောလည် 4:5 - မြန်မာ့စံမီသမ္မာကျမ်း တပ်စခန်းရွှေ့ပြောင်းချိန်ရောက်သောအခါ အာရုန်နှင့်သူ၏သားတို့သည်ဝင်လာ၍ ကန့်လန့်ကာကိုဖြုတ်သိမ်းပြီးလျှင် ထိုကန့်လန့်ကာဖြင့် သက်သေခံချက်သေတ္တာတော်ကို ဖုံးအုပ်ရမည်။ Common Language Bible ထာဝရဘုရားသည်မောရှေအားအောက်ပါ ညွှန်ကြားချက်များကိုပေးတော်မူ၏။ စခန်း သိမ်းချိန်ရောက်လျှင်အာရုန်နှင့်သူ၏သားတို့ သည်တဲတော်ထဲသို့ဝင်၍ ပဋိညာဉ်သေတ္တာ တော်ရှေ့တွင်ရှိသောကန့်လန့်ကာကိုဖြုတ် ပြီးလျှင်၎င်းနှင့်သေတ္တာတော်ကိုအုပ်ရမည်။- Garrad Bible ကော ဟတ် သား တို့ တာ ဝန် မှာ အာ ရုန် နှင့် သား တို့ သည် တပ် တော် ထွက် ချီ တိုင်း ဝင်၍ ဖြုတ် ချ သော ကာ ရန် ကန့် လန့် ကာ ဖြင့် သက် သေ တော် သေ တ္တာ ကို ထုတ် ပြီး လျှင်၊ Judson Bible တပ်ချီချိန်ရောက်သောအခါ၊ အာရုန်နှင့် သူ၏သားတို့သည်လာ၍၊ အတွင်းကုလားကာကိုချပြီးလျှင်၊ သက်သေခံချက်သေတ္တာကို အုပ်ရမည်။ |
ထို့နောက် ထာဝရဘုရားက မောရှေအား မိန့်မှာထားတော်မူသည့်အတိုင်း လေဝိအမျိုးတို့သည် ဘုရားသခင်၏သေတ္တာတော်ကို ထမ်းပိုးတို့နှင့် ပခုံးပေါ်တင်ထမ်းကာ သယ်ဆောင်လာကြ၏။
လေဝိအမျိုးတို့သည်လည်း ကိန်းဝပ်တော်မူရာတဲတော်နှင့် အမှုတော်ထမ်းဆောင်ရာတွင်သုံးသော တဲတော်၏အသုံးအဆောင်တို့ကို သယ်ဆောင်ရတော့မည်မဟုတ်”ဟု မိန့်ဆို၏။
ကန့်လန့်ကာကိုလည်း အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ ကြက်သွေးရောင်ချည်နှင့် ချည်ချောများဖြင့် ရက်လုပ်၏။ ထိုကန့်လန့်ကာတွင် ခေရုဗိမ်ရုပ်များကို ပုံဖော်ရက်လုပ်ထား၏။
အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ခေရုဗိမ်ရုပ်ကို လက်ရာမြောက်စွာပုံဖော်ထားသော ကန့်လန့်ကာကိုလုပ်၏။
ကိန်းဝပ်တော်မူရာဌာနထဲ၌ သက်သေခံချက်သေတ္တာတော်ကို ထားပြီးလျှင် ထိုသေတ္တာတော်ကို ကန့်လန့်ကာဖြင့် ကာရမည်။
နံ့သာပေါင်းရွှေယဇ်ပလ္လင်ကို သက်သေခံချက်သေတ္တာတော်၏ရှေ့၌ထားရမည်။ ကိန်းဝပ်တော်မူရာတဲတော်၏အဝင်ဝ၌ လိုက်ကာတပ်ရမည်။
ကိုယ်တော်သည် လူအားလုံးတို့ကို ဖုံးအုပ်သောအဝတ်စ၊ တိုင်းနိုင်ငံအားလုံးတို့အပေါ် လွှမ်းထားသောခြုံထည်တို့ကို ဤတောင်ပေါ်တွင် ဖျက်ဆီးတော်မူမည်။
“ငါသည် ကရုဏာတော်ပလ္လင်အထက်တွင် မိုးတိမ်အားဖြင့်ထင်ရှားမည်ဖြစ်၍ သင်၏အစ်ကိုအာရုန်မသေရမည့်အကြောင်း သေတ္တာပေါ်ရှိ ကရုဏာတော်ပလ္လင်ရှေ့၊ ကန့်လန့်ကာအတွင်းဘက်ရှိ သန့်ရှင်းရာဌာနထဲသို့ အချိန်မရွေး ဝင်ထွက်သွားလာခြင်းမပြုရန် သူ့အားပြောလော့။
ယုဒ၏သားမြေးတို့သည် မိမိတို့တပ်ဖွဲ့အလိုက် တပ်စခန်းအလံနှင့်တကွ ရှေ့ဆုံးမှ ခရီးပြုကြ၏။ ထိုတပ်ဖွဲ့ကို အမိနဒပ်၏သား နာရှုန် ဦးစီး၏။
တပ်စခန်းရွှေ့ပြောင်းချိန်ရောက်၍ အာရုန်နှင့် သူ၏သားတို့သည် သန့်ရှင်းရာဌာနနှင့် သန့်ရှင်းရာဌာန၏တန်ဆာပလာရှိသမျှတို့ကို ဖုံးအုပ်ပြီးနောက်တွင် ကောဟတ်သားမြေးတို့သည် ၎င်းတို့ကို လာ၍သယ်ဆောင်ရမည်။ သူတို့သည် သန့်ရှင်းသောအရာကို မထိရ။ ထိမိလျှင် သေကြရလိမ့်မည်။ ဤသည်ကား တွေ့ဆုံစည်းဝေးရာတဲတော်၌ ကောဟတ်သားမြေးတို့ ဆောင်ရွက်ရသောအမှုဖြစ်၏။
တွေ့ဆုံစည်းဝေးရာတဲတော်၌ ကောဟတ်သားမြေးတို့လုပ်ရမည့်အလုပ်ကား အထူးသန့်ရှင်းသောအရာများနှင့်ဆိုင်သောအလုပ် ဖြစ်၏။
ကောဟတ်သားမြေးတို့ကိုမူကား မပေးအပ်ချေ။ အကြောင်းမှာ သူတို့သည် သန့်ရှင်းသောအရာတို့ကို တာဝန်ယူရ၍ ၎င်းတို့ကို ပခုံးဖြင့် ထမ်းရသောကြောင့်ဖြစ်၏။
ထိုအခါ ဗိမာန်တော်ကန့်လန့်ကာသည်အထက်စွန်းမှ အောက်စွန်းတိုင်အောင် နှစ်ခြမ်းကွဲသွားလေ၏။ မြေကြီးသည်လှုပ်၍ ကျောက်များသည် အက်ကွဲလေ၏။
မောရှေသည် ဤပညတ်တရားတော်ကို ရေးသား၍ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုသယ်ဆောင်သော လေဝိအမျိုးသားယဇ်ပုရောဟိတ်တို့နှင့် အစ္စရေးလူမျိုးသက်ကြီးဝါကြီးအပေါင်းတို့အား ပေးအပ်လေ၏။
ထိုသွေးတော်အားဖြင့် ကိုယ်တော်သည် မိမိကိုယ်ကာယတည်းဟူသော ကန့်လန့်ကာမှတစ်ဆင့် ငါတို့အတွက် အသက်ရှင်သည့်လမ်းသစ်ကို ပြင်ဆင်ပေးတော်မူ၏။
ဒုတိယကန့်လန့်ကာ၏နောက်တွင်မူကား အလွန်သန့်ရှင်းရာဌာနဟုခေါ်သောတဲတော်ရှိ၏။
ဗက်ရှေမက်မြို့သားတို့သည် ထာဝရဘုရား၏သေတ္တာတော်ထဲသို့ ကြည့်မိသောကြောင့် ကိုယ်တော်သည် မြို့သားအချို့တို့ကို ဒဏ်ခတ်တော်မူ၏။ လူငါးသောင်းခုနစ်ဆယ် ဒဏ်ခတ်ခံရလေ၏။ ထာဝရဘုရားသည် လူတို့ကို အမြောက်အမြားဒဏ်ခတ်တော်မူသောကြောင့် လူတို့ ငိုကြွေးမြည်တမ်းကြရလေ၏။