မျိုးနွယ်စုအလိုက် ကောဟတ်၏သားများကား အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလ တို့ဖြစ်ကြ၏။
တောလည် 4:2 - မြန်မာ့စံမီသမ္မာကျမ်း “လေဝိအမျိုးသားထဲမှ ကောဟတ်သားမြေးတို့တွင် Common Language Bible ``လေဝိအနွယ်ဝင်ကောဟတ်၏သားချင်းစုတွင်၊ Garrad Bible လေ ဝိ အ နွယ် သား တို့ အ နက် ကော ဟတ် သား တို့ တွင် အ သက် သုံး ဆယ် က ငါး ဆယ် အ ထိ တွေ့ ဆုံ ရာ တဲ တော် ကံ ကျွေး အ လုပ် ဝင် ၍ ဆောင် ရွက် သူ တို့ ကို အ ဆက် အ နွယ်၊ အိမ် ထောင် များ အ လိုက် စာ ရင်း ကောက် ကြ လော့။ Judson Bible လေဝိအမျိုး၊ ကောဟတ်အနွယ်သားတို့တွင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမီ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကိုဆောင်ခြင်းငှာ၊ အလုံးအရင်းဝင်သောသူအပေါင်းတို့ကို၊ ဘိုးဘအဆွေအမျိုးအလိုက် စာရင်းယူလော့။ |
မျိုးနွယ်စုအလိုက် ကောဟတ်၏သားများကား အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလ တို့ဖြစ်ကြ၏။
ကောဟတ်မှ အာမရံမျိုးနွယ်စု၊ ဣဇဟာမျိုးနွယ်စု၊ ဟေဗြုန်မျိုးနွယ်စု၊ ဩဇေလမျိုးနွယ်စုတို့ ဆင်းသက်လာ၏။ ဤသည်ကား ကောဟတ်မျိုးနွယ်စုများ ဖြစ်၏။
အသက်သုံးဆယ်အရွယ်မှ အသက်ငါးဆယ်အရွယ်အထိ တွေ့ဆုံစည်းဝေးရာတဲတော်၌ အမှုတော်ထမ်းဆောင်ရန်လာသောသူအပေါင်းတို့ကို သူတို့၏မျိုးနွယ်စုအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် လူဦးရေစာရင်းကောက်ယူလော့။