ဤသည်ကား သင်တို့နေထိုင်ရာအရပ်ရပ်၌ သင်တို့၏မျိုးဆက်အစဉ်အဆက်အတွက် ပြဋ္ဌာန်းထားသောစီရင်ထုံးဖွဲ့ချက်ဖြစ်၏။
သင်တို့သည်မည်သည့်အရပ်၌နေထိုင်သည် မဆို ဤပညတ်များကိုထာဝစဉ်စောင့်ထိန်း ကြရမည်။
ထို အ ချက် များ သည် သင် တို့ အ မျိုး အ စဉ် အ ဆက် နေ ရာ အ ရပ် ရပ်၌ ထုံး ဖွဲ့ ဆုံး ဖြတ် ချက် ဖြစ် လိမ့် သ တည်း။
ဤရွေ့ကား၊ သင်တို့သည် နေလေရာရာ၌ သားမြေးအစဉ်အဆက်စောင့်ရသော စီရင်ထုံးဖွဲ့ချက်ဖြစ်သတည်း။
တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း သက်သေခံချက်ရှေ့ရှိ ကန့်လန့်ကာအပြင်ဘက်တွင် အာရုန်နှင့်သူ၏သားများသည် ထာဝရဘုရားရှေ့တော်၌ နေဝင်ချိန်မှ နံနက်တိုင်အောင် မီးထွန်းခြင်းအမှုကို စီစဉ်ပြင်ဆင်ရမည်။ ဤသည်ကား အစ္စရေးအမျိုးသားတို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။
လေဝိအမျိုးတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်၏အမှုကို ထမ်းဆောင်ရမည်။ သူတို့သည် ကိုယ်ပြုမိသောအပြစ်ကို ကိုယ်ခံရမည်။ ဤသည်ကား သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက် ဖြစ်၏။ သူတို့သည် အစ္စရေးအမျိုးသားတို့နှင့်အတူ အမွေမခံရ။
ယောသပ်၏သားဖြစ်သော မနာရှေမျိုးနွယ်စုထဲမှ မနာရှေ၏သားမှာ မာခိရ၊ မာခိရ၏သားမှာ ဂိလဒ်၊ ဂိလဒ်၏သားမှာ ဟေဖာ၊ ဟေဖာ၏သားမှာ ဇလောဖဒ် ဖြစ်၏။ ဇလောဖဒ်၏သမီးများကား မာလာ၊ နောအာ၊ ဟောဂလာ၊ မိလခါ၊ တိရဇာ ဖြစ်၏။ ဇလောဖဒ်၏သမီးတို့သည် လာ၍
သူ့ဖခင်၌ ညီအစ်ကိုမရှိလျှင် သူ၏အမွေကို သူ၏မျိုးနွယ်စုထဲမှ သူနှင့်သွေးသားတော်စပ်သူအား ပေး၍ ထိုသူသည် အမွေကိုပိုင်ဆိုင်ရမည်’ဟူ၍ ဆင့်ဆိုရမည်။ ဤသည်ကား မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အစ္စရေးအမျိုးသားတို့အတွက် ပြဋ္ဌာန်းထားသောစီရင်ထုံးဖွဲ့ချက်ဖြစ်၏”ဟု မိန့်တော်မူ၏။
သူသည် ယဇ်ပုရောဟိတ်မင်းကွယ်လွန်သည့်တိုင်အောင် ခိုလှုံရာမြို့၌ နေထိုင်ရမည်။ ယဇ်ပုရောဟိတ်မင်းကွယ်လွန်ပြီးမှ မိမိပိုင်ဆိုင်ရာမြေသို့ပြန်လာခွင့်ရှိ၏။