သွေးကြွေးအတွက်လက်စားချေပေးသောသူသည် သူ့ကို ခိုလှုံရာမြို့၏နယ်နိမိတ်အပြင်ဘက်၌ တွေ့၍ သူ့ကို သတ်လျှင် သွေးကြွေးအတွက်လက်စားချေပေးသောသူ၌ လူကိုသတ်သောအပြစ်မရှိ။
တောလည် 35:28 - မြန်မာ့စံမီသမ္မာကျမ်း သူသည် ယဇ်ပုရောဟိတ်မင်းကွယ်လွန်သည့်တိုင်အောင် ခိုလှုံရာမြို့၌ နေထိုင်ရမည်။ ယဇ်ပုရောဟိတ်မင်းကွယ်လွန်ပြီးမှ မိမိပိုင်ဆိုင်ရာမြေသို့ပြန်လာခွင့်ရှိ၏။ Common Language Bible သို့ရာတွင်လူသတ်မှုကူးလွန်သူသည် ထိုစဉ် ကအမှုထမ်းနေဆဲယဇ်ပုရောဟိတ်မင်း အနိစ္စရောက်သည်တိုင်အောင်သူခိုလှုံရာမြို့ တွင်နေထိုင်ရမည်။ ယဇ်ပုရောဟိတ်မင်းအနိစ္စ ရောက်ပြီးနောက် သူသည်မိမိ၏နေရပ်သို့ ပြန်နိုင်သည်။- Judson Bible အကြောင်းမူကား၊ ထိုသူသည် ယဇ်ပုရောဟိတ်မင်း မသေမီတိုင်အောင်၊ မိမိမှီခိုသောမြို့ထဲမှာ နေရမည်။ ယဇ်ပုရောဟိတ်မင်း သေသောနောက်မှ၊ ထိုသူသည် မိမိပိုင်သောမြေသို့ ပြန်ရသောအခွင့်ရှိ၏။ |
သွေးကြွေးအတွက်လက်စားချေပေးသောသူသည် သူ့ကို ခိုလှုံရာမြို့၏နယ်နိမိတ်အပြင်ဘက်၌ တွေ့၍ သူ့ကို သတ်လျှင် သွေးကြွေးအတွက်လက်စားချေပေးသောသူ၌ လူကိုသတ်သောအပြစ်မရှိ။
ဤသည်ကား သင်တို့နေထိုင်ရာအရပ်ရပ်၌ သင်တို့၏မျိုးဆက်အစဉ်အဆက်အတွက် ပြဋ္ဌာန်းထားသောစီရင်ထုံးဖွဲ့ချက်ဖြစ်၏။
ဗာနဗသည် ရောက်လာ၍ ဘုရားသခင်၏ကျေးဇူးတော်ကိုမြင်သောအခါ ဝမ်းမြောက်လျက် ထိုသူအပေါင်းတို့အား စိတ်နှလုံးခိုင်မြဲစွာဖြင့် သခင်ဘုရား၌ ဆက်လက်တည်နေကြရန် တိုက်တွန်းနှိုးဆော်လေ၏။
ပေါလုက တပ်မှူးနှင့်စစ်သားတို့အား “သင်္ဘောပေါ်တွင် ဤသူတို့သာမရှိလျှင် သင်တို့လွတ်မြောက်နိုင်မည်မဟုတ်”ဟု ပြောလေ၏။
သို့သော် ငါတို့သည် တွန့်ဆုတ်လျက် ပျက်စီးခြင်းသို့ရောက်သောသူများမဟုတ်ဘဲ ယုံကြည်လျက် အသက်ကိုပိုင်ဆိုင်သောသူများဖြစ်ကြ၏။
အကြောင်းမူကား ငါတို့သည် အစ၌ရှိသောစိတ်ချမှုကို အဆုံးတိုင်အောင် ခိုင်မြဲစွာစွဲကိုင်ထားလျှင် ခရစ်တော်နှင့်စပ်ဆိုင်သောသူများဖြစ်ကြ၏။