သူခိုးသည် ဖောက်ထွင်းစဉ် အဖမ်းခံရ၍ သူ့ကိုရိုက်နှက်သဖြင့် သူသေသွားလျှင် ရိုက်သောသူ၌ လူသတ်သောအပြစ်မရှိ။
တောလည် 35:27 - မြန်မာ့စံမီသမ္မာကျမ်း သွေးကြွေးအတွက်လက်စားချေပေးသောသူသည် သူ့ကို ခိုလှုံရာမြို့၏နယ်နိမိတ်အပြင်ဘက်၌ တွေ့၍ သူ့ကို သတ်လျှင် သွေးကြွေးအတွက်လက်စားချေပေးသောသူ၌ လူကိုသတ်သောအပြစ်မရှိ။ Common Language Bible သေဆုံးသူနှင့်သွေးတော်စပ်သူကတွေ့၍ သူ့ အားလက်စားချေသတ်ပစ်လျှင်ဤလက်စား ချေခြင်းသည်လူသတ်မှုမဟုတ်။- Garrad Bible ခို ဝင် ရာ မြို့ နယ် အ ပြင် သေ စား သေ စေ သူ တွေ့၍ သတ် လျှင် ပ ရော ဟိတ် မင်း မ လွန် မ ချင်း ခို ဝင် ရာ မြို့ တွင် တည် နေ ထိုက် သော ကြောင့် သွေး သွန်း ပြစ် ကင်း စေ။ ပ ရော ဟိတ် မင်း ကွယ် လွန် ပြီး မှ သာ ပိုင် ရာ မြေ သို့ လူ သတ် ပြန် ခွင့် ရ လိမ့် မည်။ Judson Bible သေစားသေစေသောသူသည် မြို့နယ်ပြင်မှာ ထိုသူကိုတွေ့၍သတ်လျှင်၊ လူအသက်ကိုသတ်သော အပြစ်မရှိ။ |
သူခိုးသည် ဖောက်ထွင်းစဉ် အဖမ်းခံရ၍ သူ့ကိုရိုက်နှက်သဖြင့် သူသေသွားလျှင် ရိုက်သောသူ၌ လူသတ်သောအပြစ်မရှိ။
လူသတ်မိသောသူသည် ထွက်ပြေးပြီး သွားရောက်ခိုလှုံနေသောမြို့၏နယ်နိမိတ်အပြင်ဘက်သို့ ထွက်သွားသဖြင့်
သူသည် ယဇ်ပုရောဟိတ်မင်းကွယ်လွန်သည့်တိုင်အောင် ခိုလှုံရာမြို့၌ နေထိုင်ရမည်။ ယဇ်ပုရောဟိတ်မင်းကွယ်လွန်ပြီးမှ မိမိပိုင်ဆိုင်ရာမြေသို့ပြန်လာခွင့်ရှိ၏။
သို့ပြုလျှင် အမွေအဖြစ် သင့်အား သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်ထဲ၌ အပြစ်မဲ့သောသူသည် အသက်ဆုံးရှုံးရမည်မဟုတ်။ အပြစ်မဲ့သောသူအား သတ်သောအပြစ်သည်လည်း သင့်အပေါ် ကျရောက်မည်မဟုတ်။
သို့မဟုတ်လျှင် လမ်းခရီးဝေးသဖြင့် သွေးကြွေးအတွက်လက်စားချေပေးသောသူသည် လူသတ်မိသောသူနောက်သို့ ဒေါသတကြီးလိုက်၍မီသောအခါ သူ့ကို အသေသတ်မိလိမ့်မည်။ အကယ်စင်စစ် ထိုလူသတ်မိသောသူသည် မိမိအိမ်နီးချင်းအပေါ် အမုန်းမရှိသောကြောင့် အသေမခံသင့်။