ဟာဒဒေဇာမင်းကြီး၏စစ်တပ်တစ်တပ်လုံးအား ဒါဝိဒ်မင်းကြီးချေမှုန်းလိုက်ကြောင်းကို ဟာမတ်ဘုရင်တောဣမင်းကြီးကြားလျှင်
တောလည် 34:8 - မြန်မာ့စံမီသမ္မာကျမ်း ဟောရတောင်မှ လီဘိုဟာမတ်အရပ်အထိ ပိုင်းခြား၍ ထိုမှ နယ်နိမိတ်သည် ဇေဒဒ်အရပ်အထိရောက်ရမည်။ Common Language Bible ထိုမှတစ်ဆင့်ဟာမတ်တောင်ကြားသို့လည်း ကောင်း ဖြတ်သွား၍ထိုမှတစ်ဖန်ဇေဒဒ်နှင့် ဇိဖြုန်ကိုဖြတ်ပြီးလျှင်ဟာဇရေနန်၌ အဆုံးသတ်ရမည်။ Garrad Bible ဟော ရ တောင် မှ ဟာ မတ် မြို့ လမ်း ဝ အ ထိ သတ် မှတ် လျက်၊ Judson Bible ထိုတောင်မှ ဟာမတ်လမ်းဝ၊ ဇေဒဒ်ရွာ၊ |
ဟာဒဒေဇာမင်းကြီး၏စစ်တပ်တစ်တပ်လုံးအား ဒါဝိဒ်မင်းကြီးချေမှုန်းလိုက်ကြောင်းကို ဟာမတ်ဘုရင်တောဣမင်းကြီးကြားလျှင်
ထိုအချိန်တွင်ပင် ရှောလမုန်မင်းကြီးသည် လီဘိုဟာမတ်အရပ်မှ အီဂျစ်မြစ်တိုင်အောင် အရပ်ရပ်မှရောက်လာသော အစ္စရေးလူအုပ်ကြီးနှင့်အတူ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ခုနစ်ရက်ပြီး နောက်ထပ်ခုနစ်ရက် စုစုပေါင်းတစ်ဆယ့်လေးရက်တိုင် ပွဲတော်ကျင်းပလေ၏။
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ဂိတ္တဟေဖာမြို့နေ အမိတ္တဲ၏သား မိမိအစေအပါးပရောဖက်ယောနအားဖြင့် မိန့်မှာတော်မူခဲ့သည့်စကားအတိုင်း ယေရောဗောင်မင်းကြီးသည် လီဘိုဟာမတ်မြို့မှ အရာဗပင်လယ်တိုင်အောင် အစ္စရေးနယ်နိမိတ်တစ်လျှောက်ကို ပြန်လည်သိမ်းယူခဲ့၏။
ဤသို့ဖြင့် ဒါဝိဒ်မင်းကြီးသည် ကိရယတ်ယာရိမ်မြို့ရှိ ဘုရားသခင်၏သေတ္တာတော်ကို ပြန်လည်သယ်ဆောင်လာရန် အီဂျစ်ပြည်၊ ရှိဟောရအရပ်မှ လီဘိုဟာမတ်အရပ်တိုင်အောင် အစ္စရေးလူမျိုးအားလုံးကို စုဝေးစေ၏။
ကာလနောမြို့သည် ကာခေမိတ်မြို့ကဲ့သို့၊ ဟာမတ်မြို့သည် အာပဒ်မြို့ကဲ့သို့၊ ရှမာရိမြို့သည် ဒမတ်စကပ်မြို့ကဲ့သို့ ဖြစ်သည်မဟုတ်လော။
ခါလဒဲစစ်သည်တို့ကလည်း သူတို့နောက်သို့လိုက်ရာ ဂျေရိခေါလွင်ပြင်တွင် ဇေဒကိမင်းကြီးကိုမီသဖြင့် သူ့ကိုဖမ်းပြီး ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးရှိရာ ဟာမတ်ပြည်၊ ရိဗလမြို့သို့ ခေါ်ဆောင်သွားကြ၍ ဘေဘီလုံဘုရင်သည် ဇေဒကိမင်းကြီးကို စီရင်ချက်ချလေ၏။
“အို အစ္စရေးအမျိုးအနွယ်တို့၊ ကြည့်ရှုလော့။ သင်တို့ကို ဆန့်ကျင်မည့်လူမျိုးတစ်မျိုးကို ငါပေါ်ထွန်းစေမည်။ သူတို့သည် သင်တို့ကို လီဘိုဟာမတ်မြို့မှ အရာဗလွင်ပြင်တိုင်အောင် လိုက်လံညှဉ်းဆဲကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား မိန့်တော်မူ၏။
ထိုသူတို့သည် တက်သွား၍ ဇိနတောကန္တာရမှ လီဘိုဟာမတ်အရပ်အနီး ရဟောဘအရပ်တိုင်အောင် ထိုပြည်ကို စူးစမ်းကြ၏။
ထိုမှ နယ်နိမိတ်သည် ဇိဖြုန်အထိဆက်သွား၍ ဟာဇရေနန်၌ ဆုံးရမည်။ ဤသည်ကား သင်တို့အဖို့ မြောက်ဘက်နယ်နိမိတ်ဖြစ်မည်။