တောလည် 33:7 - မြန်မာ့စံမီသမ္မာကျမ်း ဧသံအရပ်မှ ခရီးပြု၍ ဗာလဇေဖုန်အရပ်အရှေ့ဘက်ရှိ ပိဟဟိရုတ်အရပ်သို့ပြန်လှည့်ကာ မိဂဒေါလအရပ်အရှေ့ဘက်၌ စခန်းချကြ၏။ Common Language Bible တစ်ဖန်သူတို့သည်ဗာလဇေဖုန်စခန်း အရှေ့ရှိပိဟဟိရုတ်စခန်းသို့ပြန်လှည့် ကြပြီးလျှင် မိဂဒေါလစခန်းအနီး၌ ရပ်နားကြ၏။- Garrad Bible ဧ သံ မြို့ မှ ချီ ပြန်၍ ဗာ လ ဇေ ဖုန် မြို့ ရင် ဆိုင်၊ ပိ ဟ ဟိ ရုတ် မြို့ ကို လှည့် လျက် မိ ဂ ဒေါ လ မြို့ ရှေ့ တွင် စွဲ ရပ် ကြ၏။ Judson Bible ဧသံမြို့မှပြောင်း၍ ဗာလဇေဖုန်မြို့ရှေ့မှာရှိသော ပိဟဟိရုတ်မြို့သို့ တစ်ဖန်လည်၍ မိဂဒေါလမြို့ရှေ့၌ စခန်းချကြ၏။ |
“အစ္စရေးအမျိုးသားတို့သည်ပြန်လှည့်၍ မိဂဒေါလမြို့နှင့်ပင်လယ်အကြားရှိ ပိဟဟိရုတ်မြို့အရှေ့၊ ဗာလဇေဖုန်မြို့အရှေ့၌ စခန်းချရမည်။ ဗာလဇေဖုန်မြို့နှင့်မျက်နှာချင်းဆိုင် ပင်လယ်အနီး၌ စခန်းချရမည်ဟု သူတို့အား ဆင့်ဆိုလော့။
ထိုသို့ အီဂျစ်လူမျိုးတို့သည် သူတို့နောက်သို့လိုက်ကြရာ ဖာရောမင်းကြီး၏မြင်းရထားအပေါင်းတို့နှင့်တကွ မြင်းစီးသူရဲများ၊ စစ်သည်များသည် ပိဟဟိရုတ်မြို့အနီး၊ ဗာလဇေဖုန်မြို့အရှေ့၊ ပင်လယ်အနီး၌စခန်းချနေသော အစ္စရေးလူမျိုးတို့ကိုမီလေ၏။
ထိုပိဟဟိရုတ်အရပ်မှ ခရီးပြု၍ ပင်လယ်ကိုဖြတ်ပြီး တောကန္တာရသို့ ရောက်ကြ၏။ ဧသံတောကန္တာရထဲ၌ သုံးရက်ခရီးသွား၍ မာရအရပ်၌ စခန်းချကြ၏။