Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 14:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ထိုသို့ အီဂျစ်​လူမျိုး​တို့​သည် သူ​တို့​နောက်သို့​လိုက်​ကြ​ရာ ဖာရော​မင်းကြီး​၏​မြင်း​ရထား​အပေါင်း​တို့​နှင့်တကွ မြင်းစီးသူရဲ​များ​၊ စစ်သည်​များ​သည် ပိဟဟိရုတ်​မြို့​အနီး​၊ ဗာလဇေဖုန်​မြို့​အရှေ့​၊ ပင်လယ်​အနီး​၌​စခန်းချ​နေ​သော အစ္စရေး​လူမျိုး​တို့​ကို​မီ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ဘု​ရင်​၏​စစ်​တပ်၊ ရ​ထား​တပ်၊ မြင်း​တပ်​တို့ သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​နောက် သို့​လိုက်​ကြ​ရာ​တွင် ဗာ​လ​ဇေ​ဖုန်​မြို့​နှင့် ပိ​ဟ​ဟိ​ရုတ်​မြို့​အ​နီး​ပင်​လယ်​နီ​ကမ်း​နား ၌​စ​ခန်း​ချ​လျက်​ရှိ​သော​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​မီ​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ဖာ ရော မင်း၏ စစ် မြင်း၊ စစ် ရ ထား၊ မြင်း စီး သူ ရဲ စ သော အိ ဂျစ် ဗိုလ် ခြေ တို့ သည် လိုက် လံ၍ ပိ ဟ ဟိ ရုတ် မြို့ အ နီး ဗာ လ ဇေ ဖုန် မြို့ ရှေ့၊ ပင် လယ် ကမ်း ခြေ တွင် စွဲ ရပ် သော တပ် ကို မှီ ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ထို​သို့ ဖာ​ရော​ဘု​ရင်၏​မြင်း​တော်၊ ရ​ထား​တော်၊ မြင်း​စီး​သူ​ရဲ​ဗိုလ်​ပါ၊ အဲ​ဂု​တ္တု​လူ​အ​ပေါင်း​တို့​သည်​လိုက်၍ ပိ​ဟ​ဟိ​ရုတ်​မြို့​နား၊ ဗာ​လ​ဇေ​ဖုန်​မြို့​ရှေ့၌ ပင်​လယ်​ကမ်း​နား​မှာ​တပ်​ချ​လျက်​နေ​သော ဣ​သ​ရေ​လ​လူ​တို့​ကို မီ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 14:9
5 ပူးပေါင်းရင်းမြစ်များ  

ဘုရားသခင်​သည် ဤ​လူမျိုး​ကို ပင်လယ်နီ​ဘက်​မှ ကွေ့ဝိုက်​သော​တောကန္တာရ​လမ်း​ဖြင့် ပို့ဆောင်​တော်မူ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် စစ်အခင်းအကျင်း​ဖြင့် အီဂျစ်​ပြည်​ထဲမှ​ထွက်သွား​ကြ​၏​။


“​အစ္စရေး​အမျိုးသား​တို့​သည်​ပြန်လှည့်​၍ မိဂဒေါလ​မြို့​နှင့်​ပင်လယ်​အကြား​ရှိ ပိဟဟိရုတ်​မြို့​အရှေ့​၊ ဗာလဇေဖုန်​မြို့​အရှေ့​၌ စခန်းချ​ရ​မည်​။ ဗာလဇေဖုန်​မြို့​နှင့်​မျက်နှာချင်းဆိုင် ပင်လယ်​အနီး​၌ စခန်းချ​ရ​မည်​ဟု သူ​တို့​အား ဆင့်ဆို​လော့​။


ရန်သူ​က ‘​ငါ​လိုက်​မည်​။ သူ​တို့​ကို ငါ​မီ​မည်​။ တိုက်ယူ​သော​ပစ္စည်း​ကို​ခွဲဝေ​၍ ငါ့​စိတ်​အလို​ပြည့်​မည်​။ ငါ့​ဓား​ကို​ထုတ်​၍ သူ​တို့​ကို ငါ့​လက်​ဖြင့် ဖျက်ဆီး​မည်​’​ဟု ဆို​သောအခါ


ဧသံ​အရပ်​မှ ခရီးပြု​၍ ဗာလဇေဖုန်​အရပ်​အရှေ့​ဘက်​ရှိ ပိဟဟိရုတ်​အရပ်​သို့​ပြန်လှည့်​ကာ မိဂဒေါလ​အရပ်​အရှေ့​ဘက်​၌ စခန်းချ​ကြ​၏​။


ငါ​သည် သင်​တို့​၏​ဘိုးဘေး​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​၍ ပင်လယ်နီ​သို့ ရောက်​သောအခါ အီဂျစ်​လူမျိုး​တို့​သည် စစ်ရထား​၊ မြင်းစီးသူရဲ​တို့​ဖြင့် ထို​ပင်လယ်​တိုင်အောင် သင်​တို့​ဘိုးဘေး​တို့​နောက်သို့​လိုက်​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ