အိမ်ထဲ၌ရှိသောဥစ္စာပစ္စည်းအားလုံးကို သိမ်းယူသွား၏။ ကလေးနှင့်မိန်းမတို့ကိုလည်း တစ်ယောက်မကျန် ဖမ်းဆီးခေါ်ဆောင်သွားကြ၏။
တောလည် 31:9 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့သည် မိဒျန်အမျိုးသမီးများနှင့် သူတို့၏ကလေးများကို ဖမ်းဆီးခေါ်ဆောင်သွားကြ၏။ သူတို့၏သိုးနွားတိရစ္ဆာန်အားလုံး၊ ဥစ္စာပစ္စည်းအားလုံးကိုလည်း သိမ်းယူကြ၏။ Common Language Bible ဣသရေလအမျိုးသားတို့သည် မိဒျန် အမျိုးသမီးနှင့် ကလေးများကိုသုံ့ပန်း အဖြစ်ဖမ်းဆီး၍သူတို့၏သိုး၊ နွား တိရစ္ဆာန်တို့နှင့်တကွပစ္စည်းဥစ္စာရှိသမျှ ကိုသိမ်းယူလေ၏။- Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ သည် မိ ဒျန် မိန်း မ များ၊ သူ ငယ် များ ကို သုံ့ ဘမ်း လျက် နွား၊ သိုး၊ ဆိတ် နှင့် ပ စ္စည်း ရှိ သ မျှ ကို လက် ရ သိမ်း လျက်၊ Judson Bible ဣသရေလအမျိုးသားတို့သည်၊ မိဒျန်မိန်းမများ၊ သူငယ်များတို့ကို လက်ရသိမ်းယူ၍၊ သိုး၊ ဆိတ်၊ နွားအစရှိသော ဥစ္စာအလုံးစုံတို့ကို လုယူကြ၏။ |
အိမ်ထဲ၌ရှိသောဥစ္စာပစ္စည်းအားလုံးကို သိမ်းယူသွား၏။ ကလေးနှင့်မိန်းမတို့ကိုလည်း တစ်ယောက်မကျန် ဖမ်းဆီးခေါ်ဆောင်သွားကြ၏။
တိရစ္ဆာန်ထိန်းကျောင်းသူတို့၏တဲများကိုလည်း တိုက်ခိုက်၍ သိုးနှင့်ကုလားအုတ်မြောက်မြားစွာကိုလည်း သိမ်းယူနိုင်ခဲ့၏။ ထို့နောက် ဂျေရုဆလင်မြို့သို့ ပြန်သွားကြလေ၏။
ထို့ကြောင့် သူ၏ဘုရားသခင်ထာဝရဘုရားသည် သူ့ကို ဆီးရီးယားဘုရင်လက်သို့ အပ်လိုက်တော်မူ၏။ ဆီးရီးယားလူမျိုးတို့သည် သူ့ကိုအောင်နိုင်ပြီး သုံ့ပန်းအမြောက်အမြားကို ဒမတ်စကပ်မြို့သို့ ဖမ်းဆီးခေါ်ဆောင်သွား၏။ သူသည် အစ္စရေးဘုရင်လက်သို့လည်း အပ်လိုက်ခြင်းခံရသဖြင့် ထိုဘုရင်သည် သူ့ကို အပြင်းအထန်တိုက်ခိုက်ချေမှုန်းလေ၏။
သူတို့နေထိုင်ရာမြို့အားလုံး၊ သူတို့၏တပ်စခန်းအားလုံးကို မီးရှို့ပစ်ကြ၏။
ယောက်ျားအားလုံးကိုသတ်သည့်အပြင် ဧဝိ၊ ရေကင်၊ ဇုရ၊ ဟုရ၊ ရေဘစသော မိဒျန်ဘုရင်ငါးပါးကိုလည်းသတ်၏။ ဗောရ၏သား ဗာလမ်ကိုလည်း ဓားဖြင့်သတ်လေ၏။
သို့သော် မိန်းမ၊ ကလေး၊ တိရစ္ဆာန်များမှစ၍ ထိုမြို့မှတိုက်ယူသောပစ္စည်းရှိသမျှတို့ကို သင်တို့သိမ်းယူရမည်။ သင့်အား သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသော ရန်သူတို့ထံမှတိုက်ယူသောပစ္စည်းများကို သင်တို့ပိုင်ဆိုင်ခွင့်ရှိ၏။