စစ်သူရဲတို့သည် ကိုယ်စီကိုယ်င မိမိဥစ္စာကို သိမ်းယူကြ၏။
ရိုးရိုးတပ်သားတို့သည်မိမိတို့ရရှိသော ပစ္စည်းများကို ကိုယ်ပိုင်အတွက်သိမ်းဆည်း ထားကြ၏။-
သူ ရဲ အ သီး အ သီး တို့ ကား လက် ရ ဥ စ္စာ ကို ကိုယ့် အ ဖို့ သိမ်း ယူ ကြ ပြီ။
တပ်မှူးများ၊ ဗိုလ်များတို့သည် ထာဝရဘုရားအားပူဇော်သော ရွှေချိန်ပေါင်းကား၊ တစ်ရာခြောက်ဆယ်ခုနစ်ပိဿာနှင့် အကျပ်ငါးဆယ်ရှိသတည်း။
ထို့ကြောင့် ယောရှဖတ်မင်းကြီးနှင့် သူ၏လူတို့သည် တိုက်ရာပါပစ္စည်းများကို လာရောက်သိမ်းယူကြ၏။ အလောင်းများ၌ ပစ္စည်းဥစ္စာများ၊ အဖိုးတန်အသုံးအဆောင်များ အမြောက်အမြား တွေ့ရှိ၍ မိမိတို့အတွက် ချွတ်ယူကြ၏။ တိုက်ရာပါပစ္စည်း အလွန်များပြားသဖြင့် တစ်ချီတည်းမသယ်နိုင်။ သုံးရက်တိုင်တိုင် သယ်သွားကြရ၏။
စစ်သည်တို့တိုက်ခိုက်သိမ်းယူခဲ့သောပစ္စည်းထဲမှ လက်ရှိကျန်နေသောတိုက်ယူပစ္စည်းပေါင်းကား သိုး ခြောက်သိန်းခုနစ်သောင်းငါးထောင်၊
ထာဝရဘုရားထံ ထောင်တပ်မှူး၊ ရာတပ်မှူးတို့ ပေးလှူပူဇော်သည့် အလှူပစ္စည်းမှာ ရွှေစုစုပေါင်း တစ်သောင်းခြောက်ထောင်ခုနစ်ရာ့ငါးဆယ်ရှယ်ကယ် ရှိ၏။
အစ္စရေးအမျိုးသားတို့သည် မိဒျန်အမျိုးသမီးများနှင့် သူတို့၏ကလေးများကို ဖမ်းဆီးခေါ်ဆောင်သွားကြ၏။ သူတို့၏သိုးနွားတိရစ္ဆာန်အားလုံး၊ ဥစ္စာပစ္စည်းအားလုံးကိုလည်း သိမ်းယူကြ၏။
သို့သော် မိန်းမ၊ ကလေး၊ တိရစ္ဆာန်များမှစ၍ ထိုမြို့မှတိုက်ယူသောပစ္စည်းရှိသမျှတို့ကို သင်တို့သိမ်းယူရမည်။ သင့်အား သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသော ရန်သူတို့ထံမှတိုက်ယူသောပစ္စည်းများကို သင်တို့ပိုင်ဆိုင်ခွင့်ရှိ၏။