ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့် လူသားတို့၌ပြုတော်မူသော ကိုယ်တော်၏အံ့ဖွယ်သောအမှုများအတွက် သူတို့သည် ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြပါစေ။
တောလည် 31:50 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားရှေ့တော်၌ အကျွန်ုပ်တို့၏အသက်အတွက် အပြစ်ဖြေလွှတ်ခြင်းပြုရန် အကျွန်ုပ်တို့သည် အသီးသီး မိမိတွေ့ရှိသော ရွှေတန်ဆာလက်ပတ်၊ လက်ကောက်၊ လက်စွပ်၊ နားကပ်၊ ဆွဲကြိုး စသည်တို့ကို ပူဇော်သက္ကာအဖြစ် ထာဝရဘုရားထံ ယူဆောင်ခဲ့ပါ၏”ဟု လျှောက်ကြ၏။ Common Language Bible သို့ဖြစ်၍အကျွန်ုပ်တို့အသီးသီးသိမ်းယူ ရရှိသောရွှေတန်ဆာ၊ လက်ကောက်၊ ဘယက်၊ လက်စွပ်၊ နားဆွဲနှင့်လည်ဆွဲတို့ကိုကိုယ်တော် ထံသို့ယူဆောင်ခဲ့ကြပါသည်။ ထာဝရ ဘုရားသည်အကျွန်ုပ်တို့၏အသက်ကိုချမ်း သာပေးသောကြောင့် ထိုလက်ဝတ်တန်ဆာများ ကိုဆက်သပါသည်'' ဟုအစီရင်ခံကြ၏။- Garrad Bible ထို ကြောင့် ကိုယ် အ သက် ရွေး နုတ် သော အ ဖိုး အ ဖြစ် အ သီး အ သီး ရ သော ခြေ ကြိုး၊ လက် ကောက်၊ လက် စွပ်၊ နား တောင်း၊ လည် ဆွဲ၊ ရွှေ တန် ဆာ များ ကို ထာ ဝ ရ ဘု ရား ထံ တင် သွင်း လှူ ဒါန်း ကြ ပါ ပြီ ဟု လျှောက် ကြ သော်၊ Judson Bible ထိုကြောင့် ထာဝရဘုရားရှေ့တော်၌ အသက်အဖိုးကိုဖြေဖို့ရာ လူအသီးအသီးရသော ရွှေတန်ဆာ၊ လည်ဆွဲ၊ လက်ကောက်၊ လက်စွပ်၊ နားတောင်း၊ နှာခေါင်းဆွဲဘူးတို့ကို ထာဝရဘုရားအားပူဇော်လျက် ဆောင်ခဲ့ပါပြီဟု လျှောက်ဆိုလျှင်၊ |
ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့် လူသားတို့၌ပြုတော်မူသော ကိုယ်တော်၏အံ့ဖွယ်သောအမှုများအတွက် သူတို့သည် ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြပါစေ။
ငါ့အပေါ် ထာဝရဘုရားပြုတော်မူသော ကျေးဇူးအပေါင်းတို့အတွက် ကိုယ်တော်ကို ငါမည်သို့ပြန်ဆပ်နိုင်မည်နည်း။
အကျွန်ုပ်သည် ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ရှေ့တော်၌ပူဇော်၍ ထာဝရဘုရား၏နာမတော်ကို ခေါ်ပါမည်။
“သင်သည် အစ္စရေးအမျိုးသားတို့ကိုရေတွက်၍ လူဦးရေစာရင်းကောက်ရာ၌ သူတို့ကိုရေတွက်စဉ် သူတို့အပေါ်ဘေးဒဏ်မကျရောက်မည့်အကြောင်း သူတို့၏အသက်ရွေးနုတ်စရာအဖိုးအခကို ထာဝရဘုရားအား အသီးသီးပေးဆောင်ရမည်။
စေတနာစိတ်ရှိသော ယောက်ျားမိန်းမအပေါင်းတို့သည် ရင်ထိုး၊ နားကွင်း၊ လက်စွပ်၊ ဆွဲကြိုး စသည့်ရွှေတန်ဆာအမျိုးမျိုးတို့ကိုယူဆောင်လာကြ၏။ လူတိုင်း ထာဝရဘုရားထံ ချီလွှဲရာပူဇော်သက္ကာအဖြစ် ရွှေကို ချီလွှဲကြ၏။
အကြောင်းမူကား သတ္တဝါ၏အသက်သည် သွေး၌တည်၏။ ယဇ်ပလ္လင်ပေါ်၌ ထိုသွေးဖြင့် သင်တို့၏အပြစ်ဖြေလွှတ်ခြင်းကိုပြုရန်အတွက် ငါသတ်မှတ်ပေးပြီ။ အကယ်စင်စစ် သွေးသည် လူတို့၏အပြစ်ကိုဖြေလွှတ်ရန်အတွက်ဖြစ်၏။
“ကိုယ်တော်၏အစေအပါးတို့သည် ကိုယ့်လက်အောက်ရှိစစ်သည်တို့ကိုရေတွက်ရာတွင် တစ်ယောက်မျှမလျော့ပါ။
ထိုအခါ မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာတို့သည် ရွှေတန်ဆာအားလုံးကို သူတို့ထံမှခံယူလေ၏။