တောလည် 31:50 - Common Language Bible50 သို့ဖြစ်၍အကျွန်ုပ်တို့အသီးသီးသိမ်းယူ ရရှိသောရွှေတန်ဆာ၊ လက်ကောက်၊ ဘယက်၊ လက်စွပ်၊ နားဆွဲနှင့်လည်ဆွဲတို့ကိုကိုယ်တော် ထံသို့ယူဆောင်ခဲ့ကြပါသည်။ ထာဝရ ဘုရားသည်အကျွန်ုပ်တို့၏အသက်ကိုချမ်း သာပေးသောကြောင့် ထိုလက်ဝတ်တန်ဆာများ ကိုဆက်သပါသည်'' ဟုအစီရင်ခံကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible50 ထို ကြောင့် ကိုယ် အ သက် ရွေး နုတ် သော အ ဖိုး အ ဖြစ် အ သီး အ သီး ရ သော ခြေ ကြိုး၊ လက် ကောက်၊ လက် စွပ်၊ နား တောင်း၊ လည် ဆွဲ၊ ရွှေ တန် ဆာ များ ကို ထာ ဝ ရ ဘု ရား ထံ တင် သွင်း လှူ ဒါန်း ကြ ပါ ပြီ ဟု လျှောက် ကြ သော်၊ အခန်းကိုကြည့်ပါ။Judson Bible50 ထိုကြောင့် ထာဝရဘုရားရှေ့တော်၌ အသက်အဖိုးကိုဖြေဖို့ရာ လူအသီးအသီးရသော ရွှေတန်ဆာ၊ လည်ဆွဲ၊ လက်ကောက်၊ လက်စွပ်၊ နားတောင်း၊ နှာခေါင်းဆွဲဘူးတို့ကို ထာဝရဘုရားအားပူဇော်လျက် ဆောင်ခဲ့ပါပြီဟု လျှောက်ဆိုလျှင်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း50 ထာဝရဘုရားရှေ့တော်၌ အကျွန်ုပ်တို့၏အသက်အတွက် အပြစ်ဖြေလွှတ်ခြင်းပြုရန် အကျွန်ုပ်တို့သည် အသီးသီး မိမိတွေ့ရှိသော ရွှေတန်ဆာလက်ပတ်၊ လက်ကောက်၊ လက်စွပ်၊ နားကပ်၊ ဆွဲကြိုး စသည်တို့ကို ပူဇော်သက္ကာအဖြစ် ထာဝရဘုရားထံ ယူဆောင်ခဲ့ပါ၏”ဟု လျှောက်ကြ၏။ အခန်းကိုကြည့်ပါ။ |