မောရှေကလည်း လူတို့အား “မိဒျန်လူမျိုးအား ထာဝရဘုရားလက်တုံ့ပြန်ခြင်းအမှုကိုပြုရန် သင်တို့ထဲမှ လူအချို့ကို စစ်တိုက်ဖို့ လက်နက်ကိုင်စွဲစေပြီး မိဒျန်လူမျိုးတို့ထံသို့ ချီတက်စေလော့။
ထို့ကြောင့်မောရှေသည်ဣသရေလအမျိုးသား တို့အား``မိဒျန်အမျိုးသားတို့သည်ထာဝရ ဘုရားကိုပြစ်မှားကြသောကြောင့် သူတို့ကို တိုက်ခိုက်ချေမှုန်းရန်အသင့်ပြင်ကြလော့။-
လူ မျိုး တော် အား မော ရှေ က၊ မိ ဒျန် လူ မျိုး အ ပေါ်၌ ထာ ဝ ရ ဘု ရား လက် စား ချေ တော် မူ ခြင်း ကို ပြု အံ့ သော ငှါ သင် တို့ အ နက်၊
မောရှေသည်လည်း လူများတို့ကိုခေါ်၍၊ အချို့တို့သည် လက်နက်ကိုကိုင်လျက်၊ မိဒျန်အမျိုးသားတို့သို့စစ်ချီ၍ ထာဝရဘုရားဘက်၌ တရားစီရင်စေ။
ထာဝရဘုရားက ယေဟုအား “သင်သည် ငါ့ရှေ့၌ ဖြောင့်မတ်မှန်ကန်စွာ ပြုလေပြီ။ အာဟပ်မင်းမျိုးမင်းနွယ်ကို ငါပြုစေလိုသည့်အတိုင်း သင်ပြုသောကြောင့် သင်၏သားစဉ်မြေးဆက်လေးဆက်တိုင်တိုင် အစ္စရေးရာဇပလ္လင်ပေါ်တွင် စံမြန်းရလိမ့်မည်”ဟု မိန့်တော်မူ၏။
ယေဇဗေလလက်ဖြင့် သေဆုံးခဲ့ရသော ငါ့အစေအပါးပရောဖက်များ၊ ထာဝရဘုရား၏အစေအပါးများ အားလုံးတို့အတွက် ငါလက်တုံ့ပြန်မည်။ ထို့အတွက် သင်သည် သင့်သခင်အာဟပ်မင်းကြီး၏မင်းမျိုးမင်းနွယ်တို့ကို သုတ်သင်ပစ်ရမည်။
မောရှေက “လက်တစ်ဖက်သည် ထာဝရဘုရား၏ပလ္လင်တော်အပေါ် ဆန့်ထားလျက်ရှိသည်ဖြစ်၍ ထာဝရဘုရားသည် အာမလက်လူတို့ကို မျိုးဆက်အဆက်ဆက် စစ်တိုက်တော်မူလိမ့်မည်”ဟု ဆို၏။
ထိုနေ့ရက်သည် ရန်သူတို့ကို ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားရှင်ထာဝရဘုရား လက်တုံ့ပြန်ရာနေ့ဖြစ်၏။ ဓားသည် ရန်သူတို့ကို ကျေနပ်သည်အထိ ဝါးမျိုမည်။ သူတို့သွေးကို သောက်မည်။ မြောက်ဘက်အရပ်၊ ယူဖရေးတီးမြစ်နား၌ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအဖို့ ယဇ်ပူဇော်ပွဲကျင်းပလိမ့်မည်။
ဘေဘီလုံမြို့မှထွက်ပြေးလွတ်မြောက်လာသောသူတို့၏အသံကို ကြားရလေပြီ။ သူတို့သည် ငါတို့ဘုရားသခင် ထာဝရဘုရား လက်တုံ့ပြန်ခြင်းအကြောင်း၊ ဗိမာန်တော်အတွက် လက်တုံ့ပြန်ခြင်းအကြောင်းကို ဇိအုန်မြို့တွင် ကြွေးကြော်ကြလေပြီ။
ငါသည် ပဋိညာဉ်အလျောက် လက်တုံ့ပြန်သောဓားကို သင်တို့အပေါ် ကျရောက်စေမည်။ သင်တို့သည် သင်တို့၏မြို့များထဲ၌ စုဝေးကြသောအခါ သင်တို့အလယ်သို့ ကပ်ရောဂါဘေးကို ငါစေလွှတ်မည်။ သင်တို့သည် ရန်သူ၏လက်သို့ အပ်နှံခြင်းခံရလိမ့်မည်။
“ယဇ်ပုရောဟိတ်အာရုန်၏မြေးဖြစ်သော ဧလာဇာ၏သားဖိနဟတ်သည် အစ္စရေးအမျိုးသားတို့အပေါ် ငါသဝန်တိုသကဲ့သို့ သဝန်တိုသဖြင့် ငါ၏အမျက်ဒေါသကို သူတို့ထံမှလွှဲစေပြီ။ ထို့ကြောင့် သဝန်တိုသော်လည်း အစ္စရေးအမျိုးသားတို့ကို ငါမဖျက်ဆီးဘဲနေလေ၏။
ထာဝရယဇ်ပုရောဟိတ်အရိုက်အရာဆိုင်ရာပဋိညာဉ်သည် သူမှစ၍ နောင်လာမည့် သူ၏သားစဉ်မြေးဆက်အတွက်ဖြစ်၏။ အကြောင်းမူကား သူသည် မိမိ၏ဘုရားသခင်အစား သဝန်တို၍ အစ္စရေးအမျိုးသားတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသောကြောင့် ဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
အစ္စရေးအမျိုးအနွယ်အားလုံးထဲမှ အမျိုးအနွယ်တစ်နွယ်လျှင် အယောက်တစ်ထောင်စီကို စစ်ပွဲသို့ စေလွှတ်ရမည်”ဟု မိန့်ကြားလေ၏။
“အစ္စရေးလူမျိုးတွင် ခေါင်းဆောင်တို့ ဦးဆောင်၍ လူတို့သည်လည်း အသက်စွန့်ပြီး တိုက်ပွဲဝင်ကြသည်ဖြစ်၍ ထာဝရဘုရားကို ချီးမွမ်းကြလော့။
ထာဝရဘုရား၏ကောင်းကင်တမန်က ‘မေရောဇမြို့ကိုကျိန်ဆဲလော့။ ထိုမြို့၌နေထိုင်သောသူတို့ကို ကျိန်စာတိုက်လော့။ အကြောင်းမူကား သူတို့သည် ထာဝရဘုရားဘက် လာမကူကြ။ သူရဲကောင်းတို့နှင့်တိုက်ခိုက်သောထာဝရဘုရားဘက် လာမကူကြ’ဟု ဆို၏။