တစ်ဖန် ထာဝရဘုရားက မောရှေအား
ထာဝရဘုရားသည်မောရှေအား၊-
တစ် ဖန် မော ရှေ အား ထာ ဝ ရ ဘု ရား က၊ ဣ သ ရေ လ အ မျိုး သား တို့ အ တွက် မိ ဒျန်၊ လူ မျိုး အ ပေါ် တွင် လက် စား ချေ လော့။ ထို နောက် ဘိုး ဘေး တို့ ထံ သင် သွား ရ မည် ဟု မိန့် တော် မူ သည့် အ တိုင်း၊
တစ်ဖန် ထာဝရဘုရားက၊ မိဒျန်အမျိုးသားတို့သည် ဣသရေလအမျိုးသားတို့ကို ပြစ်မှားသောအပြစ်အလျောက် ဣသရေလအမျိုးသားဘက်၌နေ၍ တရားစီရင်လော့။ သို့ပြီးမှ သင်သည် မိမိလူမျိုးစည်းဝေးရာသို့ သွားရမည်ဟု မောရှေအားမိန့်တော်မူ၏။
ကိုယ်တော်၏လူမျိုးတော်တို့သည် ကိုယ်တော်စေရာလမ်းအတိုင်း ရန်သူတို့အား စစ်ထွက်တိုက်ရသောအခါ သူတို့သည် ကိုယ်တော်ရွေးချယ်တော်မူသောဤမြို့၊ ကိုယ်တော်၏နာမတော်အဖို့ အကျွန်ုပ်တည်ဆောက်သောအိမ်တော်ဘက်သို့ မျက်နှာမူပြီး ထာဝရဘုရားထံ ဆုတောင်းကြလျှင်
ထို့ကြောင့် မောဘလူမျိုးတို့သည် မိဒျန်လူမျိုးသက်ကြီးဝါကြီးတို့အား “နွားသည် ကွင်းပြင်မှမြက်ကို လာစားသကဲ့သို့ ယခု ဤလူအစုအဝေးသည် ငါတို့ပတ်ပတ်လည်၌ရှိသမျှကို လာစားလိမ့်မည်”ဟု ဆိုလေ၏။ ထိုကာလ၌ ဇိဖော်၏သားဗာလက်သည် မောဘပြည်၏ဘုရင်ဖြစ်၏။
“မိဒျန်လူမျိုးတို့ကို ရန်ပြု၍ သူတို့ကို သုတ်သင်ပစ်ရမည်။
ဤသည်ကား လင်နှင့်မယားအကြား၊ ဖခင်နှင့်ငယ်ရွယ်စဉ်ဖခင်အိမ်၌နေသောသမီးအကြား မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသော ပြဋ္ဌာန်းချက်များဖြစ်၏။
“အစ္စရေးအမျိုးသားတို့အတွက် မိဒျန်လူမျိုးကိုလက်တုံ့ပြန်လော့။ ထို့နောက်မှ သင်သည် မိမိလူမျိုးတို့စုစည်းရာသို့ သွားရမည်”ဟု မိန့်တော်မူ၏။
တစ်ဖန် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြုကြပြန်၏။ ထို့ကြောင့် ထာဝရဘုရားသည် သူတို့ကို မိဒျန်လူမျိုးတို့လက်သို့ ခုနစ်နှစ်အပ်လိုက်တော်မူ၏။