အကြောင်းမူကား ငါသည် ယဇ်ပူဇော်ခြင်းထက် မေတ္တာကရုဏာကို နှစ်သက်၏။ မီးရှို့ရာယဇ်ထက် ဘုရားသခင်နှင့်သိကျွမ်းခြင်းကို နှစ်သက်၏။
တောလည် 30:5 - မြန်မာ့စံမီသမ္မာကျမ်း သူ၏ဖခင် ကြားသောနေ့၌ သူ့ကိုဟန့်တားလျှင်မူကား သူ၏ကတိသစ္စာအားလုံး၊ မိမိကိုယ်မိမိ ချည်နှောင်သောကတိစကားအားလုံး မတည်ရ။ သူ၏ဖခင် သူ့ကိုဟန့်တားသောကြောင့် ထာဝရဘုရားသည် သူ့ကိုခွင့်လွှတ်တော်မူလိမ့်မည်။ Common Language Bible သို့ရာတွင်သူ၏ဖခင်ကြား၍တားမြစ်ပါမူ သူသည်ကတိသစ္စာအတိုင်းဆောင်ရွက်ရန်မ လို။ ဖခင်၏တားမြစ်မှုကြောင့်ကတိသစ္စာပျက် ခြင်းကိုထာဝရဘုရားခွင့်လွှတ်တော်မူမည်။ Garrad Bible အ ဘ သည် ကြား သော နေ့၌ မြစ် တား လျှင် မူ ကား သ စ္စာ ဝတ် ထား သ မျှ၊ ချုပ် တည်း ရန် ဝန် ခံ သ မျှ မ တည်။ အ ဘ မြစ် တား သည့် အ တွက် ထာ ဝ ရ ဘု ရား ချမ်း သာ ပေး တော် မူ မည်။ Judson Bible သို့မဟုတ် အဘသည်ကြားသောနေ့၌ မြစ်တားလျှင်၊ ထိုသစ္စာစကားမည်မျှ၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကားမည်မျှ မတည်ရ။ အဘမြစ်တားသောကြောင့်၊ ထာဝရဘုရား လွှတ်တော်မူမည်။ |
အကြောင်းမူကား ငါသည် ယဇ်ပူဇော်ခြင်းထက် မေတ္တာကရုဏာကို နှစ်သက်၏။ မီးရှို့ရာယဇ်ထက် ဘုရားသခင်နှင့်သိကျွမ်းခြင်းကို နှစ်သက်၏။
သူ၏ယောက်ျား ကြားသော်လည်း သူ့အား ဘာမျှမပြော၊ ဘာမျှမဟန့်တားလျှင် သူ၏ကတိသစ္စာအားလုံး၊ မိမိကိုယ်မိမိ ချည်နှောင်သောကတိစကားအားလုံး တည်လိမ့်မည်။
ထိုကတိသစ္စာပြုခြင်း၊ ကတိစကားဖြင့်မိမိကိုယ်မိမိ ချည်နှောင်ခြင်းကို သူ၏ဖခင်ကြားသော်လည်း ဘာမျှမပြောဘဲနေလျှင် သူ၏ကတိသစ္စာအားလုံး၊ မိမိကိုယ်မိမိ ချည်နှောင်သောကတိစကားအားလုံး တည်လိမ့်မည်။
ထိုမိန်းမသည် ယောက်ျားရပြီးမှ ကတိသစ္စာပြုလျှင်ဖြစ်စေ၊ စကားကိုအလျင်စလိုပြော၍ မိမိကိုယ်မိမိ ချည်နှောင်လျှင်ဖြစ်စေ
သူ၏ယောက်ျား ကြားသောနေ့၌ သူ့ကိုဟန့်တား၍ သူပြုထားသောကတိသစ္စာနှင့် အလျင်စလိုပြောသောစကားဖြင့် မိမိကိုယ်မိမိ ချည်နှောင်သောကတိစကားတို့ကို ပယ်ဖျက်လျှင်မူကား ထာဝရဘုရားသည် ထိုမိန်းမကိုခွင့်လွှတ်တော်မူလိမ့်မည်။
သားသမီးတို့၊ သခင်ဘုရား၌ သင်တို့၏မိဘစကားကို နားထောင်ကြလော့။ အကြောင်းမူကား ထိုသို့ပြုခြင်းသည် မှန်ကန်သောအမှုဖြစ်၏။